Social Icons

Sunday, May 20, 2012

စစ်တပ် မပါသည့် လွှတ်တော် ဖြစ်ရန် စောသေးဟု ဦးရွှေမန်းပြော

စစ်တပ်ကိုယ်စားလှယ် မပါသည့် လွှတ်တော် ဖြစ်ရန်၊ လူထု ကိုယ်စားပြု လွှတ်တော် ဖြစ်ရန် အချိန်စောသေးကြောင်းနှင့် စစ်တပ် တွင်း၌လည်း ဒီမိုကရေစီ ရှိကြောင်း ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ပြောဆိုလိုက် သည်။ ထို့အပြင် အခြေခံ ဥပဒေကို ပြင်ဆင်ရန် ပြဌာန်းထားသော ဥပဒေများလည်း ရှိထားပြီးဖြစ်၍ အကြောင်းညီညွတ်လျှင် ပြင် ဆင်နိုင်သော အနေအထားရှိသည်ဟု ဦးရွှေမန်းက လန်ဒန်မြို့၌ ဘီဘီစီ နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသွားသည်။ ဦးရွှေမန်း သည် ဥရောပ ပါလီမန်များကို လေ့လာရန် ရောက်ရှိနေခြင်းဖြစ်ပြီး မေလ အစောပိုင်းတွင် ဂျမနီ၊ ဘယ်လ်ဂျီယန်၊ နော်ဝေ စသည့် နိုင်ငံများသို့ သွားရောက်ခဲ့သည်။                                                               by;AYWD

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .