Social Icons

Monday, May 21, 2012

လူ ၈ ယောက်ရဲ့ အသက်ကယ်ခဲ့တဲ့ အလှူရှင်မလေး

                                                                                                                              Monday, May 21, 2012  Eaint Than Zin by;irrawaddy

  

အသက် ၁၃ နှစ်အရွယ် Jemima Layzell ဆိုတဲ့ မိန်းကလေးငယ်လေးဟာ နေအိမ်မှာ ရုတ်တရက်လဲကျရာက ဦးနှောက် သွေးယိုစီးမှုဖြစ်ပွားကာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က Bristol Royal Hospital လို့ ခေါ်တဲ့ ကလေးဆေးရုံကြီးမှာ ဒေသ စံတော်ချိန် ညနေ ၄း၂၅၈ နာရီက သေဆုံးသွားခဲ့ပါတယ်။

သူရဲ့ ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို မိဘများက သူ့ဆန္ဒနဲ့ အညီ ဆေးရုံကို လှူဒါန်းမှုကြောင့် လူ ၈ ယောက်ရဲ့ အသက် ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် လူ၂ ယောက်ရဲ့ အမြင်အာရုံလည်း ပြန်လည်ကောင်းမွန်စေခဲ့ တယ်လို့ dailymail.co.uk သတင်းမှာ ဖော်ပြထားပါတယ်။

Jemima Layzell ဟာ ဗြိတိန်နိုင်ငံ Somerset ပြည်နယ် Horton မြို့က မိဘများနဲ့ အတူ သူ့ရဲ့ နေအိမ်မှာ ရုတ်တရက် လဲကျ သွားရာက ဆေးရုံကို ပို့လိုက်ရာ ဆေးရုံမှာဘဲ ဦးနှောက်ထဲက သွေးထွက်လွန်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ ရတာပါ။
အသက် ၅ နှစ်အရွယ်ရှိ ယောက်ျားလေး ၁ ယောက်အတွက် သူရဲ့ နှလုံး၊ အသက် ၁၄ နှစ် အရွယ် ယောက်ျားလေး ၁ ယောက် အတွက် သူ့ အဆုတ်တွေ၊ အသက် ၁ဝ လ ယောင်္ကျားလေးနဲ့ ငါးနှစ် အရွယ် ယောက်ျားလေးတို့အတွက် သူ့ အသည်း၊ အသက် ၂၄ နှစ်နဲ့ ၁၉ နှစ်အရွယ် လူနာ ၂ ယောက် အတွက် ကျောက်ကပ်၊ အသက် ၄၀ ရွယ် လူနာတဦး အတွက် သူ့ ပန်ကရိယ၊ အသက် ၃ နှစ် အရွယ် ယောင်္ကျားလေး ၁ ယောက်အတွက် သူ့ရဲ့ အူသိမ်တွေကို အသီးသီး လှူဒန်းခဲ့လို့ သူတို့တွေ အသက်ဆက်နိုင်ခဲ့ပါတယ်။
သူက ငယ်ငယ်လေးကတည်းက အနုပညာရှင် တယောက်အဖြစ် ထူးချွန်သလို စာရေးဆရာ တယောက်ဖြစ်ဖို့ ရည်မှန်းချက်ထားတဲ့အတွက် ကဗျာတွေ၊ သီချင်းတွေ၊ ၀တ္တုတွေနဲ့ အတွေးအခေါ်ဆိုင်ရာ စာများလည်း ရေးခဲ့ တယ်လို့ သူ့မိဘတွေက ပြောထားပါတယ်။
ဖခင်ဖြစ်သူ အသက် ၄၂ နှစ်ရှိ မစ္စတာ Harvey နဲ့ အသက် ၃၈ နှစ်ရှိတဲ့ သူ့မိခင် Sophy တို့က သူ့သမီးလေး အကြောင်း ဂုဏ်ယူဝံ့ကြွားစွာပဲ ပြောပြပေးနေခဲ့တာပါ။ ထူးခြားတာက Jemima Layzell ဟာ မသေခင်က တည်းက သေခြင်းတရား အကြောင်းတွေပြောခဲ့ပြီး သူသေသွားရင်လည်း သူ့ခန္ဒကိုယ်ကို လှူဒါန်းဖို့ အလွန်ဆန္ဒရှိတာကို ပြောလေ့ရှိတယ်လို့ မိဘ ၂ ပါးက ဆိုပါတယ်။

ကွယ်လွန်သွားပေမယ့် သူ့ဆန္ဒနဲ့အညီ သူ့ခန္ဓာကိုယ်အစိပ်အပိုင်းတွေ လှူဒါန်းလို့ နောက်ထပ်လူ ၈ ယောက်အသက် ဆက် နိုင်ခဲ့တာကိုလည်း မိဘဆွေမျိုးတွေက ဂုဏ်ယူနေပါတယ်။ ဒီနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာတော့ Taunton School Chapel မှာ သူ့အတွက် အောက်မေ့ဖွယ်ဆုတောင် ၀တ်ပြုပွဲကို ကျင်းပမှာလည်းဖြစ်ပါတယ်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .