Social Icons

Monday, December 23, 2013

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် မွန်လူမျိုးအမည် မမှားယွင်းစေရန် လှုံ့ဆော်မှုများ ပြုလုပ်မည်



လာမည့် ၂၀၁၄ မတ်လ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် မွန်လူမျိုးအမည် မှားယွင်းမှု မရှိစေရန် လှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု မွန်လူမျိုးလူဦးရေ ကောက်ယူရေးစီမံချက် စီမံခန့် ခွဲမှုဒါရိုက်တာအဖွဲ့ဝင် ဦးမင်းစိုးအောင်က ဒီဇင်ဘာ ၂၂ တွင် မဇ္ဈိမကို ပြောသည်။လှုံ့ဆော်မှုများ ပြုလုပ်ရာတွင် ရန်ကုန်တိုင်းအတွင်းတွင် လုပ်ဆောင်မည်ဖြစ်ပြီး လက်ကမ်းစာစောင်များ ရိုက်နှိပ်ဖြန့်ဝေခြင်း၊ ရေဒီယိုမှ အသံလွှင့်ကြေညာခြင်း၊ မီဒီယာများမှတစ်ဆင့် လူထုကိုအသိပေးခြင်း၊ မွန်ရိုးရာအထိမ်းအမှတ် အခမ်းအနားများမှတစ်ဆင့် အသိပေးခြင်းတို့ကို လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အတွင်း ပြုလုပ်မည် ဖြစ်သည်။ဦးမင်းစိုးအောင်က “ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာမှာ လူမျိုးစု မမှားအောင်လို့ လှုံ့ဆော် မှုတွေကို ပြုလုပ်သွားမှာပါ”ဟု ပြောသည်။ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ဖြေဆိုရမည့် မေးခွန်း ၄၀ ကျော်ရှိပြီး မေးခွန်း နံပါတ် (၈)တွင် လူမျိုးစုအမည်မေးမြန်းထားကာ မွန်လူမျိုးကို ကုတ်နံပါတ် ၆၀၁ ဟု သတ်မှတ်ထားသည်။ကုတ် နံပါတ်ထည့်သွင်းရာတွင် မှားယွင်းမှု ဖြစ်ပေါ်ပါက ထောက်ပြ ပြောဆိုနိုင်စေရန်အတွက် လှုံ့ဆော်သွား မည်ဖြစ်သည်ဟု ဦးမင်းစိုးအောင်က ဆိုသည်။ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသားရေးရာဝန်ကြီး ထားရှိနိုင်ရန် ရည်ရွယ်၍ ကောက်ယူသည့် မွန်လူမျိုးလူဦးရေစာရင်း ကောက်ယူရေးစီမံချက်ကိုလည်း ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမှုမတိုင်ခင် ပြီးဆုံးအောင် ကောက်ယူမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုံ၊ ကြည့် မြင်တိုင်နှင့်စမ်းချောင်းမြို့နယ်များတွင် မွန်လူမျိုးသန်းခေါင်စာရင်း ကောက်ယူမှုစာရင်းဇယားများအရ မွန် လူဦးရေ ၃၀၀၀၀ ကျော် ရှိနေပြီဖြစ်သည်။လူမျိုးလူဦးရေစာရင်း ကောက်ယူရေးစီမံချက်အရ စမ်းသပ်ကောက်ယူသော မွန်အိမ်ထောင်စု ၃၀ ၌ ၁၀ စုသာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင် မွန်လူမျိုးဟု စာရင်းအမှန်တွေ့ရှိရသည်ဟု ဆိုသည်။
(Mizzima) 23,December, 2013

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .