Social Icons

Monday, May 21, 2012

(ဒုတိယနေ့) မန္တလေးလျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြ

CJMyanmar
မီးထွန်းဆန္ဒဖော်ထုတ်ပွဲမန္တလေး(ဒုတိယနေ့) အဖြစ် ၇၈လမ်းလျှပ်စစ်ရုံးရှေ့နှင့် မန္တလေးစွမ်းဟိုတယ်ရှေ့တွင် ကျင်းပလျှက်ရှိပါသည်။
ယမန်နေ့က(ပထမနေ့)ကျင်းပြုလုပ်သည့်ပွဲတွင် ယူနီဖောင်းဝတ်လုံခြုံရေးများလာရောက်ခြင်းမရှိဘဲ၊
ငြိမ်ချမ်းစွာပြီးဆုံးသွားခဲ့သော်လည်း ယနေ့ညတွင် လုံခြုံရေးများရောက်ရှိနေပြီး ၇၈လမ်းတွင်စတင် လူစုခွဲနေကြောင်းသိရပါသည်။
အဆိုပါလူစုမှာ ၂၆လမ်းစွမ်းဟိုတယ်ရှေ့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုနေသည့် အဖွဲ့နှင့် ပူးပေါင်းဖွယ်ရှိပါသည်


‎"ထုတ်ပြန်ထားသည့်အတိုင်း ဖြစ်စေချင်ပါသည်... တဲ့"

လျှပ်စစ်မီးပုံမှန်ရရေးလှုပ်ရှားမှု ဒုတိယနေ့ (မန္တလေး)

မန္တလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု၏ ဒုတိယနေ့အဖြစ် ယနေ့ (၂၁.၅.၂၀၁၂) ည ၇ နာရီ၌၂၆ လမ်း၊ ၆၈ လမ်းနှင့် ၆၆ လမ်းကြားရှိ စွမ်းဟိုတယ်ရှေ့တွင် စတင် ဆင်နွှဲနေပြီဖြစ်ကြောင်း CJMyanmar က သတင်းရရှိသည်။

အဆိုပါ လှုပ်ရှားမှုကို မနက်ဖန် (၂၂.၅.၂၀၁၂) ည ၇ နာရီတွင်လည်း ၄င်းနေရာ၌ပင် တတိယနေ့အဖြစ် ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း အထက်ပါနေရာတွင် ဖြန့်ဝေနေသော အလင်းရောင်အဖွဲ့၏ လက်ကမ်းစာအရ သိရသည်။

CJM 030
လျှပ်စစ်မီးပုံမှန်ရရေးလှုပ်ရှား
မှု ဒုတိယနေ့ (မန္တလေး) မန္တလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု၏ ဒုတိယနေ့အဖြစ် ယနေ့ (၂၁.၅.၂၀၁၂) ည ၇ နာရီ၌၂၆ လမ်း၊ ၆၈ လမ်းနှင့် ၆၆ လမ်းကြားရှိ စွမ်းဟိုတယ်ရှေ့တွင် စတင် ဆင်နွှဲနေပြီဖြစ်ကြောင်း CJMyanmar က သတင်းရရှိသည်။ အဆိုပါ လှုပ်ရှားမှုကို မနက်ဖန် (၂၂.၅.၂၀၁၂) ည ၇ နာရီတွင်လည်း ၄င်းနေရာ၌ပင် တတိယနေ့အဖြစ် ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း အထက်ပါနေရာတွင် ဖြန့်ဝေနေသော အလင်းရောင်အဖွဲ့၏ လက်ကမ်းစာအရ သိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .