Social Icons

Monday, October 15, 2012

မကဲ့ရဲ့ ပါနဲ့ 


၁၉၅၇-၅၈ တုန်းက ဗန်းမော်အထက်က စိန်လုံ (Zinlum) အထက်တန်းကျောင်း တစ်ကျောင်းထဲ ရဲ့ Matric အောင် စာရင်းဟာ ရှမ်းပြည်နယ် တခုလုံးထက် များခဲ့တယ်၊ ဆိုတာ အဲဒီတုန်းက သတင်းစာ ဖတ်တဲ့ လူတွေ တွေ့ပါလိမ့်မယ်။
(အခုအဲဒီ စိန်လုံက ရွာအဆင့်ကနေ မတက်တော့ဘူး)

အမေရိကန် သာသနာ ပြုကျောင်းတွေဟာ အဲဒီအချိန်တုန်းက ကမ္ဘာ့ အဆင့်နဲ့ အညီ ဖွင့်ပေးခဲ့တာပါ။
မြန်မာ ပြည်က မောင်းထုတ်လိုက်တဲ့ သာသနာ ပြုကျောင်း အများပိုင်း အခု၊ ထိုင်းမှာ ကမ္ဘာ့
အဆင့်မှီ တက္ကသိုလ် ကြီးများ၊ International private School များ ဖြစ်နေပါတယ်။

ချမ်းသာတဲ့ မြန်မာတွေတောင် ထိုင်းက အဲဒီကျောင်းတွေမှာ အများကြီး တက်နေပါတယ်။

အမေရိကန် သာသနာပြု ဆရာတွေဟာ နိုင်ငံရေး အမြင်တွေလဲ ဖွင့်ပေးခဲ့တယ်။ အဲဒါကို မသိတဲ့ လူတွေက သွေးထိုးတယ် လို့ ပြောကြတယ်။

ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဂျက်ဆင် ကောလိပ် ကျောင်းသား အများအပြားဟာ အမေရိကန် ပညာရေးကြောင့် ပိုပြီး နိုင်ငံရေး မှာ တက်ကြွလာတယ် ဆိုတာ သိတဲ့ လူရှားပါတယ်။
(ဂျက်ဆင် ကော်လိပ် ဆိုတာ အခု ရန်ကုန် တက္ကသိုလ် ကြီးပါ။ အမေရိကန် သာသနာပြုဆရာကြီး ဂျင်ဆင် ရဲ့ အမည် ပေးထားတာပါ။ ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓါန်ရေးသူ၊ အခုသင်နေတဲ့ မြန်မာသဒ္ဒါပြုစု ခဲ့သူဖြစ်တယ်။)

ဒါကို အင်္ဂလိပ် အစိုးရ ကြိုက်တာ မဟုတ်၊ အမေရိကန်တွေက အင်္ဂလိပ်တွေရဲ့ ကိုလိုနီ နယ်ချဲ့မှု အဆုံးသတ်အောင် ပညာရေးနဲ့ တိုက်ခဲ့တယ် ဆိုတာ သိပ်မသိခဲ့ပါဘူး။

မြန်မာတွေ အင်္ဂလိပ် လက်ထဲက လွတ်လပ်ရေး လိုချင်လာအောင် အသိပညာပေးခဲ့တာ သွေးထိုးတယ် လို့ မပြောနိုင်သလို၊
ကချင်တွေ၊ ကရင်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ မွေးရာပါ နယ်မြေပိုင်ဆိုင်ခွင့်များ အမြင်ဖွင့်ပေးခဲ့တာဟာ၊ ခတ်ညံ့ညံ့ အတွေးအခေါ် သမားများကတော့ သွေးထိုးတယ် လို့ ပြောကြပါတယ်။

မြန်မာပြည်ထဲမှာပဲ မဟုတ်ပါ။
တကမ္ဘာလုံး အတိုင်းအတာ အမြင်ဖွင့်ဂယက်များ ဖြစ်ခဲ့တယ် ဆိုတာကိုတော့ သိထားသင့်သည်။ (Duwa Kachin)

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .