Social Icons

Tuesday, August 14, 2012

ဝိုင်းမော်မြို့နယ်တိုက်ပွဲ ထိခိုက်ကျရှုံးများ(myitkyina.blog)

မြစ်ကြီးနားမြို့ မှ စစ်ကြောင်းယာဉ်တန်းများသည် နေ့စဉ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းသို့ ဖြတ်ကျော်ချီတက်ကာ KIO ဗဟိုဒေသသို့ စစ်ဆင်ရေး တဖန်အရှိန်မြှင့်ရန် စီစဉ်လျက်ရှိသည်။
ယင်းကဲ့သို့ ချီတက်လာသော ခမရ(၃၈၉)စစ်ကြောင်းသည် သြဂုတ်လ(၈)နေ့တွင် ၀ိုင်းမော်မြို့နယ်၊ မလန်းယန်(ဂျာပူ)ကျေးရွာမှတဆင့် ဂန်ဒေါ်ယန် တပ်စခန်းသို့ စစ်အင်အားဖြည့်တင်းရန် ချီတက်လာစဉ် KIA တပ်ဖွဲ့က ဆီးကြိုတိုက်ခိုက်သဖြင့် အများအပြားထိခိုက်သေကြေကြရကြောင်း သတင်းရရှိသည်။
ယနေ့ သြဂုတ်လ(၉)ရက်နေ့အထိ မပခ တပ်မတော်ဆေးရုံသို့ ဒါဏ်ရာရရှိသူ(၂၄)ဦး ရောက်ရှိနေပြီဖြစ်ကြောင်း နှင့် ကျဆုံးသူ(၁၀)ဦးခန့် ရှိမည်ဟု တပ်မတော်ဆေးရုံ သူနာပြု၏ ပြောဆိုချက်အရ သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .