Social Icons

Friday, June 7, 2013

ပြောရင် ကြိုက်မှာ မဟုတ်ဘူး .. ဒါပေမယ့် ပြောသင့်တယ် ထင်လို့ ပြောရမယ်

ယနေ့ နိုင်ငံတကာမှာ Dalai Lama လို Quality ကောင်းတဲ့ ဘုန်းကြီးတွေ နဲ့ ဗုဒ္ဓဘာသာက သာသာနာပျံနေတာ ကြာပေါ့။ ပြောကြမယ် .. အဲဒါ ထေရဝါဒ မဟုတ်ဘူး .. မဟာယန အယူအမှားဆိုပြီး .. ဒါပေမယ့် ယနေ့ နိုင်ငံတကာ စာအုပ်ဆိုင်တွေရဲ့ စာအုပ်စင်တွေမှာ သွားကြည့် .. ဗုဒ္ဓဘာသာအတွက် .. ဗုဒ္ဓဘာသာရဲ့ အကြောင်း .. Meditation တွေ အကြောင်း .. ရေးထားတဲ့ စာအုပ်တွေဟာ .. မဟာယန ဆရာတော်တွေ ရေးထားတဲ့ စာအုပ်တွေ။ ဗီယက်နမ် ဆရာတော် Thich Nhat Hanh စာအုပ်တွေ ရှိမယ် .. ထိုင်းက ဆရာတော်တွေရဲ့ စာအုပ်တွေ ရှိမယ် .. Dalai Lama စာအုပ်တွေ ရှိမယ်။ အခြား နိုင်ငံခြားသားတွေ သူတို့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေ သူတို့ သက်ဝင်ယုံကြည်မှုတွေကို ရေးထားမယ်။ အဲဒါတွေပဲ ..

မေးမယ် .. ဘယ်မှာလည်း ကျုပ်တို့ မြန်မာပြည်က ဘုန်းကြီးတွေ ရေးထားတဲ့ International Publishing စာအုပ်တွေ .. တွေ့တောင် မတွေ့ဘူး .. မယုံရင် Kinokuniya လို စာအုပ်ဆိုင်မှာ သွားကြည့် .. ယနေ့ YouTube က Video တွေဟာလည်း အနောက်တိုင်းသားတွေ ဗုဒ္ဓဘာသာ ပျံပွားဖို့အတွက် ခေါင်းဆောင်များ လုပ်ပြီး တရားဟောပေးနေသလား အောင်းမေ့ရတယ်

ယနေ့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေဟာလည်း .. သာသနာ ပျောက်ကွယ်မယ် .. လူမျိုးပျောက်မယ် .. ဘာသာက ပျောက်တော့မယ် .. ပျောက်မယ် ဆိုတာ ရှင်းတယ် .. ကိုယ်မှ Quality မရှိရင် ပျောက်မှာပဲ။ ရုပ်ဝတ္တုပစ္စည်းလို ကိုးကွယ်မှုဟာလည်း Quality မရှိတဲ့သူတွေ များလာရင် သွားမှာပဲ။ ကိုယ့်ကိုယ်ကို Insecure ဖြစ်လာတော့ သမာသမတ်နဲ့ အမျှော်အမြင်ရှိရှိ ထူထောင်မယ့် အစား မဟုတ်က ဟုတ်က နည်းလမ်းနဲ့ လုပ်တော့ Violence ဖြစ်တာပဲ အဖတ်တင်တယ်။ နိုင်ငံတကာမှာ ဗုဒ္ဓဘာသာ မျက်နှာ ပျက်တာပဲ အဖတ်တင်တယ်။ ကြားပါတယ် .. ဗုဒ္ဓဘာသာဟာ အကောင်းဆုံး အငြိမ်းချမ်းဆုံးဆု ရပါတယ် ဘာညာဆိုပြီး ဟိုနှစ်တွေက။ အခု အဲဒီလို ဆုကို သွားပြီး မမျှော်မှန်းနဲ့တော့။

ဒါနဲ့ ပတ်သက်ပြီး .. ကျွန်တော်တို့ဆီမှာ ဘာတွေဖြစ်နေလဲ .. သာသနာကို ပြန်ကြည့် .. ဘုန်းကြီးတွေက သာသနာ အလုပ်မလုပ်တော့ပဲ .. ချဲဂဏန်းတွေပေး .. ဘောလုံးပွဲကြည့် .. ကိုရီးယားကားတွေကြည့် .. ကွမ်းတွေစား ( ဒီနေရာမှာ .. ဆေးထည့်စားတာ Behavior ပျက်ပြားတာပဲ .. ဆေးထည့်မစားလည်း စွဲမြဲစွာ စားနေတာ Behavior ပျက်ပြားတာပဲ .. ဘာမှ လာမငြင်းနဲ့ .. Personality အရလည်း ကြည့်မကောင်းဘူး ) .. ကျန်တဲ့ အရမ်းဆိုးဝါးတဲ့ ကိစ္စတွေလည်း တစ်ပုံကြီး။ အခုလို Behavior တွေ ပျက်ပြားနေတဲ့ ဘုန်းကြီးတွေ နဲ့ ဖြစ်နေတဲ့ သာသနာဟာ ဘယ်လို ရှေ့ဆက်သွားမှာလဲ။ မေးခွန်းထုတ်သင့်တယ်။ မြတ်စွာဘုရားကို သာမန် လူပုဂ္ဂိုလ် တစ်ယောက်အနေဲ့ မြင်ကြည့်စေအုံး .. အရမ်းကို Quality ကောင်းတဲ့ လူပုဂ္ဂိုလ်မို့ သူဟောသမျှ ပြောသမျှဟာ နှစ် ၂၅ဝဝ ကျော်ထိ လူတွေ လက်ခံလာကြတယ်။ ယနေ့ သူ့ Flow အတိုင်း သူ့ကျင့်စဉ်တွေအတိုင်း အေးအေးချမ်းချမ်းနဲ့ သွားနေတဲ့ ဘုန်းကြီးမှန်သမျှဟာလည်း နောက်လိုက်တွေ နဲ့ ပြည့်နေသလို .. နိုင်ငံတကာကလည်း လာပါ .. တရားလာဟောပါ ဆိုပြီး ဖိတ်ကြားတာတွေ နဲ့ ပြည့်နေလေရဲ့။ Dalai Lama ဟာ သာဓကပဲ။ သူသွားတရားဟောတာ ဘုန်းကြီးအလုပ်မဟုတ်ဘူး .. သူ့ တိဘက် နိုင်ငံလွပ်လပ်ရေး ဆိုစေအုံး .. သူဟာ တရုတ်ကို မုန်းတီးဖို့ .. တရုတ်ကို ပြသနာရှာဖို့ တစ်လုံးမှ သုံးမထားဘူး။ အေးအေးဆေးဆေးနဲ့ ပြုံးပြုံး ရွှင်ရွှင်ပဲ ပြောတယ်။ သူသွားဟောလို့ ထချကြတာလည်း မကြားဖူးဘူး။ ယနေ့ နိုင်ငံတကာ လှည့်ဟောနေတဲ့ မြန်မာဘုန်းကြီးတွေအများစုဟာလည်း ထိုနည်းလည်ကောင်းပဲ။ အေးအေးဆေးဆေးနဲ့ပဲ ဟောတယ်။ Violence ဖြစ်မယ့် အကြောင်းမပါဘူး။

ပြောကြပါတယ် .. ဟာ မွတ်စလင် ဦးရေများလာတယ် .. သူ့ဘာသာသူ များတာ များတာပဲ ရှိမယ် .. အပေါ်က ပြောထားသလို ဘယ် ဘာသာဖြစ်ဖြစ် ဘယ်အရာပဲ ဖြစ်ဖြစ် Quality မရှိတဲ့ သူတွေ များနေရင် တရုတ်ပစ္စည်းလို မြန်မြန်ပျက်မှာပဲ။ ဘာမှ ငြင်းစရာ မရှိဘူး။ အဲဒါ ဘယ်အရာ မဆို လောကကြီးမှာ Apply လုပ်ထားတယ်။ နောက်တစ်ခု ယနေ့ ခရစ်ယန်ဘာသာပျံပွားတာတွေဟာ Humanitarian ကိစ္စတွေကို အကျိုးပြုပြီး ပျံပွားတယ်။ ပြောသံကြားပါတယ် .. ပိုက်ဆံပေး စည်းရုံးတယ် ဆိုပြီး .. သူတို့က သူတို့ပိုက်ဆံကို တကယ့်ကို အသုံးဝင်တဲ့ နေရာကိုပဲ အသုံးချသွားတယ်။ သူတို့ Church ကို လှူတဲ့ ငွေတွေကို Fund Raising ထားပြီး လူမှုရေး ကျန်းမာရေး နဲ့ ပညာရေးတွေ မှာ မှန်မှန်ကန်ကန် အသုံးချသွားတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ ခေတ်အဆက်ဆက် ဘုရားမှာ သွားလှူတဲ့ ပိုက်ဆံတွေဟာ ဘယ်ရောက်သွားလဲ ဆိုတာ မေးခွန်းထုတ်စရာပဲ။ အစိုးရ ဆိုပြီး ပုံချလိမ့်မယ်။ အကုန်လုံးတော့ အစိုးရကို ပုံချလို့ မရဘူး။ ဒါပေမယ့် ရေးထားတာက .. အလှုခံပုံးတွေမှာ ပြုပြင်ဖို့၊ မီးပူဆော်ဖို့၊ ရေကပ်ဖို့ ဆိုတာပဲ ရှိတယ်။ အဲဒီထက် ပိုပြီး လူသား အကျိုးပြု အစောက ပြောခဲ့တဲ့ .. အဲဒီ အလှူငွေတွေနဲ့ .. လူမှုရေး ကျန်းမာရေး နဲ့ ပညာရေးတွေ မှာ မှန်မှန်ကန်ကန် အသုံးချဖို့ ဆိုတာ မစဉ်းစားကြဖူးလား။ အခုဖတ်နေရင်း ဒီကောင် ကွန်မြူနစ် သခင်သန်းထွန်း လက်သစ် ဆိုပြီး ပြောကြမယ်။ ငယ်ငယ်က တွေ့ဖူးပါတယ် .. TV မှာ .. အလှူရေစက် လက်နဲ့မကွာ ဆိုပြီး .. လှူလိုက်တဲ့ ရွှေပြား .. ဆွဲကြိုးတွေ ချွတ်လှူကြ .. နားကပ်တွေ စိန်တွေ .. လှူကြ။ အခုလို မလိုလားအပ်တဲ့ ဟာတွေ လုပ်နေတဲ့ အချိန် .. အခြား ဘာသာတွေဟာ အဲဒီလို မလုပ်ဖူးဗျ။ အဲဒါ သိထားသင့်တယ်။ သူတို့ကျတော့ လာလှူသမျှကို လိုအပ်တဲ့ နေရာတွေ ဟိုး တောခေါင်တဲ့ နေရာတွေ မှာ ပညာရေး ကျန်းမာရေး လူမှုရေးတွေကို ဘုရားသခင် ကောင်းချီးပေးလို့ လာကူညီပါတယ် ဆိုပြီး အသုံးချလိုက်တော့ ဘာသာတွေ ပြောင်းသွားတာ မဆန်းဘူး။ Logic အရစဉ်းစားရင် ရှင်းရှင်းလေး .. အဲဒီအတွက် ဘာမှ ငြင်းဖွယ်မရှိဘူး။ ဥုံဖွ ဆိုပြီး ရွာကကလေးတွေလည်း ပညာရ၊ စားဝတ်နေရေး ကျန်းမာရေးလည်း စောက်ရှောက်မှု အပေးခံရ .. နွေးနွေးထွေးထွေးနဲ့ အေးချမ်းစွာ ဆက်ဆံတော့ အခြားဘာသာကူးသွားတာ မဆန်းဘူး။ သေချာစဉ်းစားကြည့် .. အင်း ဟုတ်သားပဲ ဆိုပြီး ပေါ်လာလိမ့်မယ်။ တစ်ချို့က ပြောကြတယ် .. ဟာ သုံးပါတယ် ကွ ဆိုပြီး .. ဒါပေမယ့် Logic အရ စဉ်းစားရင် .. တစ်နေ့တစ်နေ့ ဘုရားတိုင်းမှာ အလှူခံရတဲ့ ငွေတွေကို ပေါင်းကြည့် .. ကျပ်သန်းပေါင်းကို များစွာ .. ဒါပေမယ့် ရွာမပြောနဲ့ မြို့စွန်မှာ ဖိနပ်မပါပဲ ကျောင်းတက်နေရတဲ့ ကလေးတွေ ရှိတယ်။ စာသင်ခန်းမရှိလို့ သစ်ပင်အောက်မှာ စားပွဲချပြီး သင်နေရတာတွေ .. အမိုးအကာ မလုံလောက်တာတွေ နဲ့ ပြည့်နေတယ်။ ကျောင်းတက်မယ့် အရွယ် .. အသက်အရွယ်နဲ့ မလိုက်အောင် မနက် ၄ - ၅ နာရီကထလို့ ည ၁ဝ နာရီ ၁၁ နာရီထိ စားပွဲထိုး လုပ်နေရတဲ့ ကလေးတွေ မြင်တိုင်း ကျွန်တော်တို့ နိုင်ငံရဲ့ ယနေ့ဖြစ်ပေါ်နေတဲ့ ဘာသာရေး လူမျိုးရေး ကိစ္စတွေဟာ Quality မရှိတဲ့သူတွေ Vision မရှိတဲ့သူတွေ ကြောင့် ဖြစ်နေတာ ဆိုတာကို သိသင့်တယ် လို့ ဆိုပြီး အဆုံးသတ်ချင်တယ်။

ကျွန်တော်ရေးတာတွေကို ကြိုက်ချင်မှ ကြိုက်မယ် .. ဒါပေမယ့် ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံသားတွေ (ဒီနေရာမှာ လူမျိုး နဲ့ ဘာသာကို မသုံးချင်ဘူး) အေးအေးဆေးဆေး နဲ့ ချစ်ချစ်ခင်ခင် နေကြ .. ကျောင်းပညာသင်ကြတာကိုပဲ မြင်ချင်တယ်။
   Zaw Gyi (facebook)

https://www.facebook.com/groups/478756672143773/permalink/617503011602471/

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .