Social Icons

Monday, August 25, 2014

လီဆူလူမျိုးများကို ပြည်သူ့ စစ်ထဲသို့ ဝင်ရန် လာရောက်ခေါဆောင်မှုများရှိနေ

 
            
             ကချင်ပြည်နယ်ဆောလောမြို့ နယ် အတွင်းရှိ လီဆူ လူမျိုးများကို ပြည်သူ့ စစ်ထဲဝင်ရန် လာရောက်ခေါ်ဆိုမှုများကြောင့် လီဆူအမျိုးသားတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဌာနချုပ်တို့ တိုင်တန်းမှုများရှိကြောင်း ပါတီအထွေထွေ အတွင်းရေးမှူးလာမာလေးက ရှမ်းနီခောတ်ဂျာနယ် သို့  ပြောကြားကြောင်း သိရသည်။

             " ဆောလောက ကျွန်တောတို့ ပါတီရဲ့  ခြောက်လပတ်အစီရင်ခံစာမှာ ဒေသခံတွေကို ပြည်သူ့ စစ်လုပ်ခိုင်းနေတယ်၊ မလုပ်လို့ ရှိရင် တရုတ်ငွေ ၂၀၀၀ ပေးရမယ်။နောက် အိမ်သိမ်းတဲ့ အဆင့်ထိရောက်အောင် လုပ်နေတယ်လို့ တင်ပြလာတယ်။ " ဟု လီဆူပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာမာလေးက ပြောကြားသည်။

            ပြည်သူစစ်ထဲသို့  ခေါ်ဆောင်သွားခြင်းခံရပြီး ပြည်သူ ၂၀ ဦးခန့် သည် ပြန်လည် လွတ်မြောက်လာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ " ချီဖွေ မြို့ နယ်မှာလည်း ကျွန်တောတို့  ဇွန်လှိုင် ၉ ရက်နေ့  မှာ ပါတီဆိုင်းဘုတ်တင်ပြီးလို့  တစ်ပတ်အကြာမှာပဲ ပါတီဥက္ကဠကို ပြည်သူ့ စစ်အဖွဲ့ က ကားနဲ့ လာခေါ်တယ်။ လာခေါ်တော့ ပါတီဥက္ကဠက ငါ့ကို ဖမ်းချင်ဖမ်း၊ ငါလည်းတိုင်မယ် ပြောတော့ နောက်နေ့ ပြန်လာတယ်။ မခေါ်တော့ဘူးဆိုတဲ့ အကြောင်းလာပြောတယ် ။" ဟု ဦးလာမာလေးကပြောကြားသည်။
            
               အဆိုပါဒေသတွင် လောဝေါ်ပြည်သူ့ စစ်နှင့် ဦးဇခုန်တိန့်ယိမ်း ၏NDAK နယ်ခြားစောင့်တပ်တို့ လှုပ်ရှားနေကြောင်းလည်း သိရသည်။ လီဆူပါတီအနေဖြင့် လီဆူလူမျိုးများအား ပြည်သူ့ စစ်အဖြစ် ဆောင်ရွက်ရန် လာရောက်ခေါ်ဆောင် နေခြင်းကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ရှမ်းနီခေတ်ဂျာနယ်တွေ ဖေါ်ပြ ထားသည်။

               ပြည်သူ့ စစ်များနှင့် ပတ်သက်ပြီး ပြည်သူ့ လွတ်တော်ထဲတွင်ဆွေးနွေးရာ ပြည်သူ့ စစ်အဖွဲများ၏ ငွေကြေးတောင်းခံခြင်း၊ တခြားလူ့ အခွင့် အရေးချိုးခေါက်ခြင်းများ၊ ဥပဒေမဲ့ လုပ်ရပ်များကို မည်သို့ အရေးယူဆောင်ရ့က်နေသည်ကို မေးမြန်းခဲ့ သောလည်း တိကျခိုင်မာသည့် အဖြေများကို မရရှိခဲ့ ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူ့ စစ်အဖွဲ့ ပေါင်း ၅၀၃၅ ဖွဲ့ ရှိပြီး ထိုပြည်သူ့ စစ်တွင် အသွင်ပြောင်းပြည်သူ့ စစ်နှင့် မူလပြည်သူ့ စစ် ဟု နှစ်မျိုးရှိကြောင်းသိရသည်။

သတင်း_ ရှမ်းနီခေတ်ဂျာနယ်

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .