Social Icons

Friday, August 22, 2014

မြစ်ကြီးနား လိုင်ဇာ ကားလမ်း ဗမာစစ်တပ်နဲ့  ကားသမားပေါင်းပြီး ကားခ ၅၀၀၀၀ ထိဈေးမြင့်


မြစ်ကြီးနား လိုင်ဇာ ကားခ ယခင်က ၂၅၀၀ သာရှိခဲ့သော်လည်း တကျော့ပြန်စစ်ပွဲ ဖြစ်လာပြီးနောက် ကားခဈေးမှာ ၁၅၀၀၀ မှ ၃၀၀၀၀ ထိတက်သွားခဲ့သည်။

ကားခဈေးတက်ရခြင်း အကြောင်းအရင်းမှာလဲ လုံခြုံရေးကို အကြောင်းပြပြီးဈေးတက်သွားခြင်းဖြစ်သည်။ လုံခြုံရေးကိုအကြောင်းပြမည်ဆိုလဲ ကားလမ်း၏  ၄ ပုံ ၃ ပုံ မှာ ဗမာစစ်တပ်က နေရာယူထားခြင်း ဖြစ်သောကြောင့် ကားခတက်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော ပြည်ထောင်စုစစ်တပ် ဟု ဗမာစစ်တပ်ကခံယူထားလျှင် ပြည်သူတွေကို လွပ်လွပ်လပ်လပ် ခရီး သွားနိုင်အောင်ကူညီရမည်ဖြစ်သည်။

ယခု ဖြစ်နေသည်မှာ ကားသမားက ခရီးသည်ဆီက လုံခြုံ ရေး အကြောင်းပြပြီး ကားခအဆမတန် တောင်းပြီး ဗမာစစ်တပ်နှင့် ပြန်ခွဲဝေယူနေကြသည်။ ဗမာစစ် တပ်သည် ပြည်ထောင်စုစစ်တပ်ဟုခံယူပါက လုံခြုံ ရေးအတွက် ပြည်သူဆီက အဖိုးအခ တောင်းစရာမလိုပေ။

ယခုတလော အတွင်း ဗမာစစ်တပ်ကလမ်းခဏပိတ်လိုက်ပြီး ပြန်ဖွင့် ချိန်တွင် လုံခြုံရေး ခေါင်းစဉ်ဖြင့် ကားခဈေး ၅၀၀၀၀/ ထိတက်သွားခဲ့ သည်။ ခရီးသွား ပြည်သူများ၏ပြောပြချက်အရ ဗမာစစ်တပ် နှင့် ကားသမားများ တိုင်ပင်ပြီး ဈေးမြင့် လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

 ကေအိုင်အေ မှကားတစ်စီးကို တစ်လ လျှင် ၅၀၀၀ သာကောက်ခံပြီး ဗမာစစ်တပ် တစ်တပ်လျှင် တစ်လ အနည်းဆုံး ရှစ်သိန်းထိ ခွဲဝေပေးကြကြောင်း  ကြားသိရပါသည်။ ပြည်သူတွေကို စာနာသောအနေဖြင့် ကားခကို ပြန်ချ ပေးရန်အလိုရှိနေကြကြောင်း ပြည်သူ့ ကိုယ်စား တင်ပြပေးလိုက်ပါတယ်။ (ကချင်ပြည်နယ်မှ တရုတ်ပြည်သို့  သွားသော ခရီးသွား ပြည်သူ အများစုသည် မြစ်ကြီးနား လိုင်ဇာကားလမ်းကို အသုံးပြုနေကြရသည်။)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .