Social Icons

Tuesday, August 14, 2012

သိထားသင့်သော ဥပဒေ အနည်းငယ်။

                                       လူတစ်ဦးကိုအုပ်ချုပ်ရေးအာဏာပိုင်တို့က အချုပ်ခန်းသို့မဟုတ် ထောင်တွင်ချုပ်နှောင်ထားလိုသည်ဆိုပါက ---ပြစ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ၆၁ နှင့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၇၆ အရ ရဲချုပ်တွင် ၂၄ နာရီထက်ကျောလွန်ချုပ် နှောင်ထားခွင့်မရှိပါ။ (ခိုင်လုံသော အကြောင်းပြချက်ဖြင့် ၂၄ နာရီချုပ်နှောင်နိုင်သောလည်း အကြောင်းမဲ့ချုပ်နှောင်ခွင့်မရှိပါ)။---အကယ်လို့ ရဲစခန်းမှုးတစ်ဦးတစ်ယောက်က စွပ်စွဲခံရသူသည် ထောင်ဒဏ် ၇ နှစ်အောက်အပြစ်ပေးနိုင်သော ပြစ်မှု ကိုကျူးလွန်ကြောင်း စွပ်စွဲချက်တင်ပြနိုင်ပါက တရားသူကြီးထံ ချုပ်နှောင်ခွင့်တောင်းခံပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၇ အရ ၁၅ ရက်အထီချုပ်နှောင်ခွင့်ရှိပါသည်။-အကယ်လို့ ရဲစခန်းမှူးတစ်ဦးတစ်ယောက်က စွပ်စွဲခံရသူသည် ထောင်ဒဏ် ၇ နှစ်အထက် တစ်ကျွန်းဒဏ် သေဒဏ်အထိအပြစ်ပေးနိုင်ကြောင်း စွပ်စွဲချက်ကို တရားသူကြီးကျေနပ်လောက်အောင် တင်ပြနိုင်ပါက ရက် ၃၀ ထိချုပ်နှောင်ထားရန် တရားသူကြီးက ပြစ်မှူဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၇ အရ ခွင့်ပြုနိုင်သည်။-တည်ဆဲပြစ်မှူဆိုင်ရာကျင့်ထုံးဥပဒေအရ လူတစ်ယောက်အား တရားရုံးသို့ ပြစ်မှူတစ်ခုခုဖြင့် တရာစွဲမတင်ဘဲ ရက် ၃၀ ထက်ပိုကာ ချုပ်နှောင်ထားခွင့် မရှိပါ။- သို့သောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အတွင်းနှင့်နောက်ပိုင်း ၂၀၁၀ပြည့်နှစ် မတိုင်မီ ခေတ်များအတွင်း နိုင်ငံတောအား နှောက်ယှက် ဖျက်ဆီး လိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေကိုသုံးကာ ဖမ်းဆီးချုပ်နှောင်ထားလိုသူများကို တရားရုံး ခွင့်ပြုချက် မလိုတော့ဘဲ အုပ်ချုပ်ရေးအာဏာပိုင်တို့  အမိန့် များဖြင့် ၅ နှစ် ၆ နှစ်ခန့် ထိ ချုပ်နှောင်ခဲ့သည့်ဖြစ်ရပ်များ ရှီပါသည်။                                                                ကောက်နုတ်-ပြည်သူ့ခေတ် ဂျာနယ်

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .