Social Icons

Tuesday, May 22, 2012

မြန်မာ့တပ်မတော်က လက်နက်ကြီးကို အဓိကအားကိုး


Untitled-11 မြန်မာ့တပ်မတော်သည် ယခုနောက်ပိုင်း တိုက်ပွဲဖြစ်ပွားသောအခါ လက်နက်ကြီးကိုသာ အဓိကထား အားကိုးအားထား ပစ်ခတ်အသုံးပြုလာကြသည်။
မေလ(၁၇)ရက်တွင် KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့နှင့် (၆)မိုင်ခန့်သာဝေးသော လဂျားယန်ကျေးရွာနှင့် လ၀ါယန် ကျေးရွာဘက်သို့ (၁၀၅)မမ၊ ဟောင်ဝင်ဇာအမြောက်ကြီးဖြင့် ဒေါ့ဖုန်းယာန်မြို့မှ (၂၅)ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ထိုနေ့မှာပင် ၀ိုင်းမော်မြို့နယ်၊ ကန်တော်ယာန် အစိုးရစစ်စခန်းမှ ဂျာထကျေးရွာဘက်သို့ (၁၂၀)မမ၊ (၈၁)မမ အမြောက်များဖြင့် အကြိမ်(၃၀)ခန့် ပစ်ခတ်ခဲ့သေးသည်။ မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့သို့ လျှပ်စစ်ပို့လွှတ်နေသော မလိရေအားလျှပ်စစ်ဓါတ်အား ထုတ်စက်ရုံကို ဂျာထကျေးရွာတွင် တည်ဆောက်ထားသည်။ ကန်တော်ယန်တပ်စခန်းမှ လက်နက်ကြီးကို အထိန်းအကွပ် မရှိဘဲနေ့စဉ်နှင့်အမျှ ဂျာထကျေးရွာသို့ ပစ်ခတ်လျက်ရှိသဖြင့် ရွာသားများ၏နေအိမ်များ၊ ရွာသားများ၏ ကျွဲ၊ နွား၊ ၀က်များ ထိမှန်ပျက်စီးသေကြေလျက်ရှိသည်။
ထိုသို့ပရမ်းပတာ ပစ်ခတ်မှုကြောင့် အစိုးရတပ်အချင်းချင်း ထိမှန်မှုများလည်း မကြာခဏ ဖြစ်ပွားကြသည်။ မေ(၁၇)ရက်နေ့တွင် ခမရ (၃၈၉) လှုပ်ရှားတပ်များကို အင်ပေါန်တပ်စခန်းမှ ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်ခံရကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .