Social Icons

Friday, July 20, 2012

အတွေးစလေးများ (alanste.blogspot)



တစ်ချို့ လူတွေသူတစ်ပါးငိုရှိုက်သံကိုနားထောင်ရုံနဲ့ စာနာ
နားလည်တတ်ကြသလိုကိုယ်ချင်းလည်းစာတတ်ကြတယ်..အဲဒါစိတ်ဓာတ်အဆင့်မြင့်တဲ့သူပေါ့........


ကိုယ်ပြောတာကိုနားထောင်စေချင်တာလူ့ သဘာဝပဲ...ဒါပေမဲ့သူများတွေပြောတာကိုရောကျွန်တော်တို့ 
စိတ်ရှည်လက်ရှည်နဲ့ နားထောင်ဖူးကြပါသလား........


တစ်ခါတစ်လေကိုယ့်အဖေအမေတွေကိုစိတ်မတိုပါနဲ့ ....ကိုယ်တွေငယ်ငယ်တုန်းကသူတို့ ကျွေးမွေးပြုစု
ဆင်ယင်စောင့်ရှောက်လာတာတွေကိုပြန်သတိ၇လိုက်ပါ........

အလုပ်ကိုအလုပ်နဲ့ တူအောင် သဘောထားသလို စေတနာထားပြီးလုပ်ပါ။ကိုယ့်စေတနာကိုယ့်ကိုပြန်အကျိုး
ပေးပါလိမ့်မယ်.....


အနာမခံပဲနဲ့ အသာမစံချင်ပါနဲ့ ...အချောင်ရတဲ့အခွင့်အရေး(ကိုယ့်ကြိုးစားအားထုတ်မှုမပါတဲ့)ဟာတန်ဖိုးမရှိပါဖူး.

ဘယ်လောက်ပဲခက်ခဲပါစေ.....ကြိုးစားလိုက်စမ်းပါ....ခုတစ်ခါကြိုးစားတာအောင်မြင်သွားရင်ပြီးခဲ့တဲ့
ကိုးဆယ့်ကိုးခုမြောက်အရှုံးတွေကိုချေဖျက်နိုင်ပြီ......

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .