Social Icons

Friday, August 8, 2014

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း အပိုင်း(၁) ၊ အပိုင်း(၂) ၊ အပိုင်း(၃)နိဂုံးပိုင်း

 

အာဏာရှင် သန်းရွှေ နှင့် သိန်းစိန်တို့ အစိုးရ ငြင်းကြမလား?

Posted by Maha Mingyi 


သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း

အပိုင်း(၁)

ပွင့်လင်းလွတ်လပ်စွာ ခြေရာခံစစ်ဆေးနိုင်မှုကင်းမဲ့ခြင်းကြောင့် အဂတိချစားမှုက ဆင်းရဲချမ်းသာမှု အား အံ့မခန်းဘွယ် ကွာဟကြီးထွားလာရခြင်းနှင့် အကန့်သတ် သီးခြားသတ်မှတ်ထားသည့် အ နည်း ငယ်သောလူတန်းစားများအတွက်သာ ကြီးမားသော ငွေရေး ကြေးရေးပိုင်ဆိုင် စီမံ ပိုင်ခွင့် အားမျက်နှာသာပေးခွင့်ပြုထားလေ၏ ။ ထိုအချက်၂ချက်ကြောင့် ဆင်းရဲချွတ်ခြုံကျမှုပမာဏ တိုးမြင့် လာပြီး ပြည်သူလူထုအတွက် အကျိုးသက်ရောက်စွာ အသုံးပြု ခွင့်ရှိသော ဓနအင်အား ချိနဲ့ ချို့ယွင်း သွားရသည်ဟု The Financial Time က ရေးသားထောက်ပြ ပါသည်။

A lack of accountability, corruption allows enormous financial opportunity for a select few at the expense of average persons, intensifying the gap between rich and poor; this coupled with a resulting lack of effective social spending, leads to increased rates of poverty.(The Financial Time)

မြန်မာပြည်အတွင်း နိုင်ငံခြားမှ ၀င်လာသောငွေ၏ အကြီးမားဆုံးသည် တန်ဘိုး အနဂ္ဂ ကြီး
သောကျောက်မျက်ရတနာလုပ်ငန်းနှင့် သဘာဝတွင်းထွက် ဂစ် များအား စုပ်ထုတ်ရောင်း ချခြင်းဟု သိရသည်။ ယခင် ဦးသန်းရွှေ စစ်အုပ်စုနှင့် ယခု ဦးသိန်းစိန်တို့၏ အုပ်စုနှစ်ခုလုံးက တိုင်းပြည်၏ ၀င်ငွေပမာနအား ပွင့်လင်းမြင်သာစွားဆောင်ရွက်လုပ်ကိုင်ခွင့်မပြုကြောင်းကို ယခု တိုင်ပင် ရှိနေလေ သည်။ တိုင်းပြည်၏ ရေနံနှင့် သဘာဝဓါတ်ငွေ့ ၀င်ငွေပမာဏအား ယနေ့ထိ ဘယ်လို ရရှိသည်၊ မည်သို့ စီမံသုံးစွဲသည် ဆိုသော အချင်းရာအား ဖွင့်ထုတ်ဖေါ်ပြခြင်း မရှိသည့် အပြင် စစ်ဘက်ဆိုင်ရာမှ ပါဝင်ပတ်သက်သော ရင်းနှီးမြုပ်နှံလုပ်ကိုင်သည့် လုပ်ငန်းများအား အဆိုပါဝင် များတွင် စီမံဆောင်ရွက်ခွင့်ရှိနေသောကြောင့် မည်သို့မည်ပုံ ရရှိသုံးစွဲနေသည်မှာ ခန့်မှန်းတွက် ဆနိုင်ခြင်း မရှိသေးသော အနေထားတွင်ရှိနေရခြင်းနှင့် အကျိုးမြတ်ခွဲဝေရယူမှုအနေထား ဖုံးကွယ်ထားခြင်းသည်ကပင် အလွန်ရှည်လျှားသော မြန်မာပြည်၏ သံယံဇာတမှာ ကြောက် မက် ဖွယ်ကြိမ်စာသင့်နေကြောင်း Asia Review စာစောင်က ရေးသား ထောက်ပြပါသည်။

Although revenues from the export of natural gas and precious jades are the largest source of foreign income in Burma, there has been no revenue transparency under both the previous Than Shwe regime and the current Thein Sein regime. How the government receives, manages, or uses oil and gas revenues is not publicly disclosed, the role that military enterprises play in revenue management and use remains unaccountable, and a total lack of benefit sharing is prolonging Burma’s resource curse.( Asia Review)

၂၀၀၁ ခုနှစ်မှစ၍ သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ရရှိသော ကနဦးလက်ခံရရှိသော ၀င်ငွေမှ ယနေ့ တိုင်ပင် မည်သို့ လုပ်ကိုင်ဆောင်ရွက် ခန့်ခွဲကြောင်း အတိလင်း ဖေါ်ပြခြင်း မရှိသည်မှာ ဦးသန်းရွှေ စစ်အုပ်စုအုပ်ချုပ်မှုကာလနှင့် လက်ရှိ ဦးသိန်းစိန် အုပ်စု အုပ်ချုပ်နေသော ကာလ နှစ် ရပ် လုံး တွင် တွေ့ ရသည်။

သဘာဝဓါတ်ငွေ့များ ရောင်းချလိုက်ခြင်းမှရသော နိုင်ငံတော်ပိုင်ငွေများသည် ပြည်သူအတွက် သုံးစွဲရန် ဘတ်ဂျက်ငွေအဖြစ် အဘယ်ကြောင့်ရောက်လာခြင်းမ ရှိသေးသလဲ? ဟု မေးခွန်း ထုတ် ရပေ မည်။ သို့သော် ကျွမ်းကျင်သော ပညာရှင်အများစု၏ ခန့်မှန်းတွက်ချက်မှုအရ အဆို ပါ နိုင်ငံ
ခြား ၀င်ငွေများသည် တိုင်းပြည်သို့ ၀င်မလာပဲ နိုင်ငံခြားတွင်ရှိသော ငွေအပ်နှံမှု (ဘန့်ခ်) အကောင့် များတွင်သာ အပ်နှံထားပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအတွက် နှင့် စစ်ဘက်ဆိုင်ရာ စစ်လက် နက်များ ၀ယ်ယူရန်အတွက်သာ ထည့်သွင်းထားသည်ဟု ( The Global Economic) စာစောင် က ထောက်ပြထားသည်။

Since receiving its first payments for the export of gas in 2001 until today, both the military junta led by Than Shwe and the current Thein Sein regime have not disclosed how gas revenues enter the country or how they are managed. The gas money is not entered into public accounts or the national budget, so where is it? Most analysts speculate that payments are deposited into foreign bank accounts which are accessed by military generals for arms purchases and personal expenses.
( The Global Economic)

နိုင်ငံတော်မှပိုင်ဆိုင်သော မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းဆိုင်ရာတွင် လုပ်ကိုင်ခဲ့သော အရာရှိကြီးတဦး၏အဆိုအရ ဆိုလျှင်၊ ရတနာ သဘာဝဓါတ်ငွေ့မှ ရောင်းချ ရရှိသော ငွေများ အား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခြင်းလုံးဝမရှိကြောင်း ဖွင့်ဟဘူးသည်။ အဆိုပါ ထိုင်းနိုင်ငံသို့ ရောင်းရငွေများအား တတိယ ကြားခံအဖွဲ့စည်းမှ နိုင်ငံခြားတိုင်းပြည်များဖြစ်သော တရုတ်၊ ဒူဘိုင်းနှင့် စကာင်္ပူတို့တွင်ရှိသော ငွေအပ်နှံရာ ဘဏ်များသို့ ပေးချေ ရောက်ရှိနေသည်။
၂၀၀၉ ခုနှစ်တွင် မြန်မာပြည်မှာ အမေ၇ိကန်ဒေါ်လာ သန်းပေါင်း ၂ထောင်မှ သန်းပေါင်း ၄ထောင် ထိပင် ထိုင်းနိုင်ငံသို့ ရောင်းချရသော ၀င်ငွေများ ရရှိခဲ့ရပြီး ၄င်းငွေသားများ အား မြန်မာပြည်သူ များနှင့်ဆိုင်သော တိုင်းပြည်၏ ဘဏ်အတွင်းသို့ ရောက်ရှိလာရန်မှ (The Economic Star Magazine)စာစောင်က အောက်ပါအတိုင်း ထောက်ပြထားသည်။

According to a former official of the state-owned Myanmar Oil and Gas Enterprise (MOGE), income from the sale of the Yadana gas never even enters Burma. The payments are disbursed by Thailand through a third party to bank accounts in foreign countries such as Singapore, Dubai, and China. in 2009 that “Burma currently receives between $2 and $4 billion a year from its sales of natural gas to Thailand, but these funds are kept far from the country’s public accounts.

အဆိုပါ ထောက်ပြသောအကြောင်းရာများထဲတွင် ထိမိဆုံးသော စကားလုံးမှာ” မြန်မာပြည် စစ် အာဏာရှင် အစိုးရမှ လူ့အခွင့်ရေးများအား မိမိ၏ တိုင်းသူပြည်သားများအပေါ် ချိုးဖေါက် ယုံတင် မက သန်းထောင်ပေါင်းများစွာသော အမေ၇ိကန် ဒေါ်လာများအား လုံးလုံးလျား လျား ပြည် သူများ မှ ဓားမြတိုက် လုယက် ကွယ်ဝှက်ထားသည်” ဟု ဆိုထားသည်။

“As well as violating their own citizens’ human rights, Burma’s
military rulers are robbing their people blind by hiding billions in
energy revenues.”

သဘာဝဓါတ်ငွေ့နှင့် ကျောက်မြက်ရတနာတို့မှရ၇ှိသော ၀င်ငွေအား တရားဝင် ငွေလဲလှယ်နုံန်း အဖြင့် အမေရိကန် ၁ ဒေါ်လာသည် မြန်မာငွေ ၈၀၀မှ ၁၀၀၀ ကျပ် ၀န်းကျင်ပေါက်သော အချိန် ၀ယ် မြန်မာငွေ ၆ ကျပ်နုံန်းနှင့်သာ နှစ်ပေါင်း ၂၀ ကာလအတွင်း စစ်အုပ်ချုပ်မှုတွင် သတ်မှတ်ခဲ့ သည့် အတွက် သဘဘ၀ဓါတ်ငွေ့ရောင်းချမှုမှရရှိသော သန်းထောင်ပေါင်းများစွာဖြစ်သည့် အမေရိကန်ဒေါ်လာများအား စားရင်းအင်း မရှိ အရှင်းပြောက်ဆုံး သွားခဲ့သည်။ ထို့ကြောင့် မြန်မာ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများက ၁၉၉၈ ခုနှစ်မှစကာ အဆိုပါ တရားဝင်ငွေလဲနုံန်း သတ်မှတ် ထား ချက် အရ နိုင်ငံခြားသို့တင်ပို့သော သဘာဝဓါတ်ငွေ့ရောင်းချမှုတန်ဘိုး၏ ဒေါ်လာ ဘီလီယံများစွာ အား ဆထက်တံပိုး ကွယ်ဝှက်ကာ အိပ်ထဲသို့ ထည့်ခဲ့ကြသည် ဟု လက်ရှိ အမေရိကန် ငွေထိန်း ချုပ်ရေးဌာနက ထုတ်ပြန်ထားခဲ့ဘူးသည်။

Gas and jade revenues in Burma are recorded at the ‘official’ exchange rate of 6 kyat: US$1 while the market exchange rate ranges from 800-1,000 kyat: US$1 under military regime rule for 20 years, leaving billions of dollars’ worth of gas payments completely unaccounted for. Burma’s top military generals have therefore hidden billions of gas export dollars since 1998 due to the dual exchange rate system in Burma according to US Treasury Control Department.

အဆိုပါ ငွေလဲလှယ်နုံန်းစည်းမျဉ်းအရ မြန်မာအာဏာပိုင် အုပ်စုအဖို့ ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် ထိတိုင် ရတနာ သဘာဝဓါတ်ငွေ့မှ ထုတ်လုပ်တင်ပို ရောင်းချသောဝင်ငွေမျာအား အမေရိကန်
ဒေါ်လာငွေ သန်းပေါင်း ၄ထောင်နီးပါးမှ သန်းပေါင်း ၅ ထောင် နီးပါအထိ နိုင်ငံတော်ဝင်ငွေ ၉၉ ရာနုံန်းအား ခိုးဝှက် ခဲ့ကြသည်ဟု ခန့်မှန်းထားကြသည်။ ရတနာ သဘာဝဓါတ်ငွေ့တခုတည်းမှပင် တင်ပို့သော နိုင်ငံတော်ပိုင် တန်ဘိုးဝင်ငွေ ပမာဏ ဘာဂျက်တခုတည်းပင်သည် မြန်မာပြည်အတွင်း ခလေးသူငယ် သန်း၃၀ အတွက် ပညာရေးဆိုင်ရာ စာသင်ကျောင်းပေါင်း ၂ သောင်း ကျော်မက တည်ဆောက်ဖွင့်လှစ်ထူထောင်ပေးလို့ရသည်ဟု Burma’s Resource Curse ဟုခေါ်သော “မြန်မာ့ သံယံဇာတ ကြိမ်စာသင့်နေခြင်း” ဆိုသော စာတမ်းတွင် အတိကျ ထောက်ပြထားပါသည် ခင်ဗျာ။

Based on this exchange rate system, the military regime has hidden 99% of the Yadana gas exports from 2000 to 2008 (an estimated US$4 of US$ 4.83 billion). The unrecorded gas export revenue in the national budget from the Yadana project alone could build more than 200,000 schools for 30 million children.

ဆက်လက်ပြီး ဒုတိယ ဇာတ်သိမ်းပိုင်းအား တင်ပြပေးပါမည်။
စာဖတ်သူ Facebook မိတ်ဆွေများအား ကျေးဇူးအထူးတင်ပါသည်။

ဂိုလ်ရှယ်လေး

မှတ်ချက်။ ။ ဒုတိယပိုင်းတွင် သူခိုးတို့ လိမ်လည်မှု မည်မျှပင်ပိရိကြောင်း သက်သေအထောက် ထား များဖြင့်တင်ပြပေးပါမည်။
-----------------------------------------------
သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း
Posted by Maha Mingyi https://www.facebook.com/maha.mingyi
on Thursday, April 18,2013 at 6:57 PM

အပိုင်း(၂)

မြန်မာပြည်သည် ငပွကြီးဆုတံဆိပ်ဟုခေါ်ဆိုနိုင်လောက်သော ချစားညစ်ပတ်မှုအား နိုင်ငံတကာ ပွင့်လင်းလွတ်လပ်သော စစ်တမ်းကောက်ယူရေးဆိုင်ရာအဖွဲ့မှ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံ
ပေါင်း ၁၈၃ နိုင်ငံတွင် နံပတ် ၁၈၀ သို့၇ှိသော အဆင့်တွင် သတ်မှတ်ခံရ၏။ ၂၀၀၉ ခုနှစ်အ၀င်ပိုင်း ကာလတွင် တိုင်းပြည်တွင် အထွေထွေ ရရှိနေသော ၀င်ငွေများအား မည် သည့် နေရာ တွင် သုံး စွဲနေကြောင်း နှမ်းတစေ့မျှစာလောက်ကိုပင် ခြေရာမခံနိုင်သးသော အခြေနေ၀ယ်၊ စစ် အာဏာ ရှင်ကြီး ဗိုလ်သန်းရွှေမှ ကမ္ဘာတွင် တန်ဘိုးကြီးမားဆုံးဖြစ် သည့် ဘောလုံး အသင်းဖြစ်
သော မန်ချက်စတာ ညွန့်ပေါင်းအဖွဲ့ ဘောလုံးအသင်းကြီးအား အမေရိကန်ဒေါ်လာ သန်းပေါင် တစ်ထောင်ဖြင့် ၀ယ်ယူရန် စိတ်ကူးယဉ်နေသည်ဟု (The Tribute ) စာစောင် က အောက်ပါ အတိုင်း ထောက်ပြပါသည်။

Burma was ranked 180 of 183 countries for corruption by Transparency International in 2011. According to the Wikileaks cables, in early 2009 military regime leader Than Shwe considered a US$ 1 billion bid to buy Manchester United FC, one of the most expensive football clubs in the world, yet where the General got the funds to consider such a bid is unknown.

၁၉၈၈ ခုနှစ်ကာလကပင် မြန်မာပြည်တွင် ကန်ထရိုက်လုပ်ငန်းပေါင်း ၄၀အား ဒေါ်လာ သန်းပေါင်းများ စွာတန် သည့် တန်ဘိုးဂနနှင်ွ စာချုပ်များ ချုပ်ဆိုခဲ့လေ၏၊ သို့သေည် မည်မျှ၊ မည်ပုံ နှင့် မည်သို့သော ကုမ္မဏီများအား လုပ်ကိုင်ခွင့်ပေးခဲ့ပြီး မည်သို့မည်ပုံ နိုင်ငံတော် ၀င်ငွေ များအား အချိုးကျသတ်မှတ်သုံးစွဲဆောင်ရွက်ခဲ့သည်မှာ အလွန့်အလွန် လျှိ့ဝှက်နက်နည်းသော အရာအဖြစ် ရှိနေလေသည်ဟု ဘန်ကောက်ပို့စ်က ရေးသားဘူးပါသည်။

Since 1988 Burma has signed over 40 such contracts, each worth millions of dollars. Yet how much, how, and to whom companies pay for these contracts, and how the revenues are utilized, are a complete secret.

ပြင်သစ်မှ တိုတဲလ် ရေနံတူဖေါ်မှု ကုမ္မဏီနှင့် မြန်မာပြည်မှ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့တို့ ၁၉၉၂ ခုနှစ်တွင် အပြီးသတ် စာချုပ်များချုပ်ဆိုမှု အဆိုအရ တိုတဲလ်ဘက်မှ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ ဌာနသို့ အမေရိကန်ဒေါ်လာ ၁၅ သန်း ကို ပေးဆောင်ပြီးမှ ရတနာသဘာဝ ဓါတ်ငွေ့လုပ်ငန်းကြီးအား လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိခဲ့ရသည်။

နိုင်ငံတကာ ကမ္ဘာ ကုလသမဂ္ဂမှ မြန်မာစစ်အစိုးရ၏ တိုင်းရင်းသားဒေသများတွင် ထိုးစစ် ဆင်ခြေမှုန်းနေမှုအား အဆုံးသတ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ရာဇသံချ မှတ်ရန်ဆောင်ရွက်မှုအား တရုတ်ပြည်မှ ဗွီဒိုအာဏာဖြင့်ပယ်ချလိုက်ပြီး ၃ရက်ခန့်ကြာသောအခါ တရုတ်ပြည်မှ (တရုတ်ပြည်မြောက်ဖျား ရေနံရှာဖွေရေးကုမ္မဏီ)မှလည်း အမေရိကန်ဒေါ်လာ ၁၀ သန်း အား မြန်မာ့ရေနံ သဘာဝ ဌာနအား ဆုကြေးမစ လဒ်ထိုး သည့်အနေဖြင့် ပေးဆောင်ပြီး လက်ရှိ အေဒီ အမှတ် (၁) အားလုပ်ကိုင်ခွင့်ရရှိပြီး ၊ အမေရိကန် ဒေါ်လာ နောက် ထပ် ၂ သန်း ထပ်မံပေးဆောင်ပြီ အေဒီ (အမှတ် ၈) ရေနံလုပ်ကွက် အား ရယူခဲ့ရသည် ကို ၂၀၁၃ ခုနှစ်
ဖေဖ်ါဝါ ရီလထုတ် South China Morning Post က တစေ့ တစောင်း စောင်းမြောင်းထောက်ပြ ထားပါသည်။

According to a PSC contract between MOGE and Total of France, In 1992, Total Myanmar Exploration and Production paid US$15 million to the Myanmar Oil and Gas Enterprise (MOGE) for a PSC to explore the Yadana gas field. China’s CNPC paid US$10 million to MOGE as a signature bonus for exploration and production in block AD-1 and US$2 million for block AD-8 in 2007, three days after China vetoed a draft UN Security Council Resolution calling on Burma to cease military attacks against civilians in ethnic regions and start political dialogue.

Burma Army has almost doubled since 1988 with an estimated 492,000 soldiers; it is considered the largest in the region. Human rights abuses of civilians, including killing, torture and rape, are being committed by the Burma Army and continue today.

ယခင် စစ်ဗိုလ်မှုးချုပ် သန်းဌေး၏ ဖင်အောက်တွင်၇ှိသော မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်ရေး လုပ်ငန်းသည် တကယ့်ဧရာမ ငွေလုံးငွေရင်းကြီး ထုတ်လုပ်ပေးရာ ဌာန ဟု နိုင်ငံ တကာ စောင့်ကြည့်သူများက ဆိုကြပြီး၊ ၄င်းတို့မှ ပြည်တွင်း ရေနံနှင့် သဘာဝ ဓါတ်ငွေ့များ အားရှာဖွေခြင်း ရေနံနှင် ဂစ် ပိုက်လိုင်းများအား နိုင်ငံခြား ကုမ္မဏီများကိုဖိတ်ခေါ်တည်ဆောက်ခြင်း
တာဝန်များကို ကိုင်တွယ်ထားသည် ဟု (အိုင်ဗင်ဟိုး၏ ၀က်ဆိုက်တွင် ရေး သားပါသည်)။

MOGE is one of the country’s biggest money-makers according to international watch dogs. The company is also responsible for undertaking initial domestic oil and gas exploration, and for constructing domestic pipelines, though these may be undertaken with a foreign partner. MOGE is under the Ministry of Energy which is currently ministered by U Than Htay, a former Brigadier General.

၂၀၀၃ ခုနှစ်၏ ရတနာ သဘာဝဓါတ်ငွေ့အားထိုင်းနိုင်ငံသို့ ရောင်းချရရှိသည့် ၀င်ငွေအားလုံးကို ထိုင်းနိုင်ငံမှ မြန်မာ့ရေနံလုပ်ငန်းအသင်းစုနာမည်ဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင် ၄ထောင် ဒသမ ၃ ရာအား စင်္ကာပူ ဘန့်တွင်း ပေးသွင်းခဲ့ရသည်။ ထို့ကြောင့် ထိုငွေလုံးငွေရင်းသည် ဦးပိုင် ကုမ္မဏီနှင့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ဌာနတို့ မည်သို့ ပိုင်ဆိုင်ကြောင်းကို ခြေရာကောက် သိရှိ ရန် ပြောက်ခြင်းမလှပြောက်နေခဲ့ရပြန်သည်။

According to available gas payment contracts until 2003 for the Yadana gas export to Thailand, MOGE kept gas payment of 4.3 billion dollars in a bank account in Singapore. Whether MOGE or military companies UMEHL and MEC manage this bank account is also unknown.

မြန်မာ စစ်ဘက်မှ သဘာဝဓါတ်ငွေ့ရောင်းချမှုမှရရှိသည့် ၀င်ငွေများအား စစ်ဘက်ဆိုင်ရာ ပစ္စည်းများဖြစ်သော တဦးချင်းကိုင်တွယ်အသုံးပြုသည့် လက်နက်များ၊ တင့်ကားများ၊ ဝေဟင် ဂျက်ဖိုက်တာများ၊ ဝေမှပျံသန်းပစ်ခတ်သော ဒုံကျဉ်ပစ်လေယာဉ်များ၊ ဝေဟင်ထောက် လှမ်ရေးေ၇ဒါစနစ်များ မြေပြင်လျှပ်ပစ်ဒုံးများ၊တာတိုပစ် ဒုံးများစနစ်များအား အကြီးကျယ် ၀ယ်ယူလေ၏။

အဆိုပါ ရတနာ ဓါတ်ငွေ့၏ ထိုင်းနိုင်ငံသို့တင်ပို့သည့် (၁၉၉၈)အတွင်းက ပေးချေငွေများကို ဗိုလ်သန်းရွှေမှ အစ္စရေး မှ (ဒေါ်လာ သန်း ၁၁၀)၊ ယူကရိန်းမှ (ဒေါ်လာ သန်း ၉၀)၊ မြောက် ကိုရီးယားမှ (ဒေါ်လာ သန်း ၂၈၈)၊ ပါကစ္စစတန်မှ (ဒေါ်လာ သန်း ၁၆၅ )၊ စင်္ကာပူမှ (ဒေါ်လာ သန်း၁၆၀) အန္ဒိယမှ ဒေါ်လာ သန်း ၃၁၀၊ ရုရှားမှ ဒေါ်လာ သန်း ၃၄၅ သန်း၊ တရုတ်ပြည် မှ ဒေါ်လာ သန်း ၆၆၀ဖိုး စုစုပေါင်း ဒေါ်လာသန်းပေါင်း ၁ ထောင် ခုနှစ်ရာ ခုနှစ်ဆယ်သုံးသန်း အပြင် ပွဲခ နှင့် သယ်ယူပို့ဆောင်စရိတ် ဒေါ်လာ သန်း ၄ ရာနီးပါမျှကို ခရိုနီ တေဇအား သုံးစွဲ ကုန်ကျခံခွင့်ပေးခဲ့သည်။ ၂၀၀၇ ခုနှစ် မေလတွင် ဗိုလ်သန်းရွှေမှ ရုရှားနှင့်ပူးပေါင်းပြီး ၁၀ မီဂါဝတ် ထုတ်လုပ်နိုင်သော နူကလီးယားဓါတ်ပေါင်းဖို့တခုအား တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၆၄၀ တန်စာချုပ်အား ချုပ်ဆိုပေးချေခဲ့သည်ဟု ( Jame Journar)ကထောက်ပြထားပါသည်။

Myanmar military purchases since gas revenues have started to flow include armored personnel carriers, tanks, fighter jets, aircraft, radar systems, surface to- air missiles and short-range air-to-air missile systems. Following the production of gas from the Yadana fields in 1998 and the payment for the export of that gas to Thailand, the Than Shwe regime sped up military purchases, spending billions for weapons and equipment from China for the worth of 660 million, Russia for the worth of 345 million, India for the worth of 310 million, Singapore for the worth of 184 million , Pakistan for the worth of 165 million , North Korea for the worth of 288 million , Ukraine for the worth of 90 million and Israel for the worth of 110 million. Moreover Myanmar military allows to use broker and transportation allowance for the worth of 400 million to Ta Za. In May, 2007, the Than Shwe regime also signed an agreement with Russia to build a 10-megawatt nuclear-research reactor worth of 640 million in Burma.

၂၀၀၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ၊ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးမှ ဥက္ကဌရာထူးဖြင့် ဦးစီးဆောင် ရွက်နေသည့် မြန်မာ့ဦးပိုင် ကုမ္မဏီနှင့် အဆင့် နံပါတ် ၅ နေရာတွင်ရှိသော ဦးရွှေမန်း (သူရ) မြန်မာ စစ်တပ်မှ ဗိုလ်ချုပ် တို့ တရုတ်ပြည်၊ မြောက်ကိုရီးယား၊ရုရှား၊ ယူကရိန်း စသောနိုင်ငံများသို့ လက်နက်များဝယ်ယူရန် မကြာခန ခရီးထွက်နေခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် ဦးရွှေမန်းကပင် ၄င်း၏ စစ်ဘက်ဆိုင်ရာ စစ်ဦးစီးအရာရှိတချို့နှင့် အတူ မြောက်ကိုရီးယား သို့ နှစ်နိုင်ငံ စစ်ရေး ဆိုင်ရာ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှုများအတွက် ခရီးထွက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ၄င်း ဦးရွှေမန်းကပင် ရုရှားမှ လျှပ်တပျက်တိုက်လေယာဉ် အစီးပေါင်း ၂၉ စင်းအား အမေ၇ိကန်ဒေါ်လာ သန်းပေါင်း ၇၂၀ ဖြင့် အပြီးသတ်ဝယ်ယူပြီး အဆုံးသတ်ခဲ့သည်ဟု အမေရိကန် သံရုံးမှ ၄င်း ၏ နိုင်ငံခြားရေးဌာနသို့ပေးပို့သော ကြေးနန်းစာတွင် ဖေါ်ပြထားပါသည်။

Lieutenant General Tin Aye, chairperson of UMEHL from 2002-2010 and General Thura Shwe Man ranked Number 5 in Burma’s armed forces, often has made official visits to China, North Korea, Russia and Ukraine to buy arms and military equipment. In 2008 he travelled with the Chief of Staff of the Armed Forces to formalize military cooperation between Burma and North Korea. In early 2010 he was responsible for the purchase of 20 MiG-29 fighter jets worth 720 million from Russia

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

ဆက်လက်ပြီး တတိယ အဆုံးသတ်ပိုင်း၏ အနှစ်ရသကို တင်ပြပေးပါမည်။ အမှန်တရားချစ်မြတ်နိုးသူများ လိုလားတောင်းတလိမ့်မည်ဟု မျော်လင့်ပါသည်။

------------------------------------------

သူခိုးတို့၏ ဘဏ်တိုက်ကို ဖွင့်ကြည့်ခြင်း
Posted by Maha Mingyi on Monday, April 22,2013 at 8:39 AM

အပိုင်း (၃) နိဂုံးပိုင်း

၂၀၀၇ ခုနှစ်အတွင်းမှာတော့ မြန်မာ့ စီးပွါးရေးဆိုင်ရာ ရင်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစု၏ အဆိုအရ (SOE)ဟုခေါ်သော အထူးပြု နိုင်ငံရပ်ခြားစီးပွါးရေးလုပ်ငန်းများ အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉ ထောင်ကျော်အကျိုးမြတ်ရရှိပြီဖြစ်ကြောင်း ဗိုလ်သန်းရွှေထံသို့ သံတော်ဦးတင်ပါ သည်။

မြန်မာ့ ဦပိုင်းနှင့်ပူတွဲနေသော မြန်မာစီးပွါး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအပြင် အခြားသော စစ်ဘက်ဆိုင်ရာ လုပ်ငန်းစုများ ပါဝင်ပတ်သက်လေတဲ့ နှစ်ပေါင်း ၂၀ကျော် ဆောင်ရွက် လုပ် ကိုင်လာကြသော ပင်မ စီးပွါးရေး(၁၈)ခုဖြစ်သည့် ကျောက်မျက်ရတနာလုပ်ငန်း၊ အထည် အလိပ် နှင့် သစ်အချောထည်လုပ်ငန်းများ အစားအစာနှင့် အရက် ယမကာ လုပ်ငန်းများ၊ ကုန် တိုက်အရောင်းဆိုင်တည်ဆောင်ရောင်းချခြင်းလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ သံမာထုတ် လုပ်ရေး လုပ်ငန်းများ၊ ကုန်သွယ်ပို့ဆောင်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဘိလပ်မြေထုတ် လုပ်ရေး လုပ်ငန်းများ အဝေးပြော လက်ကိုင်ဖုန်း လုပ်ငန်းများ၊အလှကုန် ပစ္စည်းလုပ်ငန်းများနှင့် ကုန်စည် ဖလှယ်ရောင်းချရေးလုပ်ငန်း နောက်ဆုံး သစ်လုံးတင်ပို့မှုလုပ်ငန်း များမှ ရ၇ှိသော ၀င်ငွေအားလုံး တို့သည် ဦးပိုင် ကုမ္မဏီသို့ တိုက်ရိုက်လွဲပေးခဲ့ကြရသည်။

In 2007, according to the Burmese Business Investment Group, SOEs earned more than US$ 9 billion in profits which summited to Myanmar General Than Shwe.
UMEHL, together with the Myanmar Economic Corporation (MEC), another military enterprise, have been involved in a majority of business activities in Burma for over twenty years in sectors ranging from gem production and garment factories to wood industries, food and beverages, supermarkets, banking, hotels and tourism, telecommunications, steel production, transportation, construction, the cement industry, automobiles, cosmetics, and trade. All of those businesses are 18 total inside Myanmar.

ထို့အမြင် အဓိက အင်းအားကြီးမားသည့် နိုင်ငံတကာမှ ငွေလုံးအငွေရင်းဖြင့် လာရောက် ရင်းနှီးမြုပ်နှံ သူ များအားလုံး ဦးပိုင်မှတဆင့် လုပ်ကိုင်ဆောင်ရွက်ကြရ၏၊ ထိုသို့ ဦးပိုင်မှ ဖြတ် သန်းဆောင်ရွက်ရသော အကျိုးတူ စီးပွားရေးလုပ်ငန်းပေါင်း ၅၀ကျော်မျှမက ၁၉၉၉ မှ စတင်
ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်နေသော လုပ်ငန်းကြီးပေါင်း ၃၈ ခုရှိပြီး ပစ္စည်းကရိယာပြုပြင်
ရေးနှင့် တင်ပို့ရေး ကုမ္မဏီပေါင်း ၉ ခုရှိနေသည့်အပြင် တနိုင်ငံလုံး ဦးပိုင်မှ ဂုတ်ခွစီး ရင်းနှီးမြုပ်နှံ ထားမှုမှာ အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံခန့်ရှိကြောင်း တိုင်း မဂ္ဂဇင်းက သူ၏ အွန်လိုင်း စာမျုက်နှာ တွင် ရေးသားထောက်ပြဘူးသည်။

Moreover, many major foreign investments are channeled through UMEHL, which since 1999 has set up 50 joint ventures with foreign firms.3 UMEHL currently owns a total of 38 businesses and maintains interest in nine joint ventures with foreign companies, and 67 billion dollar in all firm investment according to Time magazine report on line.

ဇန်နာဝရီလ ၂၀၁၁ ခုနှစ်တွင် ပြည်တွင်း အခွန်ဦးစီးဌာနမှ ကုမ္မဏီများအား ပစ်မှတ်ထားသည့် အနေဖြင့် အခွန်ငွေ ဥပဒေအသစ် ပြဌာန်းပြန်၏။ သို့သော် ဦးပိုင်နှင့် အခြားများပြားသော အစိုးရနှင့် ပတ်သက်လုပ်ကိုင်နေကြသောကုမ္မဏီများအဖို့ကတော့ ထိုပြဌာန်းပါ ဥပဒေသည်လဲ အခွန်ငွေပေး
ဆောင်ရန် ကိစ္စမှ မျက်သာပေး ကင်းလွတ်ခွင့် ရရှိနေခဲ့ကြပြန်သည်။

In January 2011, Burma’s Internal Revenue Department announced a new law targeting companies that evade taxes. However, UMEHL and several other government enterprises remain exempt from this regulation and are not required to pay taxes.

ဦးပိုင်မှ အမေရိကန်ပြည်ထောင်စု၏ နာမည်ပျက်စားရင်းတွင်ပါ ၀င်သော မြောက်ကိုရီးယား မှ ခေါင်းစွန် ငွေကြေးရင်းနှီးမြုပ်နှံရေး ဘန်လုပ်ငန်းစု သို့ ငွေအမြောက်များ ပိုဆောင်ထား သည် ဟုသိရသည်။ ၄င်း မြောက်ကိုရီးယားဘန့်အား မြန်မာနှင့် အခြားသော နိုင်ငံများဆီသို့ လက်နက် တင်ပို့ရောင်းချရာတွင် ငွေ အလွဲပြောင်းလုပ်ပေးကာ သဲ့ယူနေသော ဘဏ်တခုအဖြစ် သံသယမ ကင်းစွာ အမေရိကန်ပြည်ထောင်စုမှ သတ်မှတ်ထားသည်။

UMEHL has transferred money to North Korea’s Korea Kwangson Banking Corporation, blacklisted by the US Treasury Department, and identified as a prime suspect for expediting sales of arms
to Burma and other countries.

၂၀၁၀ ကာလ၀န်ကျင်းက ထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချမှ ရရှိသော ငွေ လုံးငွေ
တောင် ကြီးအား၊ မြောက်ကိုရီးယားမှ ဒုံးကျဉ် ပညာရှင်းများ ကို တောင်ကိုရီးယားနိုင်ငံမှ စီးပွါးရေးသမားများ အသွင်ဆောင်စေပြီး မြန်မာပြည်သို့ ခေါ်သွင်းရာတွင် အသုံးပြုခဲ့လေ၏ ။

By 2010, with a huge revenue bonanza from sales of natural gas to Thailand, Burma was able to pay North Korean weapons experts that came to Burma posing as
South Korean businessmen cash for missile technology.

မြန်မာပြည်အဖို့ နေပြည်တော်တွင် ပင်ဂူအိမ်မြေအောင် လှိုင်ခေါင်းကြီးပေါင်း ၆၀၀ မှ ၈၀၀ အထိရှိသော သွယ်တန်း တည်ဆောက်မှု လုပ်ငန်းအား မြန်မာ စစ်အာဏာရှင်လက် ထက် မှ မြောက်ကိုရီးယား အင်္ဂျင်နီယာများဖြင့် မြန်မာ၏ နူကလီးယား စီမံကိန်း နည်းပညာလိုအပ်မှုအရ အမေရိကန်ဒေါ်လာ ၄.၅ ကုန်ကျခံက ဆောက်လုပ်နေခဲ့သည်ဆိုသော အချက်လက်အား ဒီဗွီဘီ နှင် ဂါးဒီးယမ်း သတင်းစာတို့တွင အတိလင်း ထောက်ပြရေးသားထားသည်။

Burma is allegedly acquiring knowledge about nuclear weapons from North Korea and it has been reported that North Korean engineers assisted Burma’s military junta in building 600 to 800 underground tunnels and facilities beneath the new capital of Naypyidaw in spending with 4.5 billion dollar confirmed by DVB and the Guardian news.

ထိုကြောင့် ၂၀၁၁ ခုနှစ် ဇန်နာဝရီလ ၃၁ ရက် မတိုင်ခင်တွင် အမျိုးသား အသုံးစရိတ် လျာထား သတ်မှတ်ရေးအား အတိလင်း ပြဌာန်းရန် ဆိုသော်ငြား ပထမ ဘားဂျက် ညီလာခံတွင် ပါလီမန်မှ စစ်တပ်အသုံးစရိတ်အား ၀င်ရောက် ကြည့်ရှု့ သိမြင်နိုင်ခွင့်မရှိကြောင်းကို အတိလင်းပြောဆို ထားကြောင်း သက်သေဖြစ်ခဲ့သည်။

In 2011 the national budget was publically disclosed for the first time in decades.45 The budget was enacted by the military before the new legislature opened its first session on January 31, giving the Parliament no oversight of expenditures.

မြန်မာပြည်သားများအဖို့ ရှင်းရှင်းကလေး သိမြင်နိုင်သည်မှာ စစ်ယူနီဖေါင်းချွတ်လာသူ ၅၈ ရာနှုန်းနှင့် စစ်တပ်မှ အလိုလျောက် ပါလီမန်ထဲဝင်လာသူ ၂၈ ရာနုံန်းတို့ အားလုံးသည် ကြံခိုင်ရေး ပါတီမှ ဖြစ်နေကြပြီး ၂၀၁၂ ခုနှစ် စစ်အသုံးစရိတ်အား အမေရိကန်ဒေါ်လာ ၂.၃ ဘီလယံ သုံးစွဲ ရန် ပြန်ဌာန်း ကာ တနိုင်ငံလုံး၏ ၂၀၁၁ ခုနှစ်အတွင်းက ၃၆ ရာနုံန်းအား စစ်တပ် တခုအတွင်းမှ ယူငင်ဆုပ်ကိုင်ထားသည် မည်သူမှ ငြင်းနိုင်မည်မဟုတ်ပေ။

None one can deny that Myanmar must be remembered that 25% of seats in Parliament are held directly by military personnel and a further 58% are held by the military-backed USDP party. According to the Myanmar Times, the military will receive about US$2.3 billion in the 2012 budget, a 36% increase from the 2011 fiscal year.

ဦးသူရိန်ဇော် နှင့် ဦးမောင်တိုး နှစ်ဦးစလုံးသည် စစ်တပ်မှ ကျောထောက်နောက် ခံပေးထား သူများဖြစ်၏၊ ဦးသူ၇ိန်ဇော်သည် အမျိုးသား စီးပွါးရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်သည့်အပြင် ဦးသန်းရွှေလက်ထက်တလျှောက် ၄င်း၏ ခြေဖိုးပေါ်တွင် နဖူးတင်ကာ တာဝန်ထမ်းရွက်ခဲ့သည်ဖြစ်သည်။ ဦးမောင်တိုးမှာ မြန်မာ့ ပုလဲနှင့်ငါးလုပ်ငန်း၏ အမှုဆောင်အရာရှိ ချုပ်အဖြစ် တာဝန်ထမ်းဆောင်ရာမှ အနာားယူပြီး ယခု နေပြည်တော်တွင် မော်ဖူးစေ အခွင့်စောင့် ကာ ဆက် လက် ကိုင်တွယ် အကွက်ရွေ့နေပြန်သည်။

U Thurein Zaw of the military-backed USDP party; the Secretary U Maung Toe is also from USDP. U Thurein Zaw was the former Deputy Minister of National Planning and Economic Development under the Than Shwe regime and U Maung Toe is the retired managing director of the Myanmar Pearl Enterprise. Now he who retired is working in Naypyi Taw.

ယခုလောလောလတ်လတ်မှာပင်၊ နှစ်သုံးဆယ်စာချုပ်ဖြင့် ရခိုင်ပြည်နယ်မှ သဘာဝဓါတ်ငွေ့အား တနေ့လျှင် သန်းပေါင်း ၅၀၀မျှရှိသော ကျူဗစ်မီတာအားထုတ်လုပ်ရန်း မျှော်လင့်ထားပြီး၊ ၄င်း သဘာဝဓါတ်ငွေ့ ကျူဗစ်မီတာ ၄၀၀ အား တရုတ်ပြည်သို့ ပိုက်လိုင်းမှ တဆင့် ရောင်း ချပေး မည်ဖြစ်ပြီး၊ ကျူဗစ်မီတာ သန်း၁၀၀ ရာ ပြည်တွင်းသို့ပေးပို့မည်ဖြစ်၏၊ သို့သော် ပြည် တွင်း သို့ပေးပို့မည်ဖြစ်သော အဆိုပါ သဘာဝဓါတ်ငွေ့ သန်း၁၀၀ရာ အခြေခံပြည်သူများ လက်ထဲ သို့  မဟုတ်ရ ပဲ ဦးတေဇပိုင်သော လုပ်ငန်းများ၊ ဘိန်းဘုရာ လော်စစ်ဟန် ၏ ဆွေမျိုးများပိုင်သော လုပ်ငန်းများ ဦးဇော်ဇော် ပိုင်သော လုပ်ငန်းများနှင့် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သော စက်ရုံလုပ် ငန်း များဆီသို့သာ ပေးပို့မည်ဖြစ်လေသည်။

Shwe Gas project in Arakan State is expected to produce 500 million cubic feet (mcfd) of gas per day for 30 years. While 400 mcfd is planned for transport to China, the remaining 100 mcf is intended for domestic use. This remaining amount will be supplied to more than fifty factories owned by the government and military cronies including arms dealer Tay Za’s Htoo Cement Factory, drug lord Lo Hsing Han’s Asia World Cement Factory, Zaw Zaw’s IGE Cement Factory, and Aung Ko Win’s Kanbawza Cement Factory.

နိဂုံးချုပ်ဆိုရသော်၊ မြန်မာနိုင်သားတိုင်းသည် တနှစ်လျှင် အမေ၇ိကန်ဒေါ်လာ ၇ ဒေါ်လာနှင့်ညီမျှသော ဆေးဝါးကုသခံပိုင်ခွင့် ကုန်ကျစရိတ်လေးကိုသာခံစားကြရပြီး၊ အမေရိကန်ဒေါ်လာ ၁.၈ ရာနုံန်းသာ တိုင်းသူပြည်သားများ၏ ကျန်းမာရေးအတွက် သုံးစွဲသော ကျန်းမာရေးစရိတ်အနည်းဆုံးသုံးစွဲသည့် ကမ္ဘာထဲတွင် အရှားပါးဆုံးနိုင်ငံဖြစ်နေတော့သည်။

As a conclusion, Myanmar has a record of committing just $7 per year per person to health care, a mere 1.8 percent of the total budget and one of the lowest health spending rates in the world, according to a 2009 UN report.

သို့သော် ထိုကဲ့သို့ တိုင်းပြည်လူထုအတွက် အလွန့်အလွန်နည်းပါးလှသော အသုံးစရိတ်ပြဌာန်း ထားမှုအား အခြားသော ပါလီမန်အဖွဲ့ဝင်များ ၏ ပြောဆိုသံကို လည်းကြားကြပေလိမ့်မည်း
စစ် အသုံးစရိတ်အား ဘယ်သူတဦးတယောက်မျှ ထိတွေ့ဆန်းစစ်နိုင်စရာမရှိကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နာမည်မဖေါ်လိုသူ ပါလီမန်အမတ် ငကြောက်တဦးက အေအက်ဖ်ပီသို့ပြေားကြောင်းလဲ သတင်းက တင်ပြထား ဘူးသည်။

လက်ရှိ မြန်မာစစ်တပ်သည် ကချင်တိုင်းရင်းသားများ လက်နက်ကိုက်အဖွဲ့စည်းများ အားေ
ကြောင်း ကုန်းကြောင်းမှ တိုက်ခိုက်နေသည့်အပြင် လူ့အခွင့်ရေးချိုးဖေါက်မှုများ အား ပြု လုပ်နေကြောင်း အား နိုင်ငံတကာမှ စွပ်စွဲထားကြောင်းသိရပါသည်။

Despite the low spending another parliamentarian said few complaints will be heard.
"The military expenses are untouchable. We will not complain about how much they will use," a lower-house scared MP of Aung San Suu Kyi's National League for Democracy party told AFP on condition of anonymity.

The army is currently fighting ethnic rebels in northern Kachin, where it is accused of using air strikes and carrying out human rights abuses by international.

ကုလသမဂ္ဂ၏ ချစားလုပ်ကိုင်ခြင်းဆိုင်ရာကို ဆန့်ကျင်ခြင်း သဘောတူစာချုပ်ကို ဆက် လက်လေ့လာနိုင်ပါသည်။

UN Convention Against Corruption

Anti-corruption standards are also relevant to revenue transparency, as
transparency itself is aimed at stemming government corruption and
misuse of funds. In addition to the anti-corruption principle directed
towards businesses in the UNGC, states adhere to international anticorruption
standards through the UN Convention Against Corruption.

The Convention contains rules for, among others, the implementation
of state anti-corruption policies and regulating the conduct of public
officials, including those who manage public funds.

စာဖတ်သူများအား ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

(ဆက်လက်ပြီး မြန်မာပြည်မှ လက်ရှိ အကြောင်းရာများအား အတိကျ ခိုင်လုံစွာ ဆက်လက်တင်ပြပါအုံးမည်။)
စာဖတ်သူများအနေဖြင့် ဖေါ်ပြပါ အချက်လက်မှန်များအား မှတ်တမ်းအဖြင့် သိမ်းဆည်းသင့်ကြောင်း အကြံပြုပါသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .