Social Icons

Saturday, May 18, 2013

iPhone များအတွက် Ringtone အလွယ်တကူ လုပ်နည်း

အခုပြောမယ့် iPhone များအတွက် Ringtone အလွယ်တကူပြုလုပ်နည်းကို iDevices များနဲ့ မရင်းနှီးသေးသူ Ringtone မလုပ်တတ်သေးသူများနှင့် ကိုယ်တိုင် Ringtone လုပ်ချင်သူများကို ရည်ရွယ်ပါတယ်။ ဒီနည်းက iTunes ကို လုံးဝ အသုံးမပြုပါဘူး။ ဒါကြောင့် iPhone များအတွက် Ringtone အလွယ်တကူ လုပ်နည်း လို့ ဒီပို့စ်ခေါင်းစဉ်ကို ပေးထားခြင်းဖြစ်ပါတယ်။ သိပြီး တတ်ပြီးသူများကိုတော့ တောင်းပန်ပါတယ်။

ပထမဆုံး iPhone များအတွက် Ringtone အလွယ်တကူ လုပ်ရန် App ၂ခု လိုအပ်ပါတယ်။ 
၁။ MP3 M4R Converter နှင့်
၂။ iTools တို့ပဲ ဖြစ်ပါတယ်။

MP3 M4R Converter    ကို  Download လုပ်ရန်။
iTools ကို Download လုပ်ရန်။
ကဲ စလိုက်ကြရအောင်....

၁။ MP3 M4R Converter  ကို Download လုပ်ပြီး သင့် ကွန်ပျူတာထဲကို Install လုပ်ပါ။{ Install လုပ်တဲ့အခါ Register လုပ်ခိုင်းပါတယ်။ Name မှာ ကြိုက်ရာနာမည်ရေးပြီး Key နေရာမှာ အစောက Download လုပ်ထားတဲ့ MP3 M4R Converter  ဖိုင်ထဲမှာ Key ဖိုင်ထဲက တစ်ခုကို ကော်ပီကူးပြီးထည့်လိုက်ပါ။ }
၂။ Install လုပ်ပြီးသော MP3 M4R Converter ကို ဖွင့်လိုက်ပါ။ ဘယ်ဘက်ဘေးက Menu Bar ကို ကြည့်ပါ။ Add Files ကို ကလစ်ပေးပါ။ ပြီးရင် သင်လုပ်ချင်တဲ့ MP3 ကို ရွေးပါ။ သီချင်းများတယ်ဆိုရင် Ctrl+A ကို နှိပ်ပြီး Select All လုပ်ပါ။ ပြီးရင် Open ကို ကလစ်ပါ။  အောက်ကပုံကိုကြည့်ပါ....
 ၃။ MP3 M4R Converter ကို MP3 ဖိုင် သီချင်းများ ရောက်လာပြီဆိုရင် Menu Bar မှ Add Folder ကို ကလစ်ပြီး Ringtone ဖိုင်များသိမ့်ထားမည့် Folder ကို ရွေးပြီး Ok ပါ။ အောက်က ပုံအတိုင်း....
၎။ M4R Format လုပ်ရန် Menu Bar မှ Arrow လေး အောက်စိုက်နေတဲ့ Button ကို ကလစ်ပေးပါ။ ပြီးရင် to M4R ( Phone Ringtone ) ကို ရွေးပေးပါ။ တခြား format များ လုပ်လိုရင်လည်း ဒီနည်းအတိုင်းလုပ်ပါ။ အောက်က ပုံအတိုင်း....

၅။ MP3 သီချင်းများကို စိတ်ကြိုက် တည်းဖြတ်ရန် Options ကို လကစ်ပြီး သင့် စိတ်ကြိုက် တည်းဖြတ်နိုင်ပါတယ်။ MP3 တည်းဖြတ်နည်းကို ဒီနေရာမှာ အကျယ်မပြောတော့ပါ။ ပြီးရင် OK ပါ။
၆။ သီချင်းများကို စိတ်ကြိုက် တည်းဖြတ်ပြီးပြီဆိုရင် MP3 များကို Ringtone M4R Format လုပ်ပါတော့မယ်။ Menu bar မှ Convert ကို ကလစ်ပါ။ အောက်ကပုံအတိုင်း MP3 များကို M4R လုပ်ပေးပါလိမ့်မယ်..။ ခဏစောင့်ပါ။

၇။ ဒါဆိုရင် သင် လုပ်ချင်တဲ့ Ringtone များ သင် သိမ်းထားတဲ့ ဖိုင်ထဲမှာ အခန့်သား .m4r format နဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ အောက်ကပုံကို ကြည့်ပါ ကျနော် လုပ်ထားတဲ့ m4r format ringtone များဖြစ်ပါတယ်။

၈။ MP3 သီချင်းများကို M4R လုပ်ပြီးပြီဆိုရင် သင့် iPhone ထဲကို ထည့်ပါမယ်။ သင့် iPhone ကို USB Cable နဲ့ PC ကို ချိတ်ပါ။ စောစောက Download လုပ်ထားတဲ့ iTools ကို ဖွင့်လိုက်ပါ။  iPhone ထဲ သီချင်း ဓာတ်ပုံ ဗွီဒီယိုဖိုင်တွေ အလွယ်တကူ ထည့်နည်း ကို ဒီနေရာမှာ ရေးခဲ့ပြီးပါပြီ။ အသေးစိတ် မရေးတော့ပါဘူး။ 
iTools ဖွင့်ပြီးပြီဆိုရင် Menu bar မှ Media ကို ကလစ်ပါ။  ညာဘက်ဘေးမှ Ringtone ကို ကလစ်ပါ။ ပြီးရင် အပေါ် Menu bar မှ အောက်ဆိုက်နေတဲ့ Arrow ကို ကလစ်ပေးပြီး Ringtone များ ရှိတဲ့ဖိုင်ကို ဖွင့်ပြီး အစောက လုပ်ထားတဲ့ M4R သီချင်းများကို ထည့်ပါ။ 


၉။ ဒီအဆင့် အောင်မြင်ပြီဆိုရင် သင့်ကိုယ်တိုင် လုပ်ထားတဲ့ iPhone Ringtones များ သင့်ဖုံးထဲကို အောင်မြင်စွာ အလွယ်တကူ ထည့်သွင်း ပြုလုပ်နိုင်ပြီဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Settings >> Sounds >> Ringtone >> ကို ကြည့်လိုက်ပါ။
 ဒီနည်းလမ်းက iTunes ကို လုံးဝ အသုံးပြုထားခြင်း မရှိပါဘူး။ iDevice နဲ့ မရင်းနှီးသေးသူများအတွက် အရမ်းကို အသုံးဝင်မယ် လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် Ringtone ထည့်ချင်တာလောက်နဲ့ ဆိုင်ကို ပိုက်ဆံပေးပြီး ထည့်နေတဲ့ အခက်အခဲမှ ကျာ်လွှားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။  ဆိုင်ကို ပိုက်ဆံပေးနေမည့်အစား ကိုယ်တိုင် လုပ်ပြီး ဖုံးလာတဲ့အခါ ကိုယ့်စိတ်ကြိုက် သီချငးသံလေးများ နားစဉ်နိုင်ပြီး ဗဟုသုတလည်း တိုးပွါးမှာဖြစ်လို့ ကိုယ်တတ်ထားရင် ကိုယ့်သူငယ်ချင်းများကိုလည်း Ringtone လေးများ လုပ်ပေးနိုင်လို့ မုန့်ကျွေးမည့်သူတွေ ၀ိုင်းနေမှာ မလွဲပါဘူး ။ စားရရင်တော့ ကျနော့်ကို မမေးနဲ့ပေါ့ဗျာ.... :P 
ုပ်ပြီးသား MP3 Format Ringtone များ လိုချင်တယ်ဆိုရင် http://myringtuneonline.com.mm ကို သွားပြီး ရယူနိုင်ပါတယ်။ ဒါပေမဲ့ myringtune မှာက MP3 Formatဖစ်တဲ့အတွက် iPhone အတွက်ဆိုရင် အထက်ပါ နည်းအတိုင်း ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ 
နေမကောင်းတဲ့ကြားက ရေးရတာဖြစ်လို့ အမှားတွေ့င် နားလည်ပေးစေချင်ပါတယ်။ အခက်အခဲ တစ်ခုခုရှိခဲ့ရင် Sarchithublgger@gmail.com သို့ ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်....။

အဆင်ပြေပါစေ.....
Ref : စာချစ်သူ

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .