Social Icons

Sunday, May 20, 2012

နိုင်ငံသားအလုပ်သမားတဦး၏ ရပိုင်ခွင့်နှင့်ခံစားပိုင်ခွင့်များ (ပေးစာ)



မောင်လူဝေး
မေ ၂၀၊ ၂၀၁၂
ခုတလော ကျနော် အင်တာနက်မှသတင်းများကို နေ့စဉ်နှင့်အမျှဖတ်ဖြစ်၏။ ဖတ်ရင်းနှင့် လှိုင်သာယာရှိစက်ရုံများတွင် အလုပ်လုပ်နေကြ သောအလုပ်သမားများ ဆန္ဒပြတောင်းဆိုနေသောအသံများမှာ တစတစ ကျယ်လောင်လာပြီး ဆက်တိုက်ဆိုသလို စက်ရုံ လေးငါးရုံလောက် ဆန္ဒထုတ်ဖေါ်ကြပြီး မိမိတို့အလုပ်သမားအခွင့်အရေးအတွက် ရသင့်ရထိုက်သောခံစားခွင့်များကို တောင်းဆိုနေသော ဗွီဒီယိုရုပ်သံများကို ကြည့်ဖြစ်လေတော့သည်။ ထိုဗွီဒီယိုရုပ်သံများကို ကြည့်ပြီးသည်နောက် ကျနော့်စိတ်တို့သည် လွန်ခဲ့သော အနှစ် ၂၀ ကျော် ၁၉၈၈ ခုနှစ်က အဖြစ်အပျက်များဆီသို့ ကျနော့်အတွေးအာရုံမှာ ၀ိုးတ၀ါးနှင့် ပီပြင်စွာပေါ်လာလေတော့သည်။ ထိုအခါက ကျနော်မှာ အစိုးရ၀န်ထမ်း တဦး ဖြစ်၏။ ၁၉၈၈ခုနှစ် အရေးအခင်းကြီးဖြစ်ပေါ်လာသောအခါ ဌာနဆိုင်ရာ၏ သပိတ်မှောက်ခေါင်းဆောင်တဦးဖြစ်ခဲ့၏။ ထို့နောက် အလုပ် သမားသမဂ္ဂ TRADE UNION ဟု အမည်ပေးထားသော အလုပ်သမားသမဂ္ဂ (ယာယီ) အားဖွဲ့စည်းထားလေတော့သည်။ ထို အလုပ်သမား သမဂ္ဂတွင် ကျနော့်အား တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေး၏။ ထို့နောက် အရေးအခင်းကာလအစလေးတွင်ပင် ဒုဌာန ခွဲမှူးရာထူးအဆင့်တာဝန်ရှိသူ ဦးညွန့် (မ.ဆ.လ တင်းပြည့်ပါတီဝင်) (တိုင်းအဆင့်လား၊ မြို့နယ်အဆင့်လား၊ ကျနော်မမှတ်မိတော့) ထို ဒုဌာနခွဲမှုး ဦးညွန့်အား “မဆလပါတီအလိုမရှိ” “တပါတီစံနစ်အလိုမရှိ” “ဒီမိုကရေစီချက်ခြင်းပေး” စသည့် စသည့်ကြွေးကြော်သံများ တိုင် တည်ကာ ဖြုတ်ချလိုက်လေတော့သည်။ ဦးညွန့်အားအသုံးပြုရန်ပေးထားသော RANGER. KM အမျိုးအစားကားတစီးအားလည်း ကျနော် တို့အလုပ်သမားသမဂ္ဂလက်အောက်သို့သိမ်းဆည်းလိုက်ပြီဖြစ်သောကြောင့် ထိုဒုဌာနခွဲမှူး ဦးညွန့်သည် နောက်ရက်မှစတင်ပြီး ဌာနသို့ ရုံးမ တက် တော့ချေ။ ထို့နောက် ကျနော်တို့မှ ကျနော်တို့ဌာန ရုံးရှေ့ရှိအလံတိုင်နောက်တွင် အလုပ်သမားသမဂ္ဂ (ယာယီ) ဆိုသော ဆိုင်းဘုတ်ကြီး အား ၀င့်ထည်စွာ လွှင့်ထူလိုက်လေတော့သည်။ ထိုမှ တဖန် စစ်တပ်မှအာဏာသိမ်းပြီးနောက် ပြေးရင်းလွှားရင်း ပုန်းရင်းရှောင်ရင်းနှင့် ထို မှ …ထို့နောက်…?
ယခုအခါ ပြည်တွင်းရှိ စက်မှုဇုံများတွင် အလုပ်သမားအခွင့်အရေးအတွက်အလုပ်သမားများ ညီညွတ်စွာဖြင့် ဆန္ဒပြမှုများဆက်တိုက်ဆက် တိုက်ဖြစ်ပေါ်လာသောအခါ အလုပ်သမားအခွင့်အရေး၊ တနည်းနိုင်ငံသားအလုပ်သမားတဦးရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များကိုရေးသားရန် ကျ နော့်မှာ ဆန္ဒများပြင်းထန်လာသောအခါ ဒီနေ့ ကျနော်ရောက်ရှိနေသော မလေးရှားနိုင်ငံ၏ မလေးနိုင်ငံသားတဦး၏ ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့် များကို ကျနော်လေ့လာမိသလောက်ပြောရပါမူ၊ အလုပ်သမားတဦးသည် တနေ့အလုပ်ချိန် ၈ နာရီ သာလုပ်ရန်တာဝန်ရှိသည်။ ထိုအလုပ်ချိန် ၈ နာရီကျော်လွန်ပါက over time အဖြစ် သတ်မှတ်ပေးရမည်ဖြစ်လေသည်။ ထို over time အား နိုင်ငံသားတဦးသည် မလုပ်ချင်က မလုပ်ဘဲနေပိုင်ခွင့်ရှိသည်။ အတင်းအကြပ်အလုပ်ရှင်မှသော်လည်းကောင်း၊ တာဝန်ရှိ supervisor မှသော်လည်းကောင်း၊ မည်သည့်တာဝန်ရှိသူတဦးဦးကသော်လည်းကောင်း၊ ဖိအားပေးခိုင်းစေခြင်းမျိုးအား မလေးရှားနိုင်ငံအလုပ်သမားဥပဒေတွင် ပြဌာန်းထားခြင်းမရှိ။ သို့သော်အလုပ်ရှင်မှသော်လည်းကောင်း၊ အလုပ်အော်ဒါများ တနည်း ထုတ်လုပ်မှုပစ္စည်းမှာယူမှုများ များလွန်းသောအခါ ကုမ္မဏီမှ တခြားသောပြည် တွင်း/ပြည်ပမှ ကုမ္မဏီတို့နှင့် သဘောတူစာချုပ်အရ သတ်မှတ်ထားသောအချိန်အခါတွင်ပြီးမြောက်နိုင်ရန်အတွက် ကုမ္မဏီသည် မိမိ အလုပ်သမားများအား over time အဖြစ် အချိန်ပိုသတ်မှတ်ပြီး အလုပ်သမားအား မေတ္တာရပ်ခံတောင်းဆိုပိုင်ခွင့်ရှိလေသည်။ သို့သော် အတင်းအကြပ် ဖိအားပေးခိုင်းစေခြင်းမျိုးအား ပြုလုပ်ပိုင်ခွင့် အလျဉ်းမရှိစေရဘဲ အလုပ်သမား၏ သဘောဆန္ဒအရသာဖြစ်သည်။
အိုဗာတိုင် ခေါ် အချိန်ပိုမဆင်းသဖြင့် ထိုအလုပ်သမားအား ဖြုတ်ပိုင်ခွင့် တနည်း အလုပ်မှ ရပ်စဲပိုင်ခွင့်ဥပဒေတွင်မရှိချေ။ ထိုသို့ အချိန်ပို အို ဗာတိုင်အား အလုပ်သမားမှကျေနပ်သဘောတူညီသဖြင့် အချိန်ပိုဆင်းသည့်အခါ ထိုအချိန်ပိုကြေး တနည်း အိုဗာတိုင်ကြေးအား အခြေခံ တနေ့ လုပ်အားခ၏ တဆခွဲဖြင့် တွက်ချက်ပေးရလေသည်။ (ဥပမာပေးရသော်) မလေးနိုင်ငံတွင် အလုပ်သမားတဦးသည် တနေ့လျှင် မ လေးရှားရင်းဂစ် ၃၅ ရင်းဂစ် ရသည်ဆိုပါစို့။ ထိုသူသည် တနင်္ဂနွေနေ့ (အများသူငါရုံးပိတ်ရက် – မလေးရှားတွင် public holiday ဟုလည်း ခေါ်သည်) အလုပ်ဆင်းရက် တနလာင်္နေ့မှ စနေထိ တပတ်လျှင် ငါးရက် ၅ ရက်အလုပ်ဆင်းရက်ရှိသည်။ ထို့ကြောင့် တလလျှင် အလုပ် ဆင်းရက် ရက်ပေါင်း ၂၀ ရှိလေသည်။
ထို့ကြောင့်..အလုပ်သမားတဦးသည် တလလျှင် လစာ မလေးရှားရင်းဂစ် ၇၀၀ ရပေလိမ့်မည်။ သို့သော် ..အိုဗာတိုင်ခေါ် ..အချိန်ပိုဆင်းရ သည့်အခါ တနာရီအချိန်ပိုလုပ်ခအား အခြေခံလစာ၏တနေ့ဝင်ငွေ ၃၅ ရင်းဂစ်အား ၁.၅ တဆခွဲဖြင့် မြောက်ပေးရမည်ဖြစ်သည်။ အခြေခံ တနေ့လစာအား တဆခွဲ ၁.၅ ဖြင့်တွက်ချက်သော် အလုပ်သမား၏အချိန်ပိုတနာရီလုပ်ခသည် မလေးရင်းဂစ် ၆.၅၆၂၅ ရသော် အကြမ်းဖျဉ်း အချိန်ပို over time တနာရီလုပ်ခသည် ၆.၆၀ ရင်းဂစ်နှင့် ၆၀ ဆင့် ရရမည်ဖြစ်သည်။ တနင်္ဂနွေနေ့ အများသူငါ ရုံးပိတ်ရက်တွင် အလုပ် ဆင်းပေးရပါမူ အခြေခံတနေ့လုပ်ခ၏နှစ်ဆ ..တနည်း double ပေးရမည်ဖြစ်သည်။ နှစ်ဆပေးရမည်ဖြစ်သောကြောင့် အလုပ်သမားသည် ၃၅ ရင်းဂစ် နှစ်ဆ ၇၀ ရင်းဂစ်ရပေလိမ့်မည်။ ၎င်းအပြင် ဂဇက်တက်ဒ် ဟောလီးဒေး gazette holiday ဟုခေါ်သော အစိုးရပြန်တမ်းသမိုင်းဝင်နေ့ရက်များ ( ဥပမာ )လွတ်လပ်ရေးနေ့ဆိုပါစို့။ ထိုနေ့မျိုးတွင် ကုမ္မဏီသည်လုပ်ငန်းအရေးကြီးလွန်းသဖြင့် အလုပ်သမားအားခိုင်းစေမည် ဆိုလျှင် အခြေခံလစာတနေ့ဝင်ငွေ၏ သုံးဆ triple ပေးရလေသည်။ တနေ့ဝင်ငွေ ၃၅ ရင်းဂစ်ရသောအလုပ်သမားသည် ထို gazette holiday နေ့တွင်အလုပ်ဆင်းရပါမူ ၁၀၅ ရင်းဂစ်ပေးရလေသည်။ ၎င်းအပြင် အချိန်ပို အိုဗာတိုင်ဆင်းရသော်လည်း ညဖက် ၁၀ နာရီကျော်ပါက ထိုအိုဗာတိုင်အချိန်ပိုဆင်းခသည် တဈေးဖြစ်ပြီး ညဖက် ၁၂ နာရီကျော်လွန်ပါက တဈေးသတ်မှတ်ပေးထားလေသည်။ သို့သော်.မလေး ရှားနိုင်ငံသား တနည်း မလေးလူမျိုးအများစုသည် မလေးစကားနှင့်အခေါ် (ဘူမိပူထရာ) မူလနိုင်ငံသားဖြစ်သည့်အညီ ထိုအချိန်ပို အိုဗာ တိုင်အား အများစုမှာ လုံးဝမလုပ်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ကိုယ်ရေးကိုယ်တာများအပြင် မိသားစုများနှင့် အနားယူနိုင်ရန် အတွက် အချိန်ပိုမဆင်းခြင်းဖြစ်ပေလိမ့်မည်။ ထိုသို့ မလေးလူမျိုးများ အချိန်ပို အိုဗာတိုင်အလုပ်မဆင်းခြင်းအပေါ်တွင် အလုပ်ရှင်သည် ချမ်း သာသောအရှိန်အ၀ါဖြင့်သော်လည်းကောင်း၊ ကုမ္မဏီပိုင်ရှင်ဟူသော အရှိန်အ၀ါဖြင့်သော်လည်းကောင်း မည်သို့မျှ မပြောရဲချေ။ ၎င်းအပြင် ကုမ္မဏီ ရုံးစာရေးများ၊ ရုံးပိုင်းဆိုင်ရာ အလုပ်လုပ်သူ မလေးနိုင်ငံသားများအတွက် စနေနေ့သည် နေ့တ၀က်တင်အလုပ်လုပ်ရလေတော့ သည်။ ထို့အပြင် မလေးရှားနိုင်ငံသည် မူဆလင်ဘာသာကိုးကွယ်သည့်နိုင်ငံဖြစ်သည်နှင့်အညီ မလေးနိုင်ငံသား မလေးလူမျိုးအများစုသည် သောကြာနေ့တွင် ၎င်းတို့ကိုးကွယ်ရာဘာသာအားဝတ်ပြုရန်အတွက် နေ့တ၀က် (၁၂) နာရီနောက်ပိုင်းအချိန်တွင် ကုမ္မဏီမှ ၀တ်ပြုနိုင်ရန် အတွက် ခွင့်ပြုပေးရလေသည်။ ၎င်းသည် ဥပဒေပါ ဘာသာရေးအရ ထပ်ပြီးခွင့်ပြုပေးခြင်းဖြစ်သည်။ ကုမ္မဏီသူဌေးသည် လုံးပါးစပ်ပိတ်ပြီး နေရ၏။ ပြောလည်းမပြောရဲပေ။ အဘယ်ကြောင့်ဆိုသော် မလေးရှားအလုပ်သမားဥပဒေသည် မလေးနိုင်ငံသားများအတွက် အပြည့်အ၀ ခံစားခွင့်နှင့် အပြည့်အ၀အလုပ်သမားအခွင့်အရေးအား ကာကွယ်ပေးထားသောကြောင့် ထိုလုပ်ငန်းရှင်သူဌေး ပါးစပ်ပိတ်ပြီး ဘာမှမပြော ရဲခြင်း ဖြစ်လေသည်။
မလေးရှားနိုင်ငံသား အလုပ်သမားတဦးအတွက် ကုမ္မဏီသည် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အသက်အာမခံအား အဆိုပါကုမ္မဏီ မှ ထားပေးရ၏။ အလုပ်သမားသည် ကုမ္မဏီတွင် အနည်းဆုံးတနှစ်လုပ်သက်ရှိလာသောအခါ ထိုအလုပ်သမားအတွက် မော်တော်ကားဝယ် ယူလိုသောအခါ ကုမ္မဏီမှ အာမခံပေးရ၏။ နာမကျန်းဖြစ်ပါမူ ဆေးရုံ ဆေးခန်းတို့မှ သက်ဆိုင်ရာဆရာဝန်၏ ဆေးထောက်ခံချက်ဖြင့် အနား ပေးရ၏။ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတက်ရသော် ဆေးရုံတက်နေစဉ်အတွင်း လစာအပြည့်ပေးထားရ၏။ ထိခိုက်ဒဏ်ရာရရှိမှု အပေါ်မူတည်ပြီး အာမခံမှလျှော်ကြေးငွေပေးရပြန်လေသည်။
နောက်တခါ ကုမ္မဏီတွင် အလုပ်သမားသည် လုပ်သက်တနှစ်ပြည့်ရှိသည့်အခါ BONUS ဟုခေါ်သော အပိုထောက်ပံ့ကြေးငွေအား လုပ်ခ လစာ၏ တလစာအားပေးရလေသည်။ အလုပ်သမားသည် ကုမ္မဏီတွင် နှစ်အလိုက် BONUS ရရှိခြင်းသည် ကွာခြားမူရှိ၏..လုပ်သက်များ သော် BONUS သည် ပို၍ရ၏။
ထိုသို့ အလုပ်သမားများအားအခွင့်အရေးနှင့်ခံစားခွင့်များပြည့်စုံစွာအလုပ်သမားဥပဒေအရသော်လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း ခံစားခွင့်ပေးထားသော်လည်း မလေးလူမျိုးအလုပ်သမားများသည် များသောအားဖြင့် ပျင်းလေသည်။ ကျနော်တို့နိုင်ငံရှိ အ လုပ်သမားထုကြီးမှာသာ မဖြစ်စလောက်လစာနှင့်“ကျွန်” သဖွယ် အတင်းအကြပ်ဖိအားပေးခိုင်းစေခံနေရခြင်းသာဖြစ်လေသည်။ အကြောင်း မှာ နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင်ကုမ္မဏီတခုလာရောက်ဖွင့်လှစ်မည်ဆိုပါက မြန်မာနိုင်ငံသားတဦးပါမှ ကုမ္မဏီဖွင့်ခွင့်ရှိလေသည်။ မလေးရှားနိုင်ငံတွင်လည်း ထိုနည်း၎င်းပင်။ မလေးရှားနိုင်ငံသားတဦးပါရ၏။ ကျနော်တို့နိုင်ငံတွင် ကုမ္မဏီလာရောက်ဖွင့်လှစ်သောနိုင်ငံခြား သားနှင့်ဖက်စပ်ပါသောသူမှာ လက်ရှိအစိုးရ၀န်ကြီးဆိုသူများ၊ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ကြီးများ၏ဆွေမျိုးများသာဖြစ် နေသောကြောင့် ယနေ့မြန်မာနိုင်ငံတွင် တခုတည်းသာရှိသောအလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ချုပ် ညွှန် မှူးဆိုသူများသည် အလုပ်သမားများနစ်နာမှုများ ရပိုင်ခွင့်များ၊ ခံစားပိုင်ခွင့်များကို သားသမီးချင်းကိုယ်ချင်းမစာမနာစွာဖြင့် မျက်နှာပြောင် တိုက်ကာ လစ်လျှုရှုနေသည်မှာ နိုင်ငံခြားသားအကျိုးစီးပွားအတွက်သာမဟုတ်ပဲ ..ဗိုလ်ချုပ်ကြီးများ ဗိုလ်ချုပ်များအတွက် ကာကွယ်ပေးနေ ခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံရှိကုမ္မဏီအများစုသည် ၎င်းဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ကြီးများ၏သားသမီးများ၊ ဆွေမျိုးများနှင့် အကျိုးတူနိုင်ငံခြား သားပိုင်ကုမ္မဏီများဖြစ်နေသောကြောင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့သည် အလုပ်သမားများဖက်မှရပ်တည်မှုမပေးပဲ အစိုးရ ၀န်ထမ်းနှင့် ကုမ္မဏီဝန်ထမ်းတို့အား မတူသလိုလိုခွဲခြားပြောဆိုခြင်းများ၊ အလုပ်ရှင်ပြောသလိုလုပ်ကိုင်ရန် ဖိအားပေးခြင်းများ၊ ဖျောင်းဖျ စကားပြောဆိုခြင်းများမှာ လွန်စွာမှညစ်ပတ်သော၊ ရုပ်ဆိုးအကျဉ်းတန်သော တာဝန်မဲ့မှုပင်ဖြစ်ပါသောကြောင့် ယခု အရေးဆိုဆန္ဒပြတောင်း ဆိုနေကြသော နေမင်းရောင်အထည်ချုပ်စက်ရုံ၊ စပါယ်ပွင့်အထည်ချုပ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံ၊ ဒဏ္ဍာရီအထည်ချုပ်စက်ရုံ၊ တော်ဝင် အထည်ချုပ်စက်ရုံ ၀န်ထမ်းအလုပ်သမားများတို့သည် မိမိတို့၏ နိုင်ငံသားအလုပ်သမားအခွင့်အရေးများကို အထက်ပါ ကျနော်တင်ပြခဲ့သည့် အတိုင်း နှိုင်းယှဉ်၍ အထည်ချုပ်စက်ရုံများရှိ အလုပ်သမားထုကြီးအားလုံး မှ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့အလုပ်သမားအခွင့်အရေးများတောင်းဆိုချက်များရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြပါရန်လေးစားစွာဖြင့်တိုက်တွန်းလိုက်ရပါတော့သည်။
ထောက်ခံမှုအပြည့်အ၀များဖြင့်..
ကျနော်မောင်လူဝေးပါ။
e.mail – mgluuway@gmail.com
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ။
မှတ်ချက်။ ။ ယခုဆန္ဒပြနေသော လှိုင်သာယာအထည်ချုပ်စက်ရုံမှအလုပ်သမားများအား လုပ်ငန်းရှင်မှ လုပ်ငန်းများနှောင့်နှေးမှုမဖြစ်စေလိုပါက အမြန်ဆုံးတွေ့ဆုံညှိနှိုင်းဆောင်ရွက်ပေးရုံမှတပါး အခြားမရှိကြောင်းပါခင်ဗျား။                                                                                  by;moemakha

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .