Social Icons

Thursday, April 26, 2012

တရုတ်သို့ရောင်းချသည့်လျှပ်စစ်ဓာတ်အားကို ပြန်ဝယ်၍ ဖြည့်ဆည်းဖြန့်ဝေပေးရေး ဆောင်ရွက်နေကြောင်း

"တရုတ်ကတော့..တို့လိုလထူကောင်တွေအုပ်ချုပ်တဲ့နိုင်ငံမျိုး..ကမ္ဘာမှာ...များများရှိပါစေလို့ကွန်ယင်မယ်တော်ရှေ့မှာဆုတောင်းနေဘီ" "ဒီလောက်အထိတောင်တို့တွေခံရလားကွာ..တောက်" (တရုတ်သို့ရောင်းချသည့်လျှပ်စစ်ဓာတ်အားကို ပြန်ဝယ်၍ ဖြည့်ဆည်းဖြန့်ဝေပေးရေး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှ သိရ ) EMG/Thursday, 26 April 2012 01:37 တရုတ်နိုင်ငံသို့ ရောင်းချထားသည့် လျှပ်စစ်ဓာတ်အားကို ပြန်လည်ဝယ်ယူ၍ ပြည်သူများအတွက် ဖြည့်ဆည်းဖြန့်ဝေပေးရေး ဆောင်ရွက်လျက်ရှိကြောင်း ဧပြီလ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ၌ ကျင်းပသည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ၁ /၂၀၁၂ ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ဖြေကြားခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ''ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ ယခင် ၅၀၀ မဂ္ဂါဝပ်၊ ၆၀၀ မဂ္ဂါဝပ်ရှိခဲ့သော်လည်း ယနေ့ ကာလ ၂၀၁၂ ခုနှစ်တွင် မဂ္ဂါဝပ် ၇၀၀ အထိ တိုးတက်သုံးစွဲလျက်ရှိပါကြောင်း မနှစ်ကထက် ယခုနှစ် သုံးစွဲမှုများသောကြောင့် လျပ်စစ်ဓာတ်အားကို မျှတသုံး စွဲခြင်းပြုရသည့်အတွက် အလှည့်ကျ ဓာတ်အားပေးစနစ်ကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း အလှည့်ကျ ဓာတ်အားပေးစနစ်ကို ကျော်လွှားနိုင်ရန် လတ်တလောတွင် စက်မှုဇုန်များသို့ ဖြန့်ဝေထားသည့် လျှပ်စစ်ဓာတ်အားကိုလျော့ချပြီး ပြည်သူသုံးအတွက် ဖြည့်ဆည်းဖြန့်ဝေပေး လျက်ရှိပါကြောင်း၊ ယခင်က တရုတ်နိုင်ငံသို့ ရောင်းချထားသည့် လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်ကိုလည်း ပြန်လည်ဝယ်ယူပြီး မိမိပြည်သူများအတွက် ဖြည့်ဆည်းဖြန့်ဝေပေးရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအပြင် စွမ်းအားပြည့် မလည်ပတ်နိုင်သည့် ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်နေရသည့် ဓာတ်အားပေးစက်ရုံများကိုလည်း စွမ်းအားပြည့် လည်ပတ်နိုင်ရေး၊ သဘာဝဓာတ်ငွေ့ထပ်တိုးရရှိအောင် စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ နောင်ဖွံ့ဖြိုးတိုးတက်လာမည့်ကာလ တွင် စက်ရုံ၊ အလုပ်ရုံ လူနေအိမ်နှင့် အဆောက်အအုံများအတွက် ထပ်တိုး လိုအပ်လာမည့် လျပ်စစ်ဓာတ်အား ပမာဏကိုလည်း ခန့်မှန်းတွက်ချက်၍ လျှပ်စစ်ဓာတ်အား ထပ်မံတိုးတက် ထုတ်လုပ်နိုင်မည့် ဓာတ်အားပေး စက်ရုံများကိုလည်း ထပ်မံတည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း'' ပြောကြားခဲ့ပါသည်။ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါက်တာညိုညိုသင်း၏ ရန်ကုန်မြို့တော်တွင် ယခုပေးဝေနေသော လျှပ်စစ်ဓာတ်အား အလှည့်ကျစနစ်ထက် ပိုမိုသာလွန်ကောင်းမွန်သော အစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားများ တိုးမြှင့်ဖြန့်ဝေပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ်တွင် ၀န်ကြီး ဦးဉာဏ်ထွန်းဦးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
· · 

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .