Social Icons

Thursday, October 11, 2012

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စစ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင် နေရာမှာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်မ

စက်တင်ဘာလဆန်းပိုင်းတုန်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ စစ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင် နေရာမှာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို အစားထိုး ခန့်ထားလိုက်တယ်လို့ သိရပါတယ်။



မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးသစ်ဖြစ်တဲ့ ကြည်း - ၁၈၁၃၁ ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ကျောင်းဆင်းတစ်ယောက်ဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း သံဃာတော်တွေနဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ အမှတ် (၇၀၃) ခြေမြန်တပ်ရင်းရဲ့တပ်ရင်းမှူး အဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ၃၀-၄-၁၉၆၃ ခုနှစ်မှာ ဗထူးတပ်မြို့တွင် မွေးဖွားခဲ့ပြီး ဖခင်ကအငြိမ်းစား ဗိုလ်မှူးကြီး ခင်မောင်ဝင်းလို့ သိရပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ကချင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ ကေအိုင်အေကို စစ်ဆင်ရေးတွေပြုလုပ်ရာမှာ အဓိက ကွပ်ကဲမှုပေးရာနေရာဖြစ်ပါတယ်။ ယခင်တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင်ကို ကေအိုင်အေကို ထိုးစစ်ဆင်နေတဲ့ စစ်ဆင်ရေးများ အောင်မြင်မှုမရရှိပဲ ကြန့်ကြာနေတဲ့အတွက် ကွပ်ကဲမှု ညံ့ဖျင်းတယ်လို့ ယူဆပြီး သူ့နေရာမှာ ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်ကို အစားထိုးလိုက်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဇေယျာအောင်ကိုတော့ အရပ်ဘက်ကို ပြောင်းရွှေ့ပြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ပေးခဲ့ပါတယ်။(ja brang -facebook)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .