ရေးသားချိန် 7 May 2012, 11:43 AEST
အသက်(၆၁)နှစ်ရှိပြီဖြစ်တဲ့ ဦးတင်အောင်မြင့်ဦးဟာ စင်္ကာပူ နိုင်ငံမှာသွားရောက်ဆေးကုသခံယူပြီး ပြန်အရောက် မေလဘ (၃) ရက်နေ့က ကျန်းမာရေးအခြေ အနေကြောင့် နှုတ်ထွက်စာတင်ခဲ့တယ်ဆိုတဲ့အကြောင်း VOA သတင်းတွေမှာဖေါ်ပြထားပါတယ်။ဦးတင်အောင်မြင့်ဦးဟာ မြန်မာနိုင်ငံမှာအုပ်ချုပ်ခဲ့တဲ့စစ်အုပ်ချုပ်ရေးလက်ထက်တုန်းက ထိပ်တန်းအရာရှိဖြစ်ပြီး အစိုးရသစ်ထဲမှာ ဒုသမ္မတ၂ဦးရှိတဲ့အထဲက တဦးဖြစ်ပါတယ်။
သတင်း မီဒီယာတွေထဲမှာလဲ နိုင်ငံရေးအပြောင်းအလဲတွေကို မလိုလားတဲ့ အစိုးရတွင်းကအုပ်စုကို ထိပ်ကဦးဆောင်သူ လို့လဲဖေါ်ပြထားပါတယ်။
ဦးတင်အောင်မြင့်ဦး ဟာ DSA ကနေ ၁၉၇၀ပြည့်နှစ် အသုတ်ကကျောင်းဆင်းခဲ့သူဖြစ်ပါတယ်။
၁၉၉၇ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားသူများကို ဖမ်းစီး နှိမ်နင်း အကျဉ်းချခဲ့ပြီးနောက် အတွင်းရေးမှူး (၁) ရာထူး ကိုရခဲ့သူဖြစ်ပါတယ်။
No comments:
Post a Comment