Social Icons

Thursday, May 24, 2012

အီရန်ကို တိုက်ခိုက်ရန် အစ္စရေးနှင့် အမေရိကန်တို့ အသင့် အနေအထား ဖြစ်နေပြီ



အီရန်နိုင်ငံ၏ ရှေ့တိုးဆောင်ရွက်နေသော နျူကလီးယား လက်နက်များ ထုတ်လုပ်မည့် အစီအစဉ်ကို ရပ်ဆိုင်းသွားစေရန် အတွက် ဆောင်ရွက်နေသော နည်းလမ်းများ မအောင်မြင်ခဲ့လျှင် အမေရိကန် အနေဖြင့် စစ်ရေးအရ တိုက်ခိုက်သွားရန် အစီအစဉ် ချမှတ်ထားကြောင်းကို အစ္စရေးဆိုင်ရာ ဝါရှင်တန်ရှိ သံတမန် ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်ဟု မေလ ၁၇ ရက်နေ့က CNN  သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
အီရန်တို့သည် နိုင်ငံတကာ၏ ဖိအားပေးမှုကို အာခံ၍ ယူရေနီယံ သန့်စင်သည့် လုပ်ငန်းများကို ရှေ့ သို့ ဆက်၍ လုပ်ကိုင်နေကြသည်။ အနောက်နိုင်ငံများနှင့် အစ္စရေးတို့ က အီရန်၏ အမှန်တကယ် ရည် ရွယ်ချက်သည် နျူကလီးယားဗုံး ထုတ်လုပ်ရန် ဖြစ်သည်ဟု ယုံကြည် ထားကြသည်။
အီရန်တို့က အရပ်ဘက်သုံး နျူကလီးယား စွမ်းအင်အတွက် ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုနေသည်။ အီရန်၏ နျူကလီးယား ပိုင်ဆိုင်မှု သည် အစ္စရေးနိုင်ငံ ၏ တည်ရှိမှု ကို ခြိမ်းခြောက်နေသဖြင့် အစ္စရေးတို့ အနေဖြင့် အီရန်တို့ နျူကလီးယား ဗုံး ပိုင်ဆိုင်လာမည်ကို လုံးဝ လက်မ ခံနိုင်ဖြစ်နေကြသည်။
အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒင်နီယာရှာမီရို က အီရန်ကို တိုက်ခိုက်မည့် စစ်ရေး စီမံကိန်းသည် အသင့်ဖြစ်နေသည် ဟု ပြောကြားခဲ့သည်။ သမ္မတ အိုဘားမား၏ ဆုံးဖြတ်ချက်ထုတ် ပြန်ရန်သာ ရှိတော့သည်ဟု ယခင် ရက်သတ္တပတ်တွင် ပြောပြခဲ့သည်။ ကျွမ်းကျင်သူများ၏ သုံးသပ်ချက် မှာ ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့် ရှိသူ George Little က ”ဝါရှင်တန်၏ ပေါ်လစီသည် လုံးဝ ပြောင်းလဲသွားလိမ့်မည် မဟုတ်”ဟု ပြောစကားမှာ စစ်ရေးအရ အရေးယူ ရန်အသင့် အနေ အထားဖြစ်နေကြောင်း မီးစိမ်းပြလိုက်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် အီရန်တို့သည် လ အနည်းငယ်အတွင်း ၄င်းတို့၏ နျူကလီးယား လုပ်ငန်းအစီအစဉ်ကို ဖိုဒိုတောင်တန်းများ အတွင်း မြေ အောက်သို့ ရွှေ့ပြောင်းကြလိမ့် မည်ဟု ယူဆထားကြသည်။ ဤသို့ ပြုလုပ်ထားခြင်းကြောင့် အီရန်အပေါ် စစ်ရေးအရ အချိန်တို ကာလအတွင်း အောင်မြင်စွာ တိုက်ခိုက်ဖျက်ဆီးရန် အလွန်ပင် ခက်ခဲ သွားကြ လိမ့်မည် ဖြစ်သည်။
ပါလက်စတိုင်း ခေါင်းဆောင် မာမွတ်အာဘတ်နှင့် ဟစ်ဇ်ဘိုလာ ဒုတိယ ခေါင်းဆောင် ရှိတ်နိုင်းကာ ဆင်တို့က အစ္စရေးတို့ တိုက်ခိုက် ပါက အရှေ့အလယ်ပိုင်း တစ်ခုလုံး စစ်မီး ဟုန်းဟုန်းတောက် သွားလိမ့် မည်ဟု ပြောခဲ့ကြသည်။ အစ္စရေး တို့သည် အီရန်တို့၏ လက်ကိုင် တုတ် များဖြစ်သော ဟစ်ဇ်ဘိုလာနှင့် ဟားမာ့စ် အဖွဲ့တို့၏ ရော့ကက် လောင်ချာများနှင့် ဒုံးကျည်များ ပစ်ခတ်လာမည်ကို အထူးပင် စိုးရိမ် နေကြသည်။
KLMA          by;popularmyanmar

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .