
မန္တလေးကျောက်ဝိုင်း
ကော်မတီက ကျောက်လုပ်ငန်းရှင်တွေနဲ့ ကျောက်ဝိုင်းတွင်း အလုပ်လုပ်...နေသူတွေကို
တနှစ်စာ ဝင်ခွင့်ကဒ်လုပ်ခိုင်းလို့
ကျောက်ဝိုင်းကို အမှီပြု လုပ်ကိုင် စားသောက်နေသူတွေ မကြေမနပ် ဖြစ်နေကြပါတယ်။
အရင်နှစ်ကဝင်ခွင့်ကဒ်လုပ်ထားသူေ တွကိုလဲ
သက်တမ်းတိုးခွင့် မပေးဘဲ အသစ်ထပ်လုပ်ခိုင်းပြီး ဝင်ခွင့်ကဒ် မရှိသူတွေဆီက
တနေ့တရာကောက်လို့
ကျောက်ဝိုင်းကော်မတီနဲ့ ကျောက်လုပ်ငန်းလုပ်သူတွေ ဒီကနေ့ စကားများ၊ ပြဿနာဖြစ်ကြတယ်လို့ ကျောက်ဖြတ်ခုံပိုင်ရှင်တဦးက အခုလိုပြောပါတယ်။
"မနှစ်တုန်းက လုပ်တဲ့ကဒ်တွေက အကျုံးမဝင်ဘူးပေါ့နော် ... အခုနောက်ထပ်ပြန်ပြီးတော့ သူတို့ပြောတဲ့ကဒ်အသစ် တွေကို
ပြန်လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့  ... အဲလိုမျိုးတွေစဖြစ်တာပေါ့။
ကျောက်သမားတွေကလဲ အရင်တုန်းက လုပ်ထားတဲ့ကဒ်တွေ သူတို့မှာရှိတယ်ပေါ့။ အဲဒါကို သက်တမ်းတိုးလို့ရလားပေါ့ ... သူတို့ကလဲ ပြန်ပြီးတော့ အသစ်လုပ်ရမယ်ပေါ့ ... လုပ်ငန်းရှင်တွေဆို တယောက်ကို ၅၀၀၀ သတ်မှတ်ထားတာပေါ့လေ။ အလုပ်သမားတွေ
ကိုကျတော့ ၂၅၀၀ ပေးရမယ်ဆိုပြီး ပိုက်ဆံတောင်းတာပေါ့။ ဒီကဒ်ကို
လုပ်ရမယ် မလုပ်လို့ရှိရင် တရာပေးရမယ်ဆိုတော့ အဲဒီနေရာမှာတင်
ပြဿနာ အကြီးအကျယ်တက်တာ။"
ကျောက်ဝိုင်းကော်မတီက လုပ်ငန်းရှင်ဆို ကျပ် ၅၀၀၀၊ အလုပ်သမားဆို ၂၅၀၀ ပေးရမယ်ဆိုတဲ့ကြောင်း ဖော်ပြထားတဲ့ လျှောက်လွှာစာရွက်တွေကိုလည်း တရွက်တရာနဲ့ ရောင်းချနေပါတယ်။
အရင်က ကျောက်သမားတွေဟာ တနှစ်စာဝင်ခွင့်ကဒ်ကို ပုံမှန်လုပ်ကြပေမယ့်
ကျောက်ဝိုင်းအတွင်း အရောင်း၊ အဝယ်လုပ်ရင်း ပြဿနာ တစုံတရာ ရှိလာတဲ့အခါ ကျောက်ဝိုင်းကော်မတီက တာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိလို့ ယုံကြည်မှုနဲလာရာက ဝင်ခွင့်ကဒ်ကို မလုပ်လိုကြတာလို့
ကျောက်ဖြတ်ခုံပိုင်ရှင်က ပြောပါတယ်။
"ကျောက် ရောင်း၊ ဝယ်လိုက်တယ် ... တယောက်ကအတု၊ တယောက်က အစစ် အဲဒါမျိုးပြဿနာတက်ရင် ရုံးကို သွားရှင်တဲ့အခါမှာလဲ စစ်တဲ့စက်လဲ မရှိဘူးလေ၊ သိပ်လဲ မရှင်းပေးနိုင်ဘူးပေါ့ ... နောက် ကျောက်ဖိုးဝယ်ရမယ်၊ မနက်ဖန်ချိန်းတယ် အဲဒီလိုက မပေးနိုင်သေးဘူးဆိုရင် ကျနော်တို့ ကဒ်ပြားလုပ်တဲ့လူတွေက သွားပြီးတော့ ကျနော်တို့ ဒီလူကို ပိုက်ဆံရဖို့ ရက်ချိန်းတောင်းပေးပါ ... ပြဿနာကို ဖြေရှင်းခိုင်းရင်လဲ မရှင်းပေးနိုင်တော့ ကျောက်သမားတွေက ဒီကဒ်ပြားရှိနေလဲ အလကားဘဲ ဆိုပြီး ယုံကြည်မှုနဲသွားကြတာ ... အဲဒါကြောင့်မို့လို့ အခုကျောက်သမား
တော်တော် များများက မလုပ်ချင်ကြတာပါ။"
ကျောက်ဝိုင်းဝင်ခွင့် ကောက်လို့ရတဲ့ ငွေတွေကိုတော့ ဘယ်နေရာမှာ ဘာအတွက်သုံးတယ်၊ ကျောက်ဝိုင်းကို ဘယ်လိုပြုပြင်တယ် ဆိုတာမျိုးကို ကျောက်ဝိုင်းကော်မတီက ငွေစာရင်းလေ့မရှိဘူးလို့လည်း
ကျောက်ဖြတ်ခုံပိုင်ရှင်က ပြောပါတယ်။
မန္တလေးကျောက်ဝိုင်းထဲကို နိုင်ငံခြားသား ဝင်မယ်ဆိုရင်တော့ တယောက်ကို အမေရိကန် တဒေါ်လာ ကောက်တယ်လို့ သိရပါတယ်။See More
ကျောက်ဝိုင်းကို အမှီပြု လုပ်ကိုင် စားသောက်နေသူတွေ မကြေမနပ် ဖြစ်နေကြပါတယ်။
အရင်နှစ်ကဝင်ခွင့်ကဒ်လုပ်ထားသူေ
ကျောက်ဝိုင်းကော်မတီနဲ့ ကျောက်လုပ်ငန်းလုပ်သူတွေ ဒီကနေ့ စကားများ၊ ပြဿနာဖြစ်ကြတယ်လို့ ကျောက်ဖြတ်ခုံပိုင်ရှင်တဦးက အခုလိုပြောပါတယ်။
"မနှစ်တုန်းက လုပ်တဲ့ကဒ်တွေက အကျုံးမဝင်ဘူးပေါ့နော် ... အခုနောက်ထပ်ပြန်ပြီးတော့ သူတို့ပြောတဲ့ကဒ်အသစ် တွေကို
ပြန်လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ
ကျောက်သမားတွေကလဲ အရင်တုန်းက လုပ်ထားတဲ့ကဒ်တွေ သူတို့မှာရှိတယ်ပေါ့။ အဲဒါကို သက်တမ်းတိုးလို့ရလားပေါ့ ... သူတို့ကလဲ ပြန်ပြီးတော့ အသစ်လုပ်ရမယ်ပေါ့ ... လုပ်ငန်းရှင်တွေဆို တယောက်ကို ၅၀၀၀ သတ်မှတ်ထားတာပေါ့လေ။ အလုပ်သမားတွေ
ကိုကျတော့ ၂၅၀၀ ပေးရမယ်ဆိုပြီး ပိုက်ဆံတောင်းတာပေါ့။ ဒီကဒ်ကို
လုပ်ရမယ် မလုပ်လို့ရှိရင် တရာပေးရမယ်ဆိုတော့ အဲဒီနေရာမှာတင်
ပြဿနာ အကြီးအကျယ်တက်တာ။"
ကျောက်ဝိုင်းကော်မတီက လုပ်ငန်းရှင်ဆို ကျပ် ၅၀၀၀၊ အလုပ်သမားဆို ၂၅၀၀ ပေးရမယ်ဆိုတဲ့ကြောင်း ဖော်ပြထားတဲ့ လျှောက်လွှာစာရွက်တွေကိုလည်း တရွက်တရာနဲ့ ရောင်းချနေပါတယ်။
အရင်က ကျောက်သမားတွေဟာ တနှစ်စာဝင်ခွင့်ကဒ်ကို ပုံမှန်လုပ်ကြပေမယ့်
ကျောက်ဝိုင်းအတွင်း အရောင်း၊ အဝယ်လုပ်ရင်း ပြဿနာ တစုံတရာ ရှိလာတဲ့အခါ ကျောက်ဝိုင်းကော်မတီက တာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိလို့ ယုံကြည်မှုနဲလာရာက ဝင်ခွင့်ကဒ်ကို မလုပ်လိုကြတာလို့
ကျောက်ဖြတ်ခုံပိုင်ရှင်က ပြောပါတယ်။
"ကျောက် ရောင်း၊ ဝယ်လိုက်တယ် ... တယောက်ကအတု၊ တယောက်က အစစ် အဲဒါမျိုးပြဿနာတက်ရင် ရုံးကို သွားရှင်တဲ့အခါမှာလဲ စစ်တဲ့စက်လဲ မရှိဘူးလေ၊ သိပ်လဲ မရှင်းပေးနိုင်ဘူးပေါ့ ... နောက် ကျောက်ဖိုးဝယ်ရမယ်၊ မနက်ဖန်ချိန်းတယ် အဲဒီလိုက မပေးနိုင်သေးဘူးဆိုရင် ကျနော်တို့ ကဒ်ပြားလုပ်တဲ့လူတွေက သွားပြီးတော့ ကျနော်တို့ ဒီလူကို ပိုက်ဆံရဖို့ ရက်ချိန်းတောင်းပေးပါ ... ပြဿနာကို ဖြေရှင်းခိုင်းရင်လဲ မရှင်းပေးနိုင်တော့ ကျောက်သမားတွေက ဒီကဒ်ပြားရှိနေလဲ အလကားဘဲ ဆိုပြီး ယုံကြည်မှုနဲသွားကြတာ ... အဲဒါကြောင့်မို့လို့ အခုကျောက်သမား
တော်တော် များများက မလုပ်ချင်ကြတာပါ။"
ကျောက်ဝိုင်းဝင်ခွင့် ကောက်လို့ရတဲ့ ငွေတွေကိုတော့ ဘယ်နေရာမှာ ဘာအတွက်သုံးတယ်၊ ကျောက်ဝိုင်းကို ဘယ်လိုပြုပြင်တယ် ဆိုတာမျိုးကို ကျောက်ဝိုင်းကော်မတီက ငွေစာရင်းလေ့မရှိဘူးလို့လည်း
ကျောက်ဖြတ်ခုံပိုင်ရှင်က ပြောပါတယ်။
မန္တလေးကျောက်ဝိုင်းထဲကို နိုင်ငံခြားသား ဝင်မယ်ဆိုရင်တော့ တယောက်ကို အမေရိကန် တဒေါ်လာ ကောက်တယ်လို့ သိရပါတယ်။See More
By:
RFA Burmese
No comments:
Post a Comment