Social Icons

Wednesday, December 4, 2013

ကချင်ပြည်မှာ သစ်ပင်အကြီးကြီး တွေသာပေါက်နေ ရှိနေသေးရင်




ကချင်ပြည်မှာ သစ်ပင် အကြီးကြီး( လူသုံးလေးယောက် ၀ိုင်းဖက်ရအောင်ကြီးတဲ့ ) တွေသာပေါက်နေ ရှိနေသေးရင်

ဗမာ့တပ်မတောရဲ့  လက်နက်ကြီးကြည်ဆံတွေ သစ်ပင် ကြီးတွေရဲ့ ထိတ်မှာပဲ ပေါက်ကွဲကုန်မယ်
KIA ရဲဘောတွေ အထိအခိုက် အလွန် နည်းသွားမယ်၊

လေယှဉ်တွေနဲ့ ထိုးစစ်ဆင်ရင်တောင် ထိရောက်မှု သိပ်ရှိမှာမဟုတ်၊

အလုံးအရင်းနဲ့  အလွယ်တကူ ရှေးတန်းလဲရောက်နိုင်မှာမဟုတ်ဘူး ၊
KIA ခံတပ်တွေလဲ သစ်ပင်ကြီးတွေနဲ့  တံတိုင်းကာရံထားသလိုဖြစ်မယ်ပေါ့။
အရင် ၁၉၈၀ ကျော်တုန်းက ဗမာစစ်ကြေင်းတွေ KIA စခန်းတစ်ခုရောက်ဖို့ မလွယ်သလို စခန်းတစ်ခုကို တက်တိုက်ဖို့ လဲ တကယ်မလွယ်ဘူး ၊
တောတောင်ထူထပ်တော့ လမ်းခရီးမှာတင်စိတ်ဓါတ်ကျပြီးထွက်ပြေးတဲ့ ဗမာစစ်သားတွေအများကြီး ၊
ရိပ်ခါပို့ ဖို့ လဲခက်ပေါ့။
 KIA စစ်သားတွေက တောတောင်ထဲမှာနယ်မြေ ကျွမ်းကျင်တော့ ခဏခဏ အောင်ပွဲဆင်နေရတာပေါ့၊ ဘယ်ဗမာစစ်ကြောင်းမှ ကချင်ပြည် တောတောင်ထဲမှာ ၃ လ မနေနိုင်ဘူး ။
ဒီအခက်အခဲတွေကို ဗမာအစိုးရဖြေရှင်းလိုက်ပုံက ငြိမ်းချမ်းရေး ယူ သစ်တွေအကြီးအကျယ်ထုတ်ခွင့် ပေး ၊၁၇ နှစ်တာကာလအတွင်း ကန်တောယာန် နှင့် ဂျာထ လမ်းတစ်နေရာထဲကနေ တစ်ညတစ်ည သစ်လုံးတင်တဲ့ကားတွေ အစီး ၈၀နဲ့ ၁၀၀ ကြားထွက်တယ်၊ အဲဒီသစ်တွေက လူ ၃၊ ၄ ယောက်ဝိုင်းဖက်ရလောက်အောင်ကြီးတာ၊  တောတောင်နေရာတကာရောက် ၊ ၁၇ နှစ်ကြာတော့ ကချင်ပြည်တောတွေလဲပြောင် ၊ နယ်မြေတွေလဲကျွမ်းကျင်သွားပြီ ။ ဘယ်တောင် က ဘယ်သစ်ပင်လေးမှာတော့ ဘာငှက်ရဲ့ အသိုက်ရှိတယ်ကအစ တောနိုင်နေပြီ ။ KIA တပ်တွေ ရဲ့  ပတ်ဝန်းကျင်တွေလဲ လက်နက်ကြီးတွေနဲ့ ၊ လေယှဉ်တွေနဲ့  ကောင်းကောင်းချိန်ပစ်လို့ ရအောင် ပြောင်သလင်းခါနေပြီ။
မြစ်ကြီးနားကနေ လိုင်ဇာထိ တောလမ်းသွားရင်တောင် တစ်ရက်ထဲ ရောက်နိုင်တဲ့ အခြေအနေဖြစ်နေပြီ။ ဗျူဟာအရ အရင်ထက်စာရင် အလွန်ကောင်းသွားပြီ ဆိုပါတော့။
 ကြည့် ခုတော ချနေကြပြီ တပ်မကြီးတွေ ၊ လေယှဉ်တွေ အလုံးအရင်းနဲ့ ။
တကယ်လို့ သစ်ပင်ကြီးတွေသာရှိသေးရင် ပေါ့ ဗမာစစ်တပ်ဆိုတာ ၀ိုင်းမောအလွန် ရွှေညောင်ပင်အထိပဲရှိခဲ့ တာ ခု တော့ လိုင်ဇာဖင်နားကပ်နေပြီ။
ခုလဲပြင်ဆင်ချိန်တွေရှိသေးတယ် နောက်မကျသေးဘူး (နောက်မကျသေးဘူး)

 (ကျနော့ အမြင်နှင့် တွေးကြည့် ခြင်းသာ ဖြစ်သည် ၊ Jinghpaw Zau )

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .