Social Icons

Monday, May 21, 2012

လမ်းတွေ အလွန်ပျက်စီးနေတာ ဘာကြောင့် မပြုပြင်တာလဲ


 




တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့

မြို့လယ်ခေါင်ရှိ လမ်းများမှာ မိုးရာသီမတိုင်းခင် အလွန်ပင်ပျက်စီးနေပြီး၊ တစ်ချို့လမ်းများမှာ ချိုင့်ကြီးလွန်းသဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွား လမ်းလာများ အတွက်အလွန်ပင် ဒုက္ခရောက်နေပါသည်။

ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေပါသည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ် မြိတ်ရောက်စဉ်က လမ်းကို ဟန်ပြအဖြစ် အနည်းငယ် ပြင်ပြလိုက်သည်။

၎င်းလမ်းများ ကိုဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီမှ ပြုပြင်ရန် တာဝန်ယူထား ကြောင်းကြား သိရသော်လည်း ယခုထိ တိုင်ပြုပြင်ခြင်း မရှိကျောက်နှင့် သဲများကို ဟန်ရေးပြ အဖြစ်ပုံထားသည်။

၎င်းဦးဌေးမြင့်သည် ရွှေးကောက်ပွဲ ကာလ အတွင်း လမ်းများကို ကောင်းအောင်ပြုပြင်ပေးမည်။
လျှပ်စစ်မီးများကို တယူနစ်(၂၀၀)ကျပ်ဖြင့် ရအောင် လုပ်ပေးမည် ဟု အတုအယောင် ကတိများ အမျိုးမျိုးပေးကာ စည်းရုံးခဲ့သည်။

မြိတ်မြို့၏ လွတ်တော် ကိုယ်စားလှယ်ကြီးတွေလည်း ၄င်းလမ်းကိစ္စများကို မိမိနှင့်မဆိုင်သလိုယခင် (မဆလခေတ်၊စစ်အစိုးရခေတ်) ကအတိုင်းရေငုံနုတ်ပိတ်နေခဲ့သည်။

သို့ဖြစ်ပါ၍ ၄င်းလမ်းများ အမြန်ဆုံး ပြုပြင်နိုင်ရန်အတွက် တင်ပြလိုက်ပါသည်။                                    by; ဧရာဝတီ

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .