ဦးထုံ - ကျနော် စီတန်းလှည့်လည်ခွင့်အတွက် လျှောက်လွှာလာတင်တာပါ
စခန်းမှူး - ဟင်.. ဘယ်နှစ်ယောက်ပါမှာလဲ?.. ဘယ်ကနေ ဘယ်အထိလဲ? ဘယ်သူတွေဦးဆောင်မှာလဲ? ဘယ်နေ့လဲ? ဘာတွေပါဦးမလဲ?
ဦးထုံ - လူကတော့ တစ်ရပ်ကွက်လုံးပဲ။ ရပ်ကွက်ထဲကသူတွေပဲဦးဆောင်မှာ။ ရပ်ကွက်ထဲကနေ ဘုန်းကြီးကျောင်းအထိ။ မြင်းတွေ တော့ပါမယ်..
စခန်းမှူး - ဘုန်းကြီးကျောင်း ? ဘုန်းကြီးတွေရော ပါမှာလား? မြင်းတွေလည်းပါမယ်..???
ဦးထုံ - ဦးဇင်းတွေ ကိုရင်တွေလား? သူတို့က ကျောင်းကနေ စောင့်မှာလေ..
စခန်းမှူး - အာ.. အဲဒါဆို ဒီမှာတင် ကိစ္စမပြတ်ဘူးဗျ... တိုင်း သာသနာရေးဌာနအထိတင်မှရမယ်..
ဦးထုံ - ဒါနဲ့.. ရှင်လောင်းလှည့်ဖို့ကို ဘာလို့ ဒီလောက်တောင် ခွင့်ပြုချက်တွေ လိုနေရတာလဲဟင်..?
စခန်းမှူး - ဘာ.. ရှင်လောင်းလှည့်ဖို့လား??? ခင်ဗျားက စောစောက ပြောပါလား..
ဦးထုံ - ရှင်လောင်း စီတန်းလှည့်လည်ဖို့အတွက် ခွင့်ပြုချက်လိုမလားလို့ပါ။ ဒါနဲ့ စခန်းမှူးကြီးက ဘာလို့ထင်လို့တုန်း..?
စခန်းမှူး - ဘာမှ မထင်ပါဘူး.. ကဲ...ကဲ.. သွားတော့..
(သိပ်ကြောက်သွားသလား မမြဝင်း.. ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ရေချိုးဖို့ပါ.. ငှဲ.. ငှဲ.. ) - ဗိုလ်အောင်ဒင်လေသံဖြင့် ဖတ်ရန်

No comments:
Post a Comment