Social Icons

Tuesday, May 22, 2012

ယောင်္ကျားလေးဖြစ်နေတဲ့ မော်ဒယ်မလေး


 
Brighton Model ပြိုင်ပွဲမှာ အမျိုးသမီး မော်ဒယ် ၂၀၀ ကို ကျော်ဖြတ်ပြီး တက်လာတဲ့ ထိုင်းမော်ဒယ် Toon ဟာ တကယ် တော့ Angkookrat ဆိုတဲ့ လေဒီဘွိုင်းဖြစ်နေတာကို ပြိုင်ပွဲ တာဝန်ရှိသူတွေ အံ့အားသင့်ဖွယ် သိခဲ့ရတယ်လို့ Broton U.K သတင်းတပုဒ်က ဆိုပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဘန်ကောက်က လေဒီဘွိုင်းကို Brighton Model ထဲက Scott Woolgar ဆိုသူက “ရွေးချယ် ရေး လုပ်နေတဲ့ လုပ်ငန်းစဉ်တလျှောက် ဒီကောင်မလေးကို ယောက်င်္ကျားလေး တယောက်ဆိုတာ စိတ်ထဲမှာ ဘာမှ သံသယ မဖြစ်ခဲ့ဘူး” လို့ ပြောထားပါတယ်။

ပြိုင်ပွဲဟာ အခြေခံအားဖြင့် မြင်ရတဲ့အသွင်အပြင်၊ တကိုယ်ရေ ဟန်ပန်တွေအပေါ်မှာ အခြေခံတာပါတဲ့။ Toon မှာ ဒါတွေ အားလုံး ရှိနေပါတယ်တဲ့။

အခုလို မသိခဲ့ရင် လူတိုင်းက သူဟာ အလှဆုံး မိန်းကလေးတယောက်လို့ ထင်ကြမှာပါဘဲတဲ့။ အလှတရားဟာ အရေပြား တထောက်ထက်ပိုတယ်ဆို ရွေးချယ်ရေးအဖွဲ့ဝင်တို့က နားလည်ထားတာပါ။ သူတို့က မေလ ၂၅ ရက်နေ့ နောက်ဆုံး ဇကာ တင်စာရင်းထိ Toon ကို ပါမယ်လို့လည်း ယုံကြည်ထားကြပါသတဲ့။

ဒါပေမယ့် သူ့ရဲ့ နိုင်ငံကူးလက်မှတ်မှာ သူဟာ သူ့ရဲ့ မွေးနံမည်နဲ့တကွ ယောင်္ကျားလေးအဖြစ်သာ ရှိနေဆဲပါတဲ့။
“ကျမ ကို မိန်းကလေး တယောက်အဖြစ် အသိအမှတ်ပြုလာဖို့ နောက်ဆုံးအဆင့်ထိ ကျမစိတ်ရှည် သည်းခံစိတ်ရှိပါတယ်” လို့ Toon က ဆိုပါတယ်။

သူက “အလုံးစုံအောင်မြင်ရဖို့ဆိုတာ အတော်ခက်တယ်ဆိုတာကြောင့် ကျမ သိပ်စိတ်လှုပ်ရှားတယ်” လို့ ဆက်ပြောပါ တယ်။

ဘန်ကောက်မြို့က လေဒီဘွိုင်းများ ဖန်တီးရှင် ဒါရိုက်တာ Phillip Gandey က “Toon ဟာ လေဒီဘွိုင်းဆိုတာ လူတွေက နားလည်ခဲ့ပုံမပေါ်ဘူး။

နေ့စဉ် လမ်းတွေမှာ ဖြတ်သွားဖြတ်လာနဲ့ သူတို့ကို တွေ့ တဲ့အခါ သူတို့ဟာ ယောင်္ကျားလေးအဖြစ် မွေးလာတဲ့ ဒီမိန်းကလေးတွေကို လူတွေက နားမလည်ကြဘူး။ တကယ်တော့ လေဒီဘွိုင်းတွေက သိပ်လှပါတယ်” လို့ ဆိုပါတယ်။

Brighton Model ပြိုင်ပွဲမှာ အခုလို Toon ရဲ့ဖြစ်စဉ်က ဒီလေဒီဘွိုင်းတွေဟာ သိပ်လှတယ်ဆိုတာ သက်သေပြလိုက်တာဘဲ လို့ သူက ဆက်ပြောထားပါတယ်။  by;ဧရာဝတီမှကူးယူသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .