Social Icons

Friday, July 20, 2012

တာပိန်ရေအားလျှပ်စစ်စက်ရုံ ဖျက်ဆီးခံရ


july 19 ၂၀၁၁ ခုနှစ် ဇွန်လ(၁၄)ရက်နေ့မှ ပိတ်လိုက်ရသော တာပိန်ရေအားလျှပ်စစ်စက်ရုံအတွင်း စက်ပစ္စည်း များ ဖျက်ဆီးခံထားရကြောင်း သိရှိရသည်။ စက်ရုံအခြေအနေကို စစ်ဆေးရန် သွားရောက်ကြည့်ရှုခဲ့ သော တရုတ်အင်ဂျီနီယာ အဖွဲ့က ထိုကဲ့သို့တွေ့ရှိခဲ့ကြောင်း ဖြစ်သည်။
စက်ရုံရေတံခါး အဖွင့် အပိတ် ပြုလုပ်သော သံထည်ပစ္စည်းများ ကျိုးပဲ့ပျက်စီးနေကာ၊ အခြား အရေးကြီးသော စက်ရုံ၏အစိတ်အပိုင်းများလည်း ရိုက်ချိုးဖျက်ဆီးခံထားရကြောင်း သိရှိသည်။ စီမံကိန်းတွင်အသုံးပြုရန် စုပုံထားရှိသော သံထည်ပစ္စည်းများ၊ စက်ရုံဝန်ထမ်းလုပ်သားများ၏ အသုံးအဆောင်ပစ္စည်းများနှင့် အချို့အရေးကြီးသော စာရွက်စာတမ်းများလည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။
အိပ်ဆောင်အခန်းတိုင်းတွင် ထားရှိသော ရုပ်မြင်သံကြားပြစက်၊ စောင် အ၀တ်အထည်များ၊ ပရိဘောဂ များ၊ အိုးခွက်ပစ္စည်းများလည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။ စက်ရုံဝင်းအတွင်း မွေးမြူထား သော ၀က်၊ ကြက်၊ ဆိတ် များနှင့် မွေးမြူရေးကန်မှ ငါး များလည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ယင်းစက်ရုံတွင် မြန်မာအစိုးရတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ယူခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် စက်ရုံပျက်စီးရခြင်း၊ ပစ္စည်းပျောက်ဆုံးရခြင်းသည် အစိုးရစစ်တပ်တွင် တာဝန်ရှိကြောင်း တရုတ်အင်ဂျီနီယာအဖွဲ့ မှ ပြောဆိုကြောင်း သိရှိရသည်။ စက်ရုံ ပြန်လည်ပတ်ရန် လိုအပ်ပါက ပြင်ဆင်မှုအကြီးစားပြုလုပ်ရမည် ဖြစ်ကြောင်း လည်း ပြောဆိုခဲ့ကြသည်။
တာပိန်ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးယူသော ရဲများ
တာပိန်ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးယူသော ရဲများ
အစိုးရတပ်ဖွဲ့ဝင်များ တာပိန်ရေအားလျှပ်စစ်စက်ရုံ မှ ထွက်ခွာလာတိုင်း စစ်သုံးယာဉ်ဖြင့် ပရိဘောဂ ပစ္စည်းများ၊ ကုတင်၊ စောင်၊ အိမ်သုံးပစ္စည်းများ၊ သံထည်များ တင်ဆောင်ယူသွားကြကြောင်း ဒေသခံများ ပြောဆိုနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .