မိုးမခ မှကူးယူဖေါပြသည်။
ယမန်နေ့ ကယ်လီဖိုးနီးယား စံတော်ချိန်၊ ညနေ ၆း၃၀ က
ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်အေမြို့တော်က ပရိသတ်တို့အတွက်
အထင်ရှားဆုံး နေကြပ်မှုကို ရှုစားနိုင်ခဲ့ကြပါတယ်။ အမေရိကန်ပြည်
ကယ်လီဖိုးနီးယားနဲ့ ဂျပန်ပြည်တို့မှာ ဒီနှစ်အတွက် ထင်ရှားနီးကပ်တဲ့
နေကြပ်မှုကို တွေ့ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားသူ အများအပြားက
ပြင်ပနဲ့ တောင်ကုန်း မြေမြင့်တို့ထံ ခရီးထွက် စုဝေးပြီး နေကြပ်တာကို
ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။
Griffith
Observatory ဆိုတဲ့ တောင်ပေါ်အာကာသကြည့်စခန်းမှာ လူ ၃
ထောင်စုဝေးပြီး နေကြပ်ခြင်းကို စောင့်ကြည့်ခဲ့ကြတယ် လို့သိရပါတယ်။
နေကြပ်တာ ထင်ထင်ရှားရှား အားဖြင့် နာရီဝက်ခန့် ကြာမြင့်အောင်
စောင့်ကြည့်နိုင်ပြီး လော့စ်အိန်ဂျလိစ်အတွက်တော့ နောင် ၅၉ နှစ်မှာ
နောင်တကြိမ် နေကြပ်တာကို ထပ်တွေ့မှာ ဖြစ်ပါတယ်။ အမေရိကန်က
မြောက်ပိုင်းပြည်နယ်တွေအတွက်ကတော့ ၂၀၁၇မှာ နေကြပ်တာ တကြိမ်
ထပ်တွေ့ရဦးမှာပါ။
(Photo – LA Times, Internet news)

No comments:
Post a Comment