Social Icons

Wednesday, May 23, 2012

iphone ကို ကျော်ဖြတ်သွားနိုင်တဲ့ Samsung


 
တောင်ကိုရီယားနိုင်ငံရဲ့ နာမည်ကြီးနည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Samsung က ထုတ်လုပ်လိုက်တဲ့ Galaxy S3 စမတ်ဖုန်းဟာ ၂၀၁၂ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး iphone ကိုကျော်လွှားနိုင်ခဲ့ပါတယ်။

အဆိုပါ စမတ်ဖုန်းကို မေလကုန်တဲ့အထိ အလုံးပေါင်း ၉ သန်းကျော် ရောင်းချပေးရန်အတွက် အမှာစာများကိုလဲ Samsung ကုမ္ပဏီက လက်ခံ ရရှိထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းကမှာ ထုတ်လုပ်ခဲ့တဲ့ Android ပါဝါသုံး Galaxy S3 ဟာ ကမ္ဘာ့ အရောင်းရဆုံးလည်း ဖြစ်ခဲ့ပြီး နောက်ပိုင်း sumsung ဟာ ကမ္ဘာ့ မိုဘိုင်းလ်ဖုန်းအရောင်းရဆုံး ကုမ္မဏီကြီး တစ်ခုလည်းဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ လ အနည်းငယ်က S3 ကို ရောင်းချခဲ့ရာမှာ စုစုပေါင်း အလုံးရေ ၁၀ သန်းထိ ရောင်းချနိုင်ခဲ့ပါတယ်။
Samsung ကုမ္ပဏီ ဟာ ကမ္ဘာအကြီးဆုံး စမတ်ဖုန်း ဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့ Apple ကို ကျော်တက်သွားနိုင်ခဲ့ပါ တယ်တဲ့။

S3 စမတ်ဖုန်းဟာ Samsung ကုမ္မဏီကနေ နောက်ဆုံး ထုတ်လုပ်လိုက်တဲ့ အမျိုးအစားတစ်ခုလဲ ဖြစ်ပါတယ်။ sumsung galaxy S3 ကိုအဖြူရောင်နဲ့ အပြာရောင် နှစ်မျိုးကိုသာ ထုတ်လုပ်ထားပါတယ်။

ရုပ်သံကြည်လင် ပြတ်သားမှုမှာ Apple ကနေ ထုတ်လုပ်ထားတဲ့ iphone ထက်ကို ကောင်းပါသတဲ့။ S3 မှာ Android ဆော့ဝဲလ် အမျိုးအစားကို အသုံးပြု ထားပါတယ်။
အွန်လိုင်းနည်းပညာ သတင်စာမျက်နှာတွင် မေလ ၂၂ ရက်နေ့ ကဖော်ပြထားပါတယ်။

ယခုအချိန်မှာတော့ ကမ္ဘာထိပ်သီး Apple ကို ကျော်ဖြတ်နိုင်တဲ့ လူကြိုက် အများဆုံး စမတ်ဖုန်း အမျိုးအစားဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .