Social Icons

Sunday, May 20, 2012

အထက်မြန်မာပြည် သတင်းသမားများ ကွန်ရက်


မန်းသားလေး

Green Elephant စားသောက်ဆိုင်တွင် ပြုလုပ်သည့်
ကွန်ရက်ဖွဲ့စည်းရေး အစီအစဉ်သို့ တက်ရောက်လာကြသော အထက်မြန်မာပြည် သတင်းသမားများ

အထက်မြန်မာပြည် သတင်းသမားများ ကွန်ရက် အဖွဲ့ (Upper Myanmar Journalist Network) ကို စနေနေ့က ဖွဲ့စည်းလိုက်ကြသည်။

တက်ရောက်လာသူ ၄၈ ဦးက အမှုဆောင် ကော်မတီ ၉ ဦးကို ဆန္ဒမဲပေးပြီး ရွေးချယ်ကြရာ ဥက္ကဋ္ဌတာဝန်ကို ကိုအောင်ရှင်(မြန်မာတိုင်းမ်) က ၁၈ မဲ ဖြင့် ရရှိခဲ့ပြီး အတွင်းရေးမှုးနေရာကို ကိုထွန်းဝင်း (ရွှေမန္တလေး) က ၈မဲ ဖြင့် ရရှိသွားသည်။

ယခင် Myanmar Journalist Network Mandalay (MJNMandalay) ကို ယခု ကဲ့သို့ ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

"MJNMandalay ဘ၀တုန်းက ရန်ကုန် MJN တွေနဲ့ ချိတ်ဆက်ပြီး အလုပ် လုပ်ခဲ့တယ်။ အခု ဒီအသင်းအဖွဲ့ကို ပိုမို ကျယ်ပြန့်ချင်တယ်။
ဒါ့ကြောင့် အထက်မြန်မာပြည်ဘက်က လူတွေ သတင်းသမားတွေ စုစည်းပြီး ဒီအသင်းလေးကို နာမည်ပြောင်းဖွဲ့လိုက်တာပါ။
အထက်မြန်မာပြည် ဆိုတာလေးကို သီးသန့် ပါစေချင်လို့ပါ" ဟု အဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသော ကိုအောင်ရှင်က ပြောသည်။

"လောလောဆယ် ဒီအဖွဲ့ဝင်တွေ များလာအောင် ကျွန်တော်တို့ အရင်လုပ်မယ်။ ပြီးတော့ သတင်းတွေနဲ့ ချိတ်ဆက်ပြီး သတင်းစာနဲ့ ဆိုင်တဲ့ သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်သွားမယ်။
ပြီးတော့ ကွန်ရက်အဖွဲ့ဝင်ထားတဲ့လူတွေရဲ့ သာယာရေး ၊ နာရေးတွေကို ထောက်ပံ့ကူညီသွားမယ်။ သတင်းသမားတွေ သတင်းယူတဲ့အခါမှာ အခက်ခဲဖြစ်ခဲ့ရင်လည်း တာဝန်ယူဖြေရှင်းပေးသွားပါ့မယ်။
သူတို့ဘက်က ဒီအသင်းဖွဲ့က ရပ်တည်ပေးသွားပါ့မယ်" ဟု ၎င်းက ဆက်ပြောသည်။

လာမည့်နှစ်များတွင် အဖွဲ့အတွက် အသင်းမှတ်ပုံတင်ခြင်း လုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်ပြီး လတ်တလောတွင် ကွန်ရက်အဆင့်သာဖြင့် ရပ်တည်သွားမည်ဟု သိရသည်။
ဆရာညီပုလေးနှင့် ဆရာ သင့်နော်က ဆန္ဒမဲများကို ရေတွက်ပေးနေစဉ်

by;AYWD

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .