Social Icons

Tuesday, May 22, 2012

မစ်ဆူဘီရှီ မြန်မာပြည် လာမည်







ဂျပန်ကားကုမ္ပဏီ မစ်ဆူဘီရှီ (Mitsubishi) က မြန်မာပြည်ရဲ့ ကားဈေးကွက် အလားအလာကောင်းတယ်လို့ ယူဆနေပြီး အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေပါတယ် တဲ့။

မစ်ဆူဘီရှီ ရန်ကုန်ရုံးခွဲ ဒုတိယ အထွေထွေမန်နေဂာ ဦးမောင်မောင်တင်က ပြောလိုက်တာပါ။

"ဒီမှာ စက်ရုံတွေ ဖွင့်ဖို့ အင်မတန် စိတ်ဝင်စားနေပါတယ်။ မြန်မာပြည်မှာ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်မှုဇုန် ထူထောင်ဖို့အထိ ဖြစ်သွားနိုင်ပါတယ်" လို့ ဦးမောင်မောင်တင်က ဆိုတယ်။



မစ်ဆူဘီရှီက ကမ္ဘာတလွှား ဒေသ ၁၀၀ ကျော်မှာ လှုပ်ရှားနေပြီး မော်တော်ယာဉ်မျိုးစုံကို ထုတ်လုပ်နေတာပါ။

မြန်မာပြည်မှာ လှုပ်ရှားဖို့ကတော့ အစိုးရရဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေအပေါ် အများကြီး မူတည်နေပါတယ် တဲ့။



၂၀၀၇ မော်ဒယ်နဲ့အထက် မော်တော်ကားတွေကို တယောက်တစီးနှုန်း သွင်းခွင့်ပြုလိုက်ပါတယ်။ ကားဈေးကွက်လည်းေ တ်ာတော်လေး လှုပ်ခတ်သွားပါတယ်။
အသည်းကွဲသူကွဲ၊ ပီတိဖြစ်သူဖြစ်ပေါ့။


ကားတွေ အများကြီး လာပြီ ဆိုတော့ ကားမျိုးစုံ မြင်ဖူးတော့မယ်လို့ ကာတွန်းဆရာတယောက်က သရော်လိုက်ပါတယ်။

 
ဒီနေ့ ကြေးမုံသတင်းစာမှာဖော်ပြထားတဲ့ မြန်မာပြည်ရောက် ဂျပန်ကားများအကြောင်း

သတင်းအပြည့်အစုံကို ဒီမှာ http://
www.irrawaddy.org/archives/4671 ဖတ်နိုင်ပါပြီ။By;irrwaddy မှ..။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .