တရုတ်နိုင်ငံမှ
ထုတ်လုပ်သည့် သေဆုံးပြီး မွေးကင်းစကလေးငယ် ရုပ်အလောင်းများကို အမှုန်...့ကြိတ်ပြုလုပ်ထားသော
ဆေးဝါးတောင့် အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း တောင်ကိုရီးယား
တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လမှစ၍ ဖမ်းဆီးမှုများအတွင်း ရောဂါစုံ ပျောက်ကင်းသည့်ဆေးနှင့် လိင်မှုဆိုင်ရာ ခွန်အားတိုးဆေးအဖြစ် လူအချို့က ယုံကြည်ယူဆထားသော အဆိုပါ ဆေးဝါးတောင့် ၁၇,၄၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း The Wall Street Journal တွင် ဖော်ပြသည်။
အဆိုပါ ဆေးဝါးတောင့်များသည် လူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက သတိပေးပြောကြားသည်။
ပုံတွင် တောင်ကိုရီးယား အကောက်ခွန်ဌာနက သိမ်းဆည်းရမိခဲ့သော ဆေးဝါးတောင့်များကို တောင်ကိုရီးယား ရုပ်သံ ထုတ်လွှင့်မှုတစ်ခုတွင် ဖော်ပြထားသည်။See More

No comments:
Post a Comment