Social Icons

Wednesday, May 2, 2012

KIA မှ အစိုးရစစ်ရဟတ်ယာဉ် ၁ စင်း ပစ်ချ၊ ၃ စင်း ပျောက်ဆုံး


ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါတိုက်ပွဲတွင် မြန်မာအစိုးရတပ် စစ်ရဟတ်ယာဉ် ၁ စင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ ပစ်ချခံရပြီး အခြား ၃ စင်းလည်း အခြေစိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိ ပျောက်ဆုံးနေကြောင်း ခိုင်လုံသောသတင်းရပ်ကွက်များက ဆိုသည်။

ရဟတ်ယာဉ် ၁ စင်း ပျက်ကျသွားသည်ကို အတည်ပြုနိုင်ခဲ့သော်လည်း ကျန် တစင်းလည်း မြစ်ကြီးနား အခြေစိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိဟု အဆိုပါသတင်းရပ်ကွက်က ဆိုသည်။

နောက်ထပ် မေ ၁ ရက်၊ ယနေ့တွင် မြစ်ကြီးနားမှ စစ်ရဟတ်ယာဉ် ၄ စင်း ပန်ဝါသို့ ရောက်လာစဉ် အသင့်စောင့်ကြိုနေသော KIA စစ်သားများ၏ ပစ်ခတ်ခံရပြီး ပြန်လှည့်သွားကြသည်ဟု ပန်ဝါ KIA ရှေ့တန်းသတင်းကဆိုသည်။ ၎င်းအနက် ၂ စင်းမှာ မူရင်း အခြေစိုက်စခန်းသို့ ရောက်လာခြင်း မရှိ ပျောက်ဆုံးနေသည်ဟု ရှေ့တန်းမြန်မာစစ်တပ်သတင်းရပ်ကွက်က ဆိုသည်။

မြန်မာ့တပ်မတော်သည် ယခုချိန်ထိ (၁၀) လ ကျော် KIO/KIA အား ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်လာရာ မည်သည့်အခါမှ ၎င်းတို့စစ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရ ကိန်းဂဏန်းကို လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပေ။                                                  by;kachinnews.com

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .