Social Icons

Saturday, February 23, 2013

ဒီနှစ်အတွက် စစ်တပ်ဘက်ဂျက်ထွက်ပြီ... ၂၁ ရာခိုင်နှုန်းတဲ့။ (အမေရိကန် ဒေါ်လာ သန်း နှစ်ထောင်လောက်)



စစ်တပ်ဘက်ဂျက်ကို နိုင်ငံတော် တခုလုံး အသုံးစရိတ်ရဲ့ ၂၁ ရာခိုင်နှုန်းတင်ပြထားတာ လွတ်တော်အမတ်တွေက ဘာတခုမှ မဆွေးနွေး (မဆွေးနွေးရဲ) ပဲ လက်ခံလိုက်ပြီတဲ့။ ပညာရေး နဲ့ ကျန်းမာရေး အတွက်တော့ ၃ ရာခိုင်နှုန်းတဲ့ကွာ... ကောင်းရော...

ဘီဘီစီမှာ ပြောကြ ဆိုကြတော့ ဒူဝါ လဲ နားထောင်ရင်းနဲ့ ကိုယ့်နိုင်ငံ အမတ်တွေရဲ့ အရည်အချင်း ကို ပိုပိုပြီး အော်ကလီဆန်လာတယ်။

စံတင်လောက်တဲ့ ဖွတ်အမတ် (ဘူးလက် လှဆွေ) ရဲ့ ဆွေးနွေးတင်ပြချက်ကိုလဲ နားထောင်နိုင်ပါတယ်။ သူပြောသွားတာက

(၁) မြန်မာ့ တပ်မတော်ဟာ ပတ်ဝန်းကျင် နိုင်ငံ စစ်တပ်တွေထက် အသုံးစရိတ် အများကြီးလျှော့နေသေးကြောင်း။ ဥပမာ ထိုင်းကိုပဲ ကြည့်၊ တဲ့။
(၂) ဘင်္ဂလားဒစ်က ၀င်တိုက်ရင် ဘယ်လို လုပ်မလဲ၊ တဲ့။
(၃) တပ်မတော်ကို ဒီထက် ပိုခေတ်မှီအောင် လုပ်ပေးသင့်ကြောင်း၊ အခုပေးတာတောင် မလောက်ဘူး၊ တဲ့။
(၄) ဗိုလ်ချုပ်အဆင့်တောင် အ၀တ်အစား ကောင်းကောင်းမလှဲ နိုင်ကြဘူး၊ တဲ့။
(၅) အခု ၀ယ်ထားတဲ့ လက်နက်တွေက ရုရှားလုပ်တွေပဲ ဆိုတော့ ခေတ်မမှီဘူး၊ ဒီထက်ပိုကောင်းတဲ့ လက်နက်တွေ ၀ယ်ရမယ်၊ ဒါပေမယ့် မြန်မာကို မရောင်းပေးလို့ ခက်တယ်၊ တဲ့။ (ရောင်းများ ရောင်းပေးလို့ကတော့ မတွေးဝံ့စရာပဲ၊ မြန်မာပြည်သားတွေ စားစရာ မရှိပဲ လက်နက်တွေဝယ်၊ ကိုယ့်အချင်းချင်း အနုမြူတွေကျဲပြီး ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်အုံးမယ်။)

ဦးလှဆွေရဲ့ အတွေးအခေါ်က အခုတလော MyanmarExpress, Opposite Eye, Myanmar Tar Kaung, Kachin Daily News တွေမှာ တွေ့တွေ့နေတဲ့ အာဘော်တွေနဲ့ ခတ်ဆင်ဆင် ဖြစ်နေတာ သတိထားမိတယ်။ ဦးလှဆွေ အပြောကို ထောက်ခံတဲ့ စာတွေလဲ သူတို့ ထပ်ရေးအုံးမယ် မြင်ယောင်သေးတယ်။
ဦးလှဆွေ နဲ့ ပုဇွန် ဦးနှောက် သမားများကို ပြောချင်တယ်...

(၁) မြန်မာပြည်ကြီးလွတ်လပ်ရေး ရလာတာ မြန်မာ့ တပ်မတော် တိုက်နိုင်လို့ မဟုတ်ဘူး၊ ဆိုတာ သမိုင်းကောင်းကောင်းလေ့လာသူများ သိပါတယ်။ အင်္ဂလိပ်တွေ စစ်ရှုံးလို့ ဆုတ်ခွါသွားခြင်း မဟုတ်ပါ။ ခေတ်ကိုက ကိုလိုနီခေတ် ကုန်သွားလို့ ဖြစ်တယ်။

(၂) အခုခေတ် အိမ်နီးချင်း နိုင်ငံမက၊ ဘယ်နိုင်ငံမှ ကျူးကျော်စစ် မ၀င်တာဟာ မြန်မာ့ တပ်မတော်ကြီးကို ကြောက်လို့ မဟုတ်ဘူး၊ ဆိုတာလဲ သတိရပါ။ အလကားနေရင်း ဘယ်သူမှ မ၀င်ပါ။ ဘင်လာဒင်လို အမေရိကန် ကို သွားတိုက်ရင်တော့ မပြောတတ်ဘူး။ နိုင်ငံတကာလဲ ရှိပါတယ်။

(၃) ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ စစ်တပ်ဟာ ပြည်တွင်းစစ်မရှိလို့ နှစ် ၅၀ လောက် စုဆောင်းလာခဲ့တဲ့ စစ်တပ် ပစ္စည်းများ ဖြစ်ပါတယ်။ သူတို့ နိုင်ငံအသုံးစရိတ်ရဲ့ နဲနဲပဲ သုံးပါတယ်။ မြန်မာနိုင်ငံဟာ နှစ်တိုင်း စစ်အသုံးစရိတ်ဘက်ဂျက်ဟာ တရားဝင်တောင် ရာခိုင်နှုန်းအများဆုံး၊ တရားမ၀င်ရှိသေးတယ်။ ဂိတ်ထိုးကောက်စားတာတွေ၊ ဦးပိုင် လုပ်ငန်းတွေဟာ တနိုင်ငံလုံး စီးပွါးရေး ကို အခွန်မဲ့ စုပ်ယူနေတာပါ။

(၄) ပြည်တွင်းစစ်မရှိရင် စစ်အသုံးစရိတ်မလိုပါ။ ပြည်တွင်းစစ်မဖြစ်အောင် ဘာလုပ်သင့်သလဲ။ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းကို အတူတူ ဆွေးနွေးပြီး သွားရင် ဘယ်သူမှ စစ်မတိုက်ချင်ပါ။ အခုလဲ အစိုးရ စစ်တပ် တိုက်နေလို့ ဖြစ်နေတဲ့ စစ်ပွဲများပဲ ဖြစ်ပါတယ်။

(၅) စစ်အသုံးစရိတ်လျှော့နိုင်ရင် ဘာအကျိုးရှိသလဲ? ကျန်းမာရေး နဲ့ ပညာရေးတွေမှာ ထည့်ဝင်နိုင်မယ်။ နိုင်ငံတကာ အကူအညီတွေကိုပဲ အားမကိုးပဲ ပြည်သူပြည်သားများ ကျန်းမာပြီး ကလေးတွေရဲ့ ပညာရေး မြင့်မားလာရင် နိုင်ငံတိုးတက်ပါမယ်။ ဒါဟာ နိုင်ငံ့ဂုဏ် သိက္ခာ အစစ်အမှန် ဖြစ်တယ်။ အခုတော့ ကိုယ်ရတဲ့ ငွေကျတော့ လက်နက်ဝယ်၊ ပြည်သူ့အကျိုးကျတော့ နိုင်ငံတကာ အကူအညီတောင်း။ ဆိုတော့... မနိပ်သေးဘူး။

(၆) စစ်တပ်အင်အား လျှော့ရင် နိုင်ငံ့လုံခြုံရေး စိုးရိမ်ရမလား? ပြည်တွင်းတိုင်းရင်းသား အားလုံး ညီတူမျှတူ တန်းတူ အခွင့်အရေး ရပြီး ပြည်တွင်းစစ်မရှိရင်၊ တိုင်းရင်းသား စစ်အင်အား ပေါင်းလိုက်တော့ အင်အား လိုတာထက်တောင် ပိုလာပါမယ်။

(ရ) တိုင်းရင်းသား စစ်အင်အားကို စိုးရိမ်ရသလား? မြန်မာ စစ်တပ်အင်အား ဒီလောက်များတာတောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမြစ်ပြတ် တိုက်ဖို့ မဖြစ်နိုင်ရင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သေးသေးလေးတွေက ဘယ်လိုလုပ်ပြီး လက်ရှိ အင်အားကို ယှဉ်နိုင်မလဲ။ ဗမာ လူထု ရှိနေရင် စစ်တပ်အင်အား အချိန်မရွေး ကြီးအောင်လုပ်နိုင်သည်။ (တိုင်းရင်းသားတွေကို ဗမာလူထု ကြောက်တယ် ထင်ရင်ပြောတာပါ။) တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တော်လှန်ရေးဟာ နိုင်အောင် တိုက်ဖို့ မဟုတ် (မနိုင်မှန်းလဲ သိတယ်၊ အရူးထတာ မဟုတ်ပါ)၊ ကိုယ်တောင်းဆိုချင်တဲ့ အခွင့်အရေး တောင်းဆိုသံကို လက်နက်နဲ့အသံပိုကျယ်အောင် ချဲ့နေခြင်းသာ ဖြစ်တယ်။
(ဥပမာ... ကချင် စစ်ပွဲမှာ ဗမာလူထုရဲ့ မေးခွန်းတွေ အများကြီး ပေါ်လာတယ်။ ကေအိုင်အေ က ဘာလိုချင်တာလဲ၊ ဘာအတွက်လဲ၊... စသည်ဖြင့်..... ။... ကချင် အပါအ၀င် လက်နက်မဲ့တိုင်းရင်းသား နိုင်ငံရေး သမားများ ခေတ်အဆက်ဆက် ဖက်ဒရယ် တောင်းဆိုနေသူတွေရဲ့ အသံ ဘယ်သူမှ မသိခဲ့ပါ။ ကေအိုင်အေ ကြောင့်ပဲ ဖက်ဒရယ် ဆိုတာ လူပြော သူပြောများလာရတယ်။ ဒီတော့ ကေအိုင်အေ စစ်တပ်ရဲ့ လက်နက်သံဟာ တိုင်းရင်းသားများရဲ့ ဖက်ဒရယ်တောင်းဆိုသံ တခု ဖြစ်တယ်။)

http://www.bbc.co.uk/burmese/multimedia/2013/02/130220_bd_budget.shtml

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .