Social Icons

Sunday, June 16, 2013

မြန်မာပြည်နဲ့ ထိုက်တန်တဲ့ အစိုးရက အာဏာရှင်အစိုးရပဲဆိုတာ တချိန်က လက်မခံနိုင်ခဲ့ဘူး



ဆိုက်ဒ်ဝါးတွေက အရမ်းကိုလှတာ..... လုပ်ပိုင်ခွင့်တွေထဲက လုပ်လုပ်ရတဲ့ အင်အားတွေနဲ့ လုပ်ချင်တိုင်း လုပ်လို့ရနေတော့.....
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာတော့ ပြည်သူတွေက မယုံကြည်နိုင်လောက်အောင် ကြိုဆိုလိုက်ကြတယ်....စစ်အာဏာရှင်ကြီးအုပ်စု ...သွေးလန့်သွားတယ်....၊
ဓမ္မကထိက ဆရာတော်ကြီးများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီပွဲမှာ ထောက်ခံတရားတွေ ဟောပေးတယ်.... ဒေါ်အောင်ဆန်းစုကြည်ကလဲ ဖုန်းကြီကျောင်းတွေမှာ သွားရောက်ဖူးမြှော်တယ်..... ဒီတော့ ဘုန်းကြိးတွေကို ပြဿနာရှာတယ်... အင်တာနက်ပေါ်ကနေ ဘုန်းကြီးတွေအားလုံးမကောင်းသလောက် ၀ါဒတွေဖြန့်တယ်.... ဆရာတော်ကြီအချို့ ကျောင်းပေါ်ကနေ အနှင်ချခံရတယ်....ဘုန်းတော်ကြီးများက နောက်တွန့်မသွားပဲ ရှေတန်းကို ထွက်လာတယ်.... အဏာရူးတွေ မျက်ခုံးလှုပ်သွားတယ်....၊
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တယ် ပြည်သူတွေက ၀ိုင်းပြီးမဲတွေထည့်ပေးလိုက်တယ်..... ဘုန်းတော်ကြီးတွေက အထူးသဖြင့် မန္တလေးသံဃာတော်များက ဘုန်းတော်ကြီး သင်္ကြန်တောင်ကျပြီးတော့ ထောက်ခံပေးလိုက်ကြတယ်....ကမ္ဘာကျော်အောင်း ၀က်ဝက်ကွဲသွားတယ်.... အာဏာရှင်တွေ ဖင်တုန်သွားတယ်....၊
အာဏာရှင်တွေ နားလည်သွားတာက အတုအယောင် ဒီမိုကရေစီမှာ ဘုန်းတော်ကြီးတွေက အန္တရာယ်အကောင်းဆုံးပေးနိုင်တဲ့သူတွေ ဆိုတာပါပဲ....၊ ဒီတော့ ဘုန်းတော်ကြီးတွေကို အာဏာရှင်တွေ ကျားကွက်ရွှေဖို့ မျက်စိကျလာတယ်...၊
အဲ့ဒီမှာပဲ... နောက်ကွယ်က အဖိုးကြီးက မင်းတို့မလုပ်နိုင်ဘူးလားလို့မေးတယ်....လက်ရှိအာဏာရ အစိုးရတဖွဲ့လုံး အဖိုးကြီးရဲ့ " မင်းတို့မလုပ်နိုင်ရင်ထွက် " ဆိုတဲ့ အမိန့်စကားကို တုန်လှုပ်ခြောက်ခြားသွားကြတယ်.....၊
ဒီတော့ ယုတ်နည်းတကာ့ ယုတ်နည်း ညစ်နည်းတကာ့ ညစ်နည်းတွေကိုတတ်တဲ့ ဗိုလ်ခင်ညွန့်အဖွဲ့ကလူတွေနဲ့ ပြန်ပေါင်းထုတ်တယ်....၊
မှတ်မိကြတယ် မဟုတ်လား.... ဗိုလ်ခင်ညွန့်ရဲ့ နေအိမ်အကျယ်ချုပ် ဗွီဒီယိုခွေကို အင်တာနက်ပေါ်မှာ စစ်ခေါင်းဆောင်တွေက သေသေချာချာ ဖြန့်ဝေခဲ့တာ... အဲ့ဒါက အပေးအယူလုပ်စဉ်အခါက သေချာဝါဒဖြန်ပေးလိုက်တဲ့အခွေ... ၊ လူတွေကမသိတော့ ကျားကြီးကိုတောင် သနားလိုက်ကြသေးတယ်မဟုတ်လား....၊ ဗိုလ်ခင်ညွန့်ရဲ့ ဆိုက်ဝါးတွေက အဲ့ဒီကစလာတာပါပဲ... ပြောရမယ်ဆိုရင်တော့ မင်းကိုနိုင်တို့ ကိုကိုကြီးတို့တတွေဟာ အလကားလွတ်လာကြတာမဟုတ်ဘူး...ဗိုလ်ခင်ညွန့်ကို ထုတ်သုံချင်လို့ ဥပဒေအရ လူကြည့်ကောင်းအောင် လွတ်ငြိမ်းချမ်းသာခွင့် ပြုလုပ်ပေးပြီး လှည့်စားလိုက်တာ....၊
ကျားကြီးကို အသုံးချဖို့ အပြင်ထုတ်လိုက်တာ ဗိုလ်သိန်းစိန်က ထောင်သားတွေကို လွှတ်ပေးခဲ့တဲ့ သူတော်ကောင်း ကယ်တင်ရှင်ကြီတောင် အလိုလိုဖြစ်သွားရတယ်မဟုတ်လာ
နည်းကတော့ တခြားမဟုတ်ဘူး.... ပြောင်ပြန်အလင်းပြန်ခြင်းနိယာမလို့ခေါ်တယ်....ဒါမှမဟုတ်....လာရာလမ်းကြောင်းအတိုင်း ကောင်တာပြန်ပစ်ခြင်းပေါ့ ၊
လုပ်ပိုင်ခွင့်ရှိတဲ့ သူတို့အတွက် သိပ်လှတယ်... မိန်းမဉာဏ်မရှိတဲ့သူတွေက ဒီအကွက်ကို ရှက်လို့ လုပ်ရကောင်းမှန်းမသိခဲ့ဘူး....၊ မိန်းမဉာဏ် ဗိုလ်ခင်ညွန်ကတော့ မြင်တတ်တယ်... ဒါတွေက သူလုပ်လာခဲ့တာလေ....၊ ဗိုလ်ခင်ညွန်က့ မိန်းမဉာဏ်တင် တော်တာမဟုတ်ဘူး မိန်းမလိုလဲတော်တယ်... ၊
မန္တလေးက ဆရာတော်ကြီးတွေ သိပါတယ်...၊
ဗေဒင်ဆရာက မိန်းမနန်းတက်ကိန်းမြင်တယ် ယတြာ ခြေရမယ်ဆိုတော့ မန္တလေးက မြနန်းစံကျော်မှာ ဆရာတော်ကြီး ၁၀ ပါးကိုပင့်ပြီး မနက်အာရုံတက်ချိန်အမှီ ဗိုလ်နေ၀င်းနဲ့ ဗိုလ်ခင်ညွန့် ယတြာချေခဲ့ကြတာ .... ဗိုလ်နေ၀င်းက ဘုရင်ကြီးလိုဝတ် ဗိုလ်ခင်ညွန့်က မိန်းမလိုဝတ်ပြီး ဗိုလ်နေ၀င်းက နန်းအတက်မှာ လက်ကိုတွဲပြီး နှမတော်ရေ လို့ခေါ်တော့ ဗိုလ်ခင်ညွန့်က မောင်တော်ဘုရားဆိုပြီ လက်ကမ်းလို့ အခေါ်ထူးပြီး မော်ဖူးပြီး နန်တက်ယတြာခြေခဲ့ကြတုန်းက မိန်းမနဲ့ ဘယ်လောက်တူသလဲဆိုတာ အနားမှာရှိတဲ့ ပထမဦးဆုံး မန္တလေး တ၀တ တိုင်းမှူးကြီး ဗိုလ်ထွန်းကြည်တောင် ယောက်ကျားအချင်းချင်း ငေးယူရလောက်တယ်ဆိုပဲ...( စပ်မိလို့ ပြောတာပါ... အတင်းတော့ ပြောတတ်ပါဘူး )၊
အဲ့...ပြောချင်တာကဗျာ...အခုတော့ သူတို့စစ်အာဏာရှင် ခေတ်အဆက်ဆက် ငွေယူပြီးတော့ လက်ခံခဲ့တဲ့ ဘင်ဂါလီတွေ... ဘင်ဂါလီတွေကို လက်ခံထားလို့ အာရပ်နိုင်ငံကရရှိတဲ့ လျှိုဝှက် ထောက်ပဲံကြေးတွေ..... အာရပ်နိုင်ငံတွေနဲ့ လျှိုဝှက် ကုန်သွယ်မှု့တွေ ... ဒါတွေကို ပျောက်အောင်ဖျောက်ဖို့ မစီမဆိုင် ဘာမှလုပ်ပိုခွင့်မရှိလို့ ဘာမှမလုပ်ရ တာဝန်မယူရသေးတဲ့ အန်အယ်လ်ဒီကို နာမည်ပြောင်းပြီး ချောက်တွန်းလိုက်တယ်....ယုတ်မာ ပက်စက်ချက်ကတော့ ကမ်းကုန်ပါပဲ... ၊
အာဏာရှင်တွေက အာရပ်ကမ္ဘာကို အားကိုလို့လဲမရတော့ဘူးလေ... ဟိုမှာက ... အာရပ်လှိုင်းတွေမိပြီး သူဟာနဲ့သူ ၀လချီး လည်နေကြတာမဟုတ်လား....၊ အာရပ်ကမ္ဘာနဲ့ ဆက်သွယ်ရေးမှာ ဘန်ဂါလီကုလားတွေက ပွဲစားလုပ်ခဲ့တာ...၊ အဲ့ဒီ ဘန်ဂါလီတွေ မြန်မာပြည်မှာ ကုမ္ပဏီကြီးတွေ သူဌေးကြီးတွေ ပေါ့ဗျာ...၊
ဘန်ဂါလီကို ကန်လို့ရပြီဆိုတော့ နယ်စပ်ပြဿနာ ဖန်တီးလိုက်တယ်.... အင်တာနက်ကို စိတ်တိုင်းကျသုံးနိုင်ကြတဲ့လူ အများစုကလဲ မြန်မာပြည်မှာ ခရိုနီး လော်ဘီသမားတွေနဲ့ စစ်အုပ်စုတွေပဲ မဟုတ်လား.... မြန်မာတွေက ဘန်ဂါလီတွေ ကျူးကျော်လာတာ မကြိုက်ဘူးမဟုတ်လေ.... ဒီတော့ ဘန်ဂါလီအရေးကို ဖန်တီလိုက်ရင် မွတ်စလင် အချင်းချင်းဖြစ်တဲ့ ပြည်တွင်းက ကုလားတွေ ကြွလာမယ်.... ပြည်တွင်းကုလားတွေကို ဘုန်ကြီးနဲ့ တိုက်ပေးလိုက်ရင် ကုလာနဲ့ဖြစ်ရင် အကဲဆပ်တဲ့ မြန်မာတွေကြွလာမယ်...၊ မြန်မာတွေသေမယ် ကုလားတွေကို သတ်ပေးလိုက်မယ်... ဒီလိုဆိုရင် နိုင်ငံရေးသမားတွေ ပတ်သက်လာမယ်.... ပြည်သူတွေနဲ့ တိုက်ပေးမယ်.... ဘုန်းတော်ကြီတွေက နိုင်ငံရေးသမားတွေကို မုန်းသွားမယ်....၊
ဒါဆိုရင်တော့ အန်အယ်လ်ဒီကို ထောက်ခံခဲ့တဲ့ ဘုန်တော်ကြီး ဂရုတွေကို ခါးပိုက်ထဲကို ထည့်လို့ရပြီ....၊ ဒါကြောင့် ဘယ်တုန်းကမှ မြန်မာပြည်မှာ အရှင်လတ်လတ် လူအများစုကို မီရှို့သတ်တာ မရှိဘူးတဲ့ ပြစ်မှု့ကြီးတွေ ကျူးလွန်လာဖို့ အကြောင်းတရာတွေပေါ်လာတယ်...၊ မန္တလေးက အလွန်ကံကောင်းသွားပါတယ်.... ကျုပ်ရတဲ့သတင်းဆိုရင်.... စာသင်တိုက်ကြီးတတိုက်က ဘုန်းကြီးတပါးကို ခေါင်းဖြတ်သတ်ပြီး ဗလီနဲ့ မလှမ်းမကမ်းမှာတောင် ချထားပြီတော့ အဓိကရုဏ်းဖန်တီးမယ်လို့ ကြားခဲ့တယ်.... ဒါကြောင့် မှုးဇော်ရဲ့ ဖေ့စ်ဘုတ်မှာ အဆုံအဖြတ် တိုက်ပွဲတွေပြင်းထန်းမယ် ဘာညာဆိုပြီး ရေးခဲ့တုန်းက ဖေ့စ်ဘုတ်ကနေပြီး ကျုပ်ကလဲ မြန်မာပြည်ကို မုန်တိုင်းကြီး ၀င်တော့မယ်ဆိုပြီး သတိပေးစာ ရေးခဲ့ဘူးတယ်... တော်ပါသေးတယ် ဘုရားမလို့ပေါ့ဗျာ...၊
ကမ္ဘာမှာ မွတ်စလင်တွေက အရှင်လတ်လတ် ခေါင်းဖြတ်သတ်တာကို မြင်ရတော့ ကမ္ဘာ့လူသားတွေ အော့နှလုံးနားကြတယ်....၊ အခု ဗုဒ္ဓဘာသာ မြန်မာပြည်မှာ လူသားတွေကို အရှင်လတ်လတ် မီးရှို့သတ်တာ ကမ္ဘာကြီမှာ မြန်မာတွေ ဘယ်လောက်သိက္ခာကျသွားလဲ ..... ဗုဒ္ဓဘာသာနဲ့ မွတ်စလင်တွေဟာ ဘာများကွာခြားပါသလဲ ဆိုတဲ့ မေးခွန်းတွေ ဖြစ်လာတယ် .... ဒီတော့ ဒီကိစ္စတွေကို မကြိုက်သူတွေရှိသလို ကြိုက်သူတွေရှိလာတယ် အချင်းချင်းတွေ ကွဲလာကြတယ်....၊
ဘာသာရေးနဲ့ ပတ်သက်လာတော့ ဘာသာရေးသမားတွေ ပါဝင်ပတ်သက်လာတယ် ၊ မွတ်စလင်တွေဘက်က ဗလီဆရာတွေပါလာတယ်... ဗုဒ္ဓဘာသာတွေဘက်က ဘုန်းတော်ကြီးတွေပါလာတယ်....၊ ဒါကတော့ သဘာဝတရားပဲပေါ့... ဒါပေမယ့် ...ထောက်လှန်းရေးတွေရိုက်ထားတဲ့ ဘုန်းတော်ကြီးတွေ ပါဝင်ပတ်သက်ပြီး ကျူးလွန်နေတဲ့ အမှု့ဗွီဒီယိုခွေတွေကို ထောက်လှမ်းရေးတွေကပဲ အင်တာနက်ပေါ်မှာ ပြန်တင်တယ်.... ဒါက အလကားတင်းတာမဟုတ်ဘူး... အချိန်မရွေးတရားခံအဖြစ် ဖမ်းလို့ရအောင် သက်သေပြထားတာ.... သူတို့နဲ့ ဆန့်ကျင်လာရင် အဲ့ဒီလူတွေ ဘုန်းတော်ကြီးတွေ တရားခံတွေ ဖြစ်သွားမယ်...၊
ဒီမိုကရေစီလိုချင်တဲ့ မရှိဆင်းရဲသား ပြည်သူပြည်သားတွေက အရမ်းများတယ်... အဲ့ဒီလိုပဲ ဗုဒ္ဓဘာသာတွေက ၈၀ % ရှိတယ် .... ဘုန်ကြီးတွေနဲ့ ဒီမိုကရေစီသမားတွေနဲ့ သိပ်တည့်နေရင် အစိုးရအတွက် အန္တရာယ်ရှိတယ်...ဒီတော့ စစ်အာဏာရှင်တွေက ဒိမိုကရေစီအရေးဆောင်ရွက်သူတွေနဲ့ ဘုန်းတော်ကြီတွေကို ရန်တိုက်ပေးလိုက်တယ် ... ဒီမိုသမားတွေပြောတဲ့ လူ့အခွင့်အရေးဆိုတာ အာဏာရှင်တွေအောက်က မတရားအဖိနှိပ်ခံမှု့တွေကို တွန်းလှန်နိုင်ဖို့ ပြောခဲ့တာပေါ့....ဒါပေမယ့် ... စစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေဆိုတာက ကုလားတွေကို ခေါင်းဖြတ်သတ်ခွင့်ပေးလိုက်တာလို့ အဓိပ္ပါယ်ထွက်အောင် ဖွင်ဆိုပြန်ရော...ဒီတော့ ... ပြည်သူတွေလဲ နှစ်ခြမ်းကွဲသွားမယ်.... ကွဲတဲ့တခြမ်းက ကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့ဘက် ပါလာမယ်...ဒီလို အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းခြင်းအားဖြင့် ကြားထဲက ဠင်းတက ကြက်နှစ်ကောင်ခွပ်တာကြည့်ပြီး သွားရည်ကျစရာ ဖြစ်သွားတော့တာပေါ့ဗျာ ...၊
နော်ဆုံတော့ ..... နှစ်ပေါင်း ၅၀ ကျော် မြန်မာပြည်သူလူထုကို ဇကေားထဲမှာ လှိမ့်ချင်သလို ထည့်လှိမ့်လာခဲ့တဲ့ စစ်အာစာရှင်တွေက နောက်ထပ် နှစ်ပေါင်း ၅၀ လှိမ့်ချင်တိုင်း လှိမ့်ခွင့်တွေ ဆက်လက်ရတော့မယ် ၊ ဘုံရန်သူကို မေ့ပြောက်ပြီး အချင်းချင်းတွေ ကွဲရင်းပြဲရင်း သတ်ရင်းဖြတ်ရင်းနဲ့ပဲ မြန်မာပြည်သူ ပြည်သားတွေ စစ်ဘိနပ်အောက်မှာပဲ ဆက်လက် ရှင်းသန်ရတော့မယ်ဆိုတာ... အဝေးတနေရာကနေပြီး ခွပ်ဒေါင်းအလံကို ကိုင်ရင်းနဲ့ စိတ်မကောင်းစွား ငေးကြည့်နေမိပါတော့တယ်ဗျာ....။

( ဦးနိုင်ဝင်း လန်ဒန် )

 https://www.facebook.com/photo.php?fbid=526893970693535&set=a.187988074584128.43840.100001188094541&type=1

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .