Social Icons

Tuesday, May 8, 2012

သေနတ်နဲ့ထောက်ပြီး ဆွေးနွေးပွဲမှာ စကားပြောခိုင်းတာဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်တာမဟုတ်ဘူး အနိုင်ကျင့်တာလို့ခေါ်တယ်..


အမျိုးသားအရေး ၊ တိုင်းရင်းသားအရေးဆိုပြီး လက်သီးလက်မောင်းတန်းနေကြသူတွေကို မေးချင်တယ်ဗျာ....၊ ကချင်လူမျိုးတွေကို မြန်မာတိုင်းရင်သားလို့ လက်မခံကြလို့ ငြိမ်နေကြတာလား၊ ကချင်လူမျိုးတွေက မြန်မာတိုင်းရင်းသားတွေ မဟုတ်လို့လားဗျား..၊ ကချင်လူမျိုးတွေက ဒီမိုကရေစီကို ထောက်ခံထားလို့လား...၊ ဧရာဝတီအရေးမှာ ကချင်ဒေသက အရင်းခံဖြစ်တာမို့ တရုတ်ကြီးက တိုက်ခိုင်းထားလို့လား...၊ ခင်ဗျားတို့တတွေ အမျိုးသားရေးဆိုပြီး အခုအော်သလို တိုင်းရင်းသားအရေးမှာ တကယ်အော်ရင် စစ်ပွဲတွေလဲရပ်လောက်ပြီ၊ ငြိမ်ချမ်းရေးလဲ ရလောက်ပြီ၊ စစ်ပြေးဒုက္ခသည်တွေလဲ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်ပြီ...၊ ကချင်ပြည်အရေးကို အမှောင်ချပြီး ဆိုဒ်ဝါးတွေထဲ မျှေားလိုက်နေတာ ဒီပွဲတွေက မတရားဘူး ၊ သေနတ်နဲ့ထောက်ပြီး ဆွေးနွေးပွဲမှာစကားပြောခိုင်းတာဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်တာမဟုတ်ဘူး အနိုင်ကျင့်တာလို့ခေါ်တယ်...။ တိရိ စ္ဆာန်တောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်တယ် ၊ ကချင်တိုင်းရင်သားတွေဟာ လူသားတွေပါ တိရိ စ္ဆာန်တွေလို သဘောထားပြီး အနိုင်မကျင့်ကြပါနဲ့...။

ဦးနိုင်ဝင်း လန်ဒန်

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .