
ဗမာအစိုးရ စစ်တပ်များမှ ၀င်းဆိုင်ရွာတွင် လယ်လုပ်နေသော အသက် (၂၃) နှစ်
အရွယ် မောင်မရန်ယော် ကိုလည်း လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး၊ ဇွန် (၁၄)
ရက်နေ့တွင်လည်း ကလေး (၆) ယောက်ဖခင် ဦးဇခုံလွမ်းခေါင်းကို
ဖမ်းဆီးခေါ်ဆောင်သွားကာ ပစ်သတ်ခဲ့ကြောင်း သိရှိရပါသည်။ ဇွန် (၁၆)
ရက်နေ့တွင်လည်း ဟူးန ရှမ်းရွာမှ ရှမ်းအမျိုးသား (၁၂) ဦးကို
လမ်းပြအဖြစ်ခေါ်ဆောင်သွားကာ ဇွန် (၁၇) ရက်နေ့ နေ့လည်း (၁း၀၀)
နာရီအချိန်ခန့်တွင် ကျပ်ငွေ (၁၀၀၀) စီပေးကာ ပြန်လွှတ်လိုက်ကြောင်း၊ ဤသို့
ရွာသားများကို ခေါ်ဆောင်သွားပါက ကေအိုင်အေဘက်မှ ပစ်ခတ်ခြင်းမရှိသည်ကို
အခွင့်ကောင်းယူ၍
ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပြန်လွှတ်လာသူများ၏ ပြောပြချက်အရ
သိရှိရပါသည်။
JP kasa
No comments:
Post a Comment