Social Icons

Tuesday, August 14, 2012

ထိုးစစ်အရှိန်မြှင့်ရန် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ညွှန်ကြား(myitkyina.blog)

မြန်မာအစိုးရစစ်တပ်သည် KIA တပ်စခန်းရှိရာသို့ တပ်အင်အားအလုံးအရင်းပို့ဆောင်လျက်ရှိသည်။ တပ်လှုပ်ရှားမှုကို ညအချိန်တွင်သာ အဓိကလှုပ်ရှားရန်နှင့် မလွှဲမရှောင်သာ၍ နေ့အချိန်တွင် လှုပ်ရှားပါက အရပ်ဝတ်ဖြင့် လှုပ်ရှားရန် စစ်ဆင်ရေးမှူး မှ ညွှန်ကြားထားကြောင်း တပ်ပြေးများမှတဆင့် ကြားသိရသည်။
KIO နှင့် ဦးအောင်မင်း တွေ့ဆုံဆွေးနွေးရာတွင် ပြဿနာဖြစ်နိုင်သောဒေသရှိ အစိုးရစစ်တပ် ရုတ်သိမ်းရေး၊ ဆုတ်ခွာရေးကို ပဏာမ အနေဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဦးအောင်မင်း မှ ဆွေးနွေးရာတွင် နိုင်ငံတော်၏သိက္ခာကို ထည့်တွက်ရမည်ဖြစ်၍ တပ်ဆုတ်ခြင်း၊ ရုတ်ခြင်းဟု ပြောဆိုရန် မသင့်လျော်ကြောင်း၊ တပ်ရွှေ့ခြင်းဟု ဆွေးနွေးရန်လိုလားကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး သည် “ကချင်ဒေသတွင် တပ်ရွှေ့ရန်၊ တပ်ဆုတ်ရန် လုံးဝမရှိ၊ ရှေ့ကိုသာတက်ရမည်၊ နေ့စဉ် KIA သောင်းကျန်းသူ အဖျက်သမားများကို ရှာဖွေရင်ဆိုင်တိုက်ခိုက်ရမည်။” ဟု တပ်မှူး များကို ညွှန်ကြားခဲ့ကြောင်း မပခစစ်တပ်အသိုင်းအ၀ိုင်းမှ ကြားသိရသည်။
ရှေ့တန်းတွင် ဒုက္ခခံ၍ တိုက်ပွဲဝင်နေသော တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး များမှ စစ်ဆင်ရေးလုပ်ဆောင်ချက် ရလဒ်မကောင်းသူများကို စစ်တပ်မှဖယ်ရှားကာ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ချလိုက်ကြောင်း၊ ခလရ(၃၇)မှ တပ်ရင်းမှူး ကိုလည်း ၀န်ကြီးဌာနသို့ ပြောင်းလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
အောက်ခြေအဆင့် တပ်သား၊ အရာရှိငယ် တို့သည် တိုက်ပွဲဝင်လိုစိတ် လုံးဝမရှိတော့ဘဲ၊ နေ့စဉ် အထက်သို့ အစီရင်ခံစာကို လိမ်လည်၍ တင်ပြနေကြရသည်ကို စစ်ဗိုလ်ချုပ်များသိရှိ၍ အရေးယူ အပြစ်ပေးခြင်း ဖြစ်ကြောင်း စရဖ သတင်းရပ်ကွက်မှ သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .