Social Icons

Tuesday, July 10, 2012

သတင်းတို (July 10)


  • ဇူလိုင်လ(၅)ရက် (၆)ရက်နေ့တွင် ခမရ(၆၀၁)(၃၈၇)(၄၃၈) မှ ထိုးစစ်ဆင်နေသာ ပူးပေါင်း စစ်ကြောင်းသည် ဒေါ့ဖုန်းယန်မြို့နယ်၊ မန်ဆိုင်းကျေးရွာ၊ ဒါဆိုင်းကျေးရွာတို့မှ ရှမ်းအမျိုးသား (၁၂)ဦးကို ဖမ်းဆီးခဲ့ ကြောင်း သိရှိရသည်။ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိချေ။
  • ဇူလိုင်လ(၇)ရက်နေ့တွင် ခမရ(၃၈၅)တပ်ရင်းမှ အင်အား(၁၀၀)ခန့်သည် ၀ိုင်းမော်မြို့နယ်၊ အင်ပေါင် ကျေးရွာရှိ ဆုတောင်းတောင်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။
  • ဇူလိုင်လ(၇)ရက်နေ့တွင် ခမရ(၄၁၅)ဟု ထင်မှတ်နိုင်သော စစ်ကြောင်းသည် စစ်ယာဉ်(၅)စီးဖြင့် မိုးမောက်မြို့မှ စိန်လုံတောင်ဘက်သို့ ချီတက်သွားကြောင်း သိရှိရသည်။
  • ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးကိုးဘက်သွားသော လမ်းကြောင်းတွင် KIA နှင့် တိုက်ပွဲ ထပ်မံဖြစ်ပွားပါက၊ ယင်းဒေသရှိ ရွာအားလုံးကို မီးရှို့ပစ်မည်ဟု အစိုးရစစ်ကြောင်း အရာရှိများက ရွာသားများကို ခြိမ်းခြောက် ပြောဆိုထားကြောင်း သိရှိရသည်။
  • ဇူလိုင်လ(၉)ရက်နေ့တွင် ခလရ(၂၃၇) မှ အင်အား(၁၀၀)ခန့်ပါ စစ်ကြောင်းသည် မိုးမောက်မြို့နယ်၊ ဂျခန်းဒပ်မှတဆင့် နမ်ဖတ်ခကျေးရွာဘက်သို့ စစ်ကြောင်းချီတက်သွားကြောင်း သိရှိရသည်။
  • ဇူလိုင်လ(၉)ရက်နေ့တွင် အင်အား(၂၀၀)ခန့်ပါသော မြန်မာအစိုးရစစ်ကြောင်း (တပ်ရင်းအမည် စုံစမ်းဆဲ)သည် မူဆယ်မြို့မှ ဖိုင်ကောင်းကျေးရွာဘက်သို့ ချီတက်သွားကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .