Social Icons

Friday, December 7, 2012

မြန်မာ့တပ်မတော်မှ လက်နက်ကြီးပစ်ခတ်ပြီး ခုခံစစ်ဆင်နွဲ

  • ဒီဇင်ဘာလ(၆)ရက် (၁၂)နာရီအချိန်တွင် ဆဒုံးတပ်စခန်းရှိ တပ်မ(၈၈)လက်အောက်ခံ စလေမြို့အခြေစိုက် ခမရ(၄၁၆) က KIA တပ်စခန်းရှိရာ ဘွမ်ဝါ(Bum Wa)သို့ ၈၁ မမ အမြောက်ဖြင့် (၂)ကြိမ်ပစ်ခတ်တိုက်ခိုက် ခဲ့သည်။
  • ဒီဇင်ဘာလ(၆)ရက် မွန်းလွဲ(၂)နာရီနှင့် (၄)နာရီကြား ဒေါ့ဖုန်းယန်မြို့အခြေစိုက် ခလရ(၁၄၂)တပ်ဖွဲ့သည် ခန်းကိုင်တောင်မှ KIA တပ်ဖွဲ့ရှိရာ မုန်ဒုန်(Mung Dung Dabang)ဘက်သို့ ၈၁ မမ အမြောက် (၁၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
  • ဒီဇင်ဘာလ(၆)ရက် ည(၇)နာရီခွဲအချိန်တွင် ဒေါ့ဖုန်းယန် အမြောက်တပ်ရင်း (၃၆၇)မှ KIA တပ်စခန်းရှိရာ Hpun Pyen Bum ဘက်သို့ ၁၂၀ မမ အမြောက်ဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဒေါ့ဖုန်းယန် မှ Hpun Pyen Bum သည် (၇)မိုင်ခန့် ကွာဝေးသည်။
  • ပန်ဝါဒေသသို့ တပ်ကူရောက်ရှိနေသော ခမရ(၁၃)တပ်ဖွဲ့သည် ဒီဇင်ဘာလ(၆)ရက်နေ့ မနက်(၉)နာရီမှ စတင်ကာ KIA တပ်စခန်းဘက်သို့ ၈၁ မမ ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ(၆)ရက် မနက်(၁၁)နာရီအချိန်တွင် မံစီမြို့နယ်၊ ဘလောင်ဒိန်ဆာ(Balawng Dingsa)တွင် တပ်စွဲနေသော ခမရ(၃၁၉)တပ်ဖွဲ့သည် KIA တပ်စခန်းရှိရာ လခွမ်ဘွမ်(Lahkum Bum)ဘက်သို့ ၈၁ မမ အမြောက် (၅)ကြိမ်

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .