Social Icons

Sunday, May 20, 2012

တိုင်းရင်းသား လက်နက်ကိုင်တွေက အခွန်ကောက်တော့ ဆပ်ကြေးကောက်တယ်ဆိုပြီး ရုပ်ရှင်တွေထဲမှာ ရှုံ့ချပြောဆိုတယ်။ အစိုးရက ကန်ထရိုက်နဲ့ပေါင်းကောက်တော့ အခွန်ဖြစ်ရောလား..

တိုင်းရင်းသား လက်နက်ကိုင်တွေက အခွန်ကောက်တော့ ဆပ်ကြေးကောက်တယ်ဆိုပြီး ရုပ်ရှင်တွေထဲမှာ ရှုံ့ချပြောဆိုတယ်။ အစိုးရက ကန်ထရိုက်နဲ့ပေါင်းကောက်တော့ အခွန်ဖြစ်ရောလား..

ဟိုတစ်လောက ဆောက်လုပ်ရေး ၀န်ကြီးဌါနက သတင်းစာကနေတဆင့် ကြေငြာချက်ထုတ်တယ်။
လမ်းတံတားကြေးကောက်တဲ့ ကန်ထရိုက်တွေကို လေလံဈေးမြင့်လို့ ဈေးတင်ကောက်တာမျိုး ဖြစ်မှာစိုးလို့ဈေးပြိုင်စနစ်နဲ့ လေလံပေးတာမျိုး မလုပ်ဘဲ မဲစနစ်နဲ့ ကံကိုလိုက်ပြီး မဲကျတဲ့သူကို ပေးတယ်တဲ့ ဒါဆို ရန်ကုန်မြို့အနီးအနားက တိုးဂိတ်အားလုံး မက်စ်မြန်မာက နှစ်တိုင်း မဲကျတယ်ပေါ့။ ဒီလိုလား..

အတိုင်ခံရလွန်းတော့ လမ်းတံတားကြေးဆိုပြီးကောက်တဲ့အခါ ဈေးများရင် ဆောက်လုပ်ရေးဝန်ကြီးဌါနက လေလံပြန်သိမ်းမယ် ကြော်ငြာတယ်။

အဲဒီတော့ Max မြန်မာလို လမ်းတံတား ကန်ထရိုက်တွေက မြို့ဝင်ကြေးဆိုတာနဲ့ ခေါင်းစဉ်အမျိုးမျိုးပြ ပေါင်းကောက်တယ်။ တစ်၇က်ကို သိန်း လေးငါးရာလောက် ၀င်ကြတယ်။ ကောက်တဲ့နှုန်းမှာ လမ်းကြေးထက် မြို့ဝင်ကြေးက ပိုများနေတတ်တယ်။ လမ်းကိုသုံးလို့ လမ်းကြေး တံတားကြေးပေးရတာ ကျေနပ်ပေမယ့် မြို့ကို ဖြတ်တာ မြို့ဝင်ကြေး ခေါ်ဘီးခွန် ဆိုတာပေးရတယ်ဆိုတာ လုံးဝ မကျေနပ်စရာပါ။ (မြို့နယ်အဆင့် မဟုတ်တဲ့ ၇ွာကြီးကလည်း မြို့ဝင်ကြေးပေးတဲ့)

ဘီင်္းခွံဆိုတာ လိုင်စင်ဝင်တဲ့အချိန်တုန်းကလည်း ဆောင်ပြီးသား.. တစ်မြို့တစ်ခါ မြို့ဝင်ကြေးခေါ် ဘီးခွန်ကောက်တယ် ဆိုတာ ဥပဒေနဲ့ ညီညွတ်ရဲ့လား..

တိုင်းရင်းသား လက်နက်ကိုင်တွေက အခွန်ကောက်တော့ ဆပ်ကြေးကောက်တယ်ဆိုပြီး ရုပ်ရှင်တွေထဲမှာ ရှုံ့ချပြောဆိုတယ်။ အစိုးရက ကန်ထရိုက်နဲ့ပေါင်းကောက်တော့ အခွန်ဖြစ်ရောလား..

ဥပဒေအရ မြို့ဝင်ကြေးဆိုတာ ပေးစရာတကယ်လိုအပ်ပါသလား..

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .