Social Icons

Tuesday, August 14, 2012

(မြန်မာအစိုးရ စစ်တပ်လှုပ်ရှားမှု သတင်းတို)myitkyina.blog

  • ခမရ(၃၈၇) (၄၃၈) တပ်ဖွဲ့ဝင်အင်အား(၂၀၀)ခန့်သည် ဒေါ့ဖုန်းယန်မြို့နယ် ဘွမ်ဆောမ်ဘွမ် တ၀ိုက်တွင် အခြေပြုလှုပ်ရှားလျက်ရှိသည်။
  • သြဂုတ်လ(၆)ရက်နေ့တွင် ဗန်းမော်ဆိပ်ကမ်းသို့ သင်္ဘောဖြင့် တပ်ဖွဲ့ဝင်အင်အား(၂၀၀)ကျော် ရောက်ရှိလာသည်။ (တပ်ရင်းအမည် စုံစမ်းဆဲ)
  • သြဂုတ်လ(၇)ရက်နေ့တွင် ဗန်းမော်မြို့မှ ရှပ်ပြေးအမြန်ယာဉ်(၄)စီးဖြင့် တပ်ဖွဲ့ဝင်(၁၀၀)ကျော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်သွားသည်။
  • သြဂုတ်လ(၇)ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ မလန်းယန်(ဂျာပူ)ကျေးရွာတွင် ခလရ(၂၃၈) ခမရ(၃၈၉)တပ်ဖွဲ့ဝင်(၂၀၀)ခန့် ရောက်ရှိနေသည်။
  • သြဂုတ်လ(၈)ရက်နေ့တွင် ခမရ(၅၆)တပ်ရင်း ဟု ယူဆရသော တပ်ဖွဲ့ဝင်(၁၈၀)ခန့်သည် ဗန်းမော်ဆိပ်ကမ်းသို့ သင်္ဘောဖြင့် ရောက်ရှိလာသည်။
  • သြဂုတ်လ(၇)ရက်နေ့တွင် ခမရ(၁၈၄)တပ်ဖွဲ့သည် စစ်ယာဉ်(၆)စီးအပြည့် နှင့် လား တင်ထားသော စစ်ယာဉ်(၆)စီးဖြင့် ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင် တပ်စခန်းသို့ ရောက်ရှိလာသည်။
  • သြဂုတ်လ(၈)ရက်နေ့တွင် ဗန်းမော်မြို့မှ တပ်အင်အား(၂၀၀)ခန့် (တပ်ရင်းအမည်စုံစမ်းဆဲ)သည် စစ်ယာဉ်(၁၇)စီးဖြင့် မြို့သစ်တပ်စခန်းသို့ ရောက်ရှိလာကာ၊ သြဂုတ်လ(၉)ရက်နေ့တွင် မြို့သစ်ကျေးရွာမှ ခြေလျင်ဖြင့် ဆက်လက်ချီတက်ကာ ဒေါ့ဖုန်းယန်တပ်စခန်းသို့ ရောက်ရှိခဲ့သည်။
  • သြဂုတ်လ(၉)ရက်နေ့တွင် ခလရ(၁၀) (၅၈) တပ်ဖွဲ့ဝင်ပေါင်း(၁၅၀)ခန့်သည် လား တင်ယာဉ်(၆)စီး အပါ စစ်ယာဉ်(၁၂)စီးဖြင့် KIA တပ်ရင်း(၃)ဒေသသို့ ချီတက်ဝင်ရောက်လာခဲ့သည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .