Social Icons

Thursday, November 28, 2013

Lai Za FM Radio hpe Online ntsa kawn madat lu mai sai

ခရိုနီကြီး ဦးတေဇ မြန်မာပြည်ကို ဆီဆွတ်ထားသလော

 
ခရိုနီကြီး ဦးတေဇ မြန်မာပြည်ကို ဆီဆွတ်ထားသလော….. တေဇ (ဦးတေဇ)သည် အသက် ၅၀ နှစ်အရွယ်ရှိပြီး မြန်မာပြည်၏ ချမ်းသာဆုံးသော ထူးရင်းနှီးမြုပ်နှံတူးဖေါ်ရောင်းချရေးကုမ္ပဏီနှင့် ကျွန်းသစ် ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များနှင့် လေကြောင်းခရီးပို့ဆောင်ရေး မှ အကျိုးမြတ်များစွာ ရရှိနေသော သူတဦးဖြစ်၏။  
 
Tay Za, 50, is one of Burma’s richest men and is the chairman of Htoo Group, a conglomerate with businesses interests in teak trade, banking, hotels and the airline industry.
 
 သူ့အား အမေရိကန်ပြည်ထောင်စု အစိုးရမှ ၂၀၀၈ ခုနှစ်ကတည်းကပင် အရေးယူပိတ်ဆို့ရေး နာမည်ပျက်စာရင်း သွင်းထားခြင်းခံရလေသော အကြောင်းမှာ သူသည် နိုင်ငံတကာမှ အောက်လမ်းနည်းများဖြင့် ပြည်သူလူထုအား မတရားဖိနှိပ်ရက်စက် အနိုင်ကျင့် အုပ်ချုပ်ထားသော မြန်မာစစ်အစိုးရအတွက် လက်နက်များ ၀ယ်ယူပေးခဲ့သူဖြစ်လေသည်။ ထိုကြောင့် အမေရိကန်ပြည်ထောင်စု ဘဏ်ဏာငွေ ကွပ်ကဲထိန်းချုပ်ရေး ဌာနမှ အဆိုပါ ဦးတေဇအား မြန်မာစစ်အစိုးရအတွက် စစ်ဘက်ဆိုင်ရာ ရံပုံ ငွေ အလုံးရင်းရှာပေးသူနှင့် လက်နက် ပွဲစားကြီး ဆိုသော ခေါင်းစဉ်အောက်တွင် ထည့်သွင်းသတ်မှတ်ကာ အရေးယူထားလေသည်။ 
 
 He has been on the US government sanction list since 2008 because he helped Burma’s repressive military regime procure weapons overseas. The US Treasury has described him as “an arms dealer and financial henchman of Burma’s repressive junta.
 
 သူသည် မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယား ရုရှားနှင့် တရုတ်တို့မှသာပင် လက်နက်များဝယ်ယူနိုင်သော ကာလ၀ယ်… နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ပိတ်ညှပ်အသပ်ရှူကြပ်နေသော အဆိုပါ မြန်မာစစ်အစိုးရအတွက် ဆယ်စုနှစ်များကြာအောင် လက်နက်များဝယ်ယူရာတွင် ထဲထဲဝင့်ဝင့် ပါဝင်ပတ်သက် ကူညီခဲ့သူလဲဖြစ်သည်ဟု သိရသည်။ ထင်ထင်ရှားရှားသာဓကအနေဖြင့် ဆိုရပါမူ..စစ်ဘက်ဆိုင်ရာ အသုံးဆောင်များနှင့် ဝေဟင်မှ ပုံစံအမျိုးမျိုးဖြင့် ပျံသန်း ပစ်ခတ်နိုင်သော ရဟတ်ယာဉ် များအား ၀ယ်ယူရာတွင် ကြားပွဲစားကြီးအနေဖြင့် ဦးတေဇမှ အခိုင်မာ မားမားမတ်မတ် ဆောင်ရွက်ခဲ့လေသည်။
 
 He allegedly helped the junta obtain arms during Burma’s decades of international isolation, when it could only buy weapons from China, Russia and North Korea. On at least one occasion he reportedly helped secure a deal to buy Russian-made helicopter gunships and other military hardware.
 
 “န၀တ လို့ခေါ်တဲ့  ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က 1988 အာဏာသိမ်းပြီး စတက်တက်လာခြင်းမှာ ခြူးငွေးတပြားမှမရှိပါဘူး၊ ဒါနဲ့ သစ်တော်တော်များများကို ချက်ခြင်းခုတ်လှဲပြီး စရောင်းကာ ငွေရှာတော့တာပါပဲ၊ ဒါကြောင့် အဲဒီငြိမ်ပိအစိုးရအဖွဲ့က တေဇနဲ့ ဆက်ဆပ်လာရပါတယ်” ဟု ထောက်လှမ်းရေးဗိုလ်မှူးအောင် ဦးအောင်လင်းထွဋ်မှာ ပြောပါသည်။ 
 
“When the SLORC [State Law and Order Restoration Council] just came to have power [in 1988], it had no money. So a large amount timber was cut down to sell. That’s how the SLORC became acquainted with Tay Za,” Aung Lynn Htut
 
 မြန်မာ့လေတပ်က ရုရှားမှ ဖန်တီးတပ်ဆင်ထားသော ဥရောပ နိုင်ငံများ ၊ အမေရိကန်နှင့် တရုတ်တို့၏ အရည်သွေး တန်တူလောက်ရှိသည့် ချေမှုန်းရေး ရဟတ်ယာဉ်များ နှင့် မိုင်ကိုယန် အမ်အိုင်ဂျီ ၂၉ ဂျက်တိုက်လေယာဉ်တွေနဲ့ လောလောဆယ်မှာ လူရာဝင်အောင် တေဇ၏ ကြားပွဲစား ၀င်ရောက်ဆောင်ရွက်မှုဖြင့် တပ်ဆင်ထားကြပါတယ်။ ထိုတင်မက မြန်မာ့တပ်မတော်တွင် ကောင်ကင်းတာဝေးပစ် ရုရှားလုပ်ဒုံးကျဉ်နည်းစနစ်နှင့် အမြောက်များ လည်းရှိတာကတော့ လူတိုင်းသိလောက်ပါတယ်။
 
 Burma’s Air Force fleet currently consists of aircraft models from Russia, such as the Mikoyan MiG-29 fighters and several types of attack helicopters, and Chinese, American and European models bought by broker armed business tycoon, Tayza. Moreover, Burma’s army is known to have Russian surface-to-air missiles and artillery.
 
 ရုရှားနိုင်ငံထုတ် မီဒီယာ ဗရာဗိုရာ သတင်းစာတွင် အလွန်ဆင်းရဲမွဲတေနေသော မြန်မာနိုင်ငံမှ ရုရှားထံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀ ဖိုးမျှ အကုန်ကျခံကာ ရုရှားလုပ် အဆိုပါ အမ်အိုင်ဂျီ ဂျက်တိုက်လေယာဉ်အစင်းပေါင်း ၂၀ အား ၀ယ်ယူခဲ့ကြောင်း နိုင်ငံတကာသို့ ကြွားလုံးထုတ်ပြီး ရုရှားလက်နက်များ အရောင်းသွက်ကြောင်း ရေးသားထားဘူးလေသည်။
 
 Meanwhile, according to Russian media reports, impoverished Burma has spent $600 million on 20 Russian MiG-29 fighter planes.
 
 လွန်ခဲ့သော နှစ် (၂၀၁၂)တွင် နေပြည်တော်မှ နှစ်ပေါင်း ၆၀ ထက်မနည်း တော်လှန်ပုန်ကန်နေကြသော တိုင်းရင်းသား သူပုန်အဖွဲ့စည်းများ အထူးသဖြင့် ကေအိုင်အေ ကချင် လွန်မြောက်ရေး တပ်မတော် နှင့် ၄င်း၏ အပေါင်းပါ မဟာမိတ်များအား ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားခဲ့သည်။ ထိုသို့ဖြင့် မြန်မာ့ စစ်ဘက်ဆိုင်ရာ အုပ်စုမှ မြန်မာစစ်တပ်၏ စေခိုင်းညွန်ကြားမှုအောက်တွင် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့အနေဖြင့် မရပ်တည်သော အပစ်ခတ်ရပ်စဲထားသည့် သူပုန်အဖွဲ့များအား သိသာမြင်သာအောင် ခင်းကျင်းပြသသည့်အနေဖြင့် လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်ပြခဲ့လေသည်။ သို့ရာတွင် ကံမကောင်းအကြောင်းမလှပဲ မြန်မာ တပ်မတော်မှ ဆင်နွဲခဲ့သော ရုရှားမှ တင်ပို့ထားသည့် ညံ့ဖျင်းသော လက်နက် ကရိယာ တည်ဆောက်မှု နည်းပညာကြောင့် လေကြောင်း တိုက်ခိုက်မှုများသည် အသုံးမ၀င်ပဲ အလဟသ အချီးနှီးဖြစ်ခဲ့ရသည်။
 
 Since last year, Naypyidaw has intensified its drive to eliminate active resistance by groups such as the Kachin Independent Army (KIA)which has waged an ethnic-based insurgency for more than six decades . The regime has also been preparing for a showdown with cease-fire groups and lunched air strike on Kachin insurgent group that have so far refused to accede to demands to form themselves into border guard forces under Burmese military command. Unfortunately, Most of Air Strike by Myanmar Armed force were waved because of poor built ammunition system from Russia.
 
ဲမြန်မာ အာဏာရှင်မှာ ကြီးကြီးမားမားပင် အရေးပေါ် လက်နက်များအား ရုရှားမှ ၀ယ်ယူရခြင်းအကြောင်းမှာ ၂၀၀၁ခုနှစ် ထိုင်းနိုင်ငံနှင့်ဖြစ်ပွားသော နယ်စပ်ပြသနာတွင် အရေးနှိမ့်သွားရသောကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံမှ စီးပွားရေးဆိုင်ရာ ကိစ္စများဆိုသော မျက်နှာဖုံးစွပ်ဖြင့် မြန်မာနိုင်ငံသို့လာရောက်ခဲ့သော ဒုတိယသမ္မတ စင်ကျန်ပင်း လာရောက်လည်ပတ်ပြီး တရုတ်ပြည်မှ ဂျက်လေယာဉ်များ ၀ယ်ယူမည့်အစား ရုရှား စစ်တိုက်လေယာဉ် အမ်အိုင်ဂျီ ၂၉ များအား တေဇအား စေလွှတ်ကာ ၀ယ်ယူခိုင်းခဲ့ခြင်းဖြစ်ပါသည်။
 
 The Burmese regime, however, had bought 12 MiGs from Russia in 2001 following a border clash with Thailand, and announced its plan and Tayza as Myanmar military representative had to purchase a new fleet of MiG-29s only a few weeks after a trip to Burma by Chinese Vice President Xi Jinping, whose public comments about strengthening economic ties probably masked the real reason for his visit: to persuade the junta to buy Chinese planes instead of the Russian MiGs.
 
 ရန်ကုန်စီးပွါးရေးအသိုင်းဝိုင်းမှ ပြောဆိုသတင်းပေးချက်အရဆိုလျင် ဦးတေဇသည် ၂၀၁၃ ခုနှစ် ဇွန်လတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ရုရှားသို့သွားသော ခရီးစဉ်နှင့် ချိန်ကိုက်ကာ ရုရှားသို့ သွားရောက်ခဲ့၏။ မြန်မာ့ ကာကွယ်ရေးဦးစီးချုပ်မှ မော်စကိုသို့ သွားရောက်ကာ မပြီးပြတ်သေးသော မြန်မာစစ်အစိုးရလက်ထက်မှ လက်နက် ၀ယ်ယူရန်ချုပ်ဆိုထားသည့် ကိစ္စရပ်များအား သွားရောက် အဆုံးသတ် ဖေါင်ပိတ်ရန်ဖြစ်လေ၏။ အကြောင်းမှ ရုရှားမှ ဦးတေဇ၏ အစီစဉ်ဖြင့် ၀ယ်ယူလာခဲ့သော လက်နက်များသည် အမှန်တကယ် စစ်ပွဲများအတွင်း ထိရောက်မှု မရှိပဲ အလဟသ ဖြစ်သွားရသော မြန်မာ့ တပ်မတော်၏ ကချင်ပြည်နယ် စစ်ဆင်ရေးကြောင့်ဟု သိရသည်။  
 
Sources in Rangoon’s business community report that tycoon Tay Za visited Russia in June 20123 at the same time as Burma’s Commander-in-Chief Min Aung Hlaing. The commander is believed to have gone to Moscow to settle arms deals that were signed by Tayza with Russia under Burma’s past military regime 
 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၃ ခုနှစ် ဂျွန်လ ၂၃ ရက်မှ ၂၉ ရက်နေ့ထိ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေရှိုဂူး၏ ဖိတ်ကြားချက်အရ သွားရောက်ကြောင်း ဖေါ်ပြထားလေသည်။
 
 Sen Gen Min Aung Hlaing visited Moscow on June 23-29 at the invitation of Russian Defense Minister Sergey Shoigu. 
 
 မြန်မာ့ကာချုပ်မှ သံသယဖြင့် မော်စကိုမြို့တော် အနီးတွင်ရှိသော ဂျေအစ်စီ အာအေစီ မစ် ဟုခေါ်သော ရုရှားတိုက်လေယဉ် များတည်ဆောက်သော စက်ရုံသို့ သွားရောက်ကြည့်ရှု့ခဲ့ပြီး ရုရှားမှ ထပ်မံအဆင့်မြင့်ထားသည်ဟုဆိုသော မစ် ၂၉ တိုက်လေယာဉ်အား စမ်းသပ်ပျံသန်းပြခဲ့ကြောင်း မြန်မာ အလင်းသတင်းစာတွင် တရားဝင် ရေးသားဖေါ်ပြထားခဲ့လေသည်၊ 
 
He inspected the JSC RAC MiG plant near the capital Moscow and was provided with a test flight demonstration of Russia’s newly upgraded jet fighter, the MiG-29 M, government newspaper The New Light of Myanmar has reported. 
 
 ရန်ကုန်တွင် ရှိနေကြသော သံတမန်အသိုင်းဝိုင်းမှ လက်ရှိကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်သည် ယခင်က ဦးတေဇအား အသုံးပြုကာ ချုပ်ဆိုထားခဲ့သော မြန်မာ့ စစ်အစိုးရ၏ မြောက်ကိုရီးယား တရုတ်နှင့် ရုရှားတို့မှ လက်နက်ဝယ်ယူရေး သဘောတူညီချက်စာချုပ်များအား အဆုံးသတ်ရှင်းလင်းရန် ကြိုးစားနေကြောင်း ကို ပြောဆိုနေကြပါသည်။ 
 
Diplomatic sources in Rangoon said they believe that Min Aung Hlaing has been trying to clear arms deals with Russia, China and North Korea that were signed by tayza as armed dealer behalf of regime under Burma’s past military regime.
 
 ဆက်လက်၍ ဦးတေဇမှ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွါး ဆုတ်ယုတ်ပျက်စီးအောင် လုပ်ဆောင်ခဲ့သော ကျူးလွန်ထားသော ဖြစ်ရပ်မှန်များအား တင်ပြပေးသွားပါမည်။ ကျေးဇူးတင်ပါသည် ဂိုလ်ရှယ်လေး ဦးတေဇမှ ပွဲစားလုပ်ကာ မြန်မာ အစိုးရအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း (၉)ထောင်ကျော်မျှတန်ဖိုး၇ှိသည့် ၀ယ်ယူထားပေးသော လက်နက်စာရင်းအား အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။ 
 
MAJOR ARMS SALES TO THE REGIME SINCE 1988 Supplier Year(s) of delivery Weapon description Bulgaria 1999 100 Igla-1/SA-16 Gimlet portable 1995 50 WZ-121/Type-69 tanks 1995-1997 50 C-801/CSS-N-4/Sardine anti-ship missiles 1995-1997 6 Houxin/Type-037/1G missile boats 1997-1998 24 A-5C Fantan fighter/ground attack aircrafts 1998-1999 12 F-7M Airguard fighter aircrafts 1998-1999 40 PL-2A short range air to air missiles 1998-1999 40 PL-5B short range air to air missiles 1998-2002 5 Type-76 37mm naval gun turrets 1999 12 K-8 Karakorum-8 trainer/combat aircrafts 2001-2003 3 small armed warships 2002-2003 5 Rice Lamp fire control radars 2004-2005 3 Type-344 fire control radars 2004-2005 24 C-801/CSS-N-4/Sardine anti-ship missiles 2004-2007 8 AK-230 30mm naval guns Germany 2003 10 Diesel engines India 2006 2 BN-2 Islander helicopters (Number may be 4, including 2 BN-2 MP version) 2006 10 105mm light towed guns 2006 10 mine protected vehicles 2006 10 T-55 tanks Italy 2001-2003 3 Compact 76mm naval guns N. Korea 1999 16 Type-59-1 130mm towed guns Poland 1990-1992 22 Mi-2/Hoplite helicopters 1991 13 W-3 Sokol helicopters Russia 1995 7 Mi-8/Mi-17/Hip-H helicopters 1997 5 Mi-8/Mi-17/Hip-H helicopters 2001-2002 20 MiG-29S/Fulcrum-C Jet fighter aircrafts 2001-2002 60 R-73/AA-11 Archer short range air to air missiles 2002 30 R-27/AA-10 Alamo beyond visual range air to air missiles 2006 100 D-30 122mm towed guns Serbia 2001 18 M-56 105mm Towed guns 2001 36 M-101A1 105mm Towed guns 2004 36 M-56 105mm Towed guns 2006 5 B-52 NORA 155mm Self-propelled guns Ukraine 1999 12 AI-25/DV-2 turbofans 2002 14 T-72 tanks 2003 10 R-27/AA-10 alamo beyond visual range air to air missiles 2003 1 ST-68U/Tin Shield air surveillance radar 2003 10 BTR-3U Guardian Infantry Fighting Vehicles (Number may be up to 1000; possibly assembled from kits in Burma) 2007 10 MT-LB armored personnel carriers
 အားလုံး ကူးယူထားသင့်ပါသည် အချက်လက်အမှန်များဖြစ်ပါသည်။
 

RCSS နှင့် အစိုးရတပ် ရင်ဆိုင်တိုက်ပွဲများပြန်ဖြစ်


သတင်း - သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရတို့ ယခုရက်ပိုင်း အတွင်း ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောပါသည်။

၂၀၁၃ နိုဝင်ဘာ ၂၅-၂၆ အတွင်း အစိုးရနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA တို့ သျှမ်းပြည်အလယ်ပိုင်း လွိုင်လင်ခရိုင် နမ့်ပွန်ချောင်းဦးဘက်တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။

တိုက်ပွဲတွင် မြန်မာစစ်တပ် ခလရ ၉၄၊ ခလရ ၃၃ နှင့် ခမရ ၅၀၁ တို့ပါဝင်ကြောင်း ဒေသအတွင်းတပ်မှူး တဦးကပြောပါသည်။

“တိုက်ပွဲနဲ့ ပတ်သက်ပြီးသေကြေဒဏ်ရာ ရရှိမှု အသေးစိတ်မသိရသေးဘူး၊ ရရှိတယ်လို့တော့ ကြားတယ်။ ကျနော်တို့ဘက်ကလဲ အနည်းအကျဉ်း ဒဏ်ရာရပါတယ်။” - ဟု အဆိုပါတပ်မှူးကပြောသည်။

သျှမ်းပြည်တပ်မတော်မှ လှုပ်ရှားသွားလာသည့်သတင်း၊ စခန်းချသည့်သတင်းများ ရပါက အစိုးရတပ်မ တော်၏ နယ်မြေ ရှင်းလင်းရေးပေါ်လစီအရ လိုက်လံတိုက်ခိုက်မှုများကြောင့် တိုက်ပွဲ များဖြစ်ပွားရသည်ဟု နီးစပ်သည့် တပ်မတော် အသိုင်းအဝိုင်းကပြောပါသည်။

“ကျနော်တို့အထူးရှောင်ရှားပေးတာကို သူတို့ကအခွင့်ကောင်းယူပြီးရှေ့တိုးလှုပ်ရှားလာတော့ ရှောင်မရတဲ့ အဆုံး ပစ်ခတ်တိုက်ခိုက်ရတာပေါ့။ ဒီလိုဆက်လုပ်နေရင် နောက်လဲထပ်ဖြစ်ဦး မှာဘဲ” - ဟု RCSS/SSA လွယ်တိုင်းလျန်း ဌာနချုပ်မှ အရာရှိတဦးကလည်းပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်မြန်မာအစိုးရတို့သည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး တည်ဆေက် ထား ကြပါသည်။

Tuesday, November 26, 2013

Adobe PhotoShop Web Designer





















 By : Nyinaymin

စာအုပ်အမည်း  Adobe PhotoShop Web Designer
ရေးသားသူး  Cloud Nine
စာအုပ်အမျိုးအစားး PDF
အရွယ်အစားး 12.8 MB

Adobe PhotoShop Web Designer စာအုပ်လေးကတော့ Web Designer ကို လေ့လာနေသူများအတွက် ဖြစ်ပါတယ်။ Website အတွက် ဒီဇိုင်းပုံလေးတွေ Photoshop ဖြင့် ဘယ်လို ဖန်တီးမလဲဆိုတာကို ရှင်းပြပေးထားတဲ့ စာအုပ်ကောင်းလေးဖြစ်ပါတယ်။ Web Designer သမားများ လိုချင်ရင်တော့ အောက်မှာ ကြိုက်တဲ့လင့်ကနေ Download လုပ်ယူနိုင်ပါတယ်။

Google Drive | Zippshare | Rapidshare | Filecloud | Sharebeast

Skillful Singpho dancers from Arunachal Pradesh in Delhi

Business Cards MX















By : Nyinaymin

Business Cards MX ဆော့ဝဲလေးကတော့ လိပ်စာကဒ်လေးတွေကို ဖန်တီးတဲ့ နေရာမှာ အသုံးဝင်ပါတယ်။ စီးပွားရေးလုပ်ကိုင်နေကြတဲ့ သူတွေအနေနဲ့ ကိုယ်တိုင် လိပ်စာကဒ်လေးတွေ ဖန်တီးဖို့ ဒီဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ်။ လိုင်စင်ဗားရှင်းဖြစ်ဖို့အတွက် Serial number လည်း တခါတည်း ထည့်ပေးထားပါတယ်။လိုချင်သူများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်။

Zippyshare | Rapidshare | Filecloud

Jinghpaw Shat Jam - Kachin Traditional Mixed Rice

အစိုးရ၏ အပစ်ရပ်ရေးသဘောတူညီမှု စာချုပ်မူကြမ်းကို NCCT ပြန်သုံးသပ်ပြီ

လိုင်ဇာထိပ်သီးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်များ ဖွဲ့စည်းခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာ ၂၆ ရက် တွင် ပြုလုပ်မည်ဖြစ်ပြီး အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းကို ဆွေးနွေးသွားမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
“အစိုးရပေးတဲ့ အဆိုပြုလွာကို အကျိုးအကြောင်း၊ အဆိုးအကောင်း ဝေဖန် သုံးသပ်ပြီးတော့ ဘယ်လို အကြောင်းပြန်မလဲဆိုတာ နံပါတ်-၁ တိုင်ပင်ရမယ်။ နံပါတ်-၂ က တိုင်းရင်းသားတွေလိုချင်တဲ့ ဘောင်ဝင် အောင် နှစ်ဖက်သဘောတူ အဆိုပြုလွှာ ပြန်ရေးရမယ်။ နောက်တစ်ခုက NCCT အဖွဲ့ရဲ့ လက်ရှိအလုပ် တွေ၊ ဘဏ္ဍာရေး ဘယ်လိုလုပ်မလဲဆိုတာတွေ ဒီသုံးရက်အတွင်းမှာ တိုင်ပင်သွားမယ်”ဟု ပြောသည်။
နိုဝင်ဘာ ၂ ရက် KIO ဌာနချုပ် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ပြုလုပ်သည့် တိုင်းရင်းသား လက် နက်ကိုင် ၁၇ ဖွဲ့၏ ညီလာခံတွင် ဖွဲ့စည်းခဲ့သည့် NCCT အဖွဲ့သည် အဆုံးအဖြတ်ပေးရန် မဟုတ်သော် လည်း အခြေခံ ပြင်ဆင်မှုပြုလုပ်၍ ရရှိသည့် ဆွေးနွေးချက်များကို ပြန်လည်တင်ပြသွားမည်ဟုလည်း ခွန် ဥက္ကာက ပြောသည်။
“အဆုံးအဖြတ်ပေးတဲ့ အဖွဲ့မဟုတ်ဘူး။ ပြင်ဆင်မှုလုပ်ပြီး ပြန်တင်ပြတာပဲ။ ဒါက အခြေခံအချက်အလက် တွေ လူကြီးတွေ စဉ်းစားနိုင်အောင် စုပေါင်း တင်ပြရမယ်ဆိုတော့ ကိုယ်ကိုယ်တိုင် ကျေကျေလည်လည် လေ့လာပြီးတော့ အဘက်ဘက်မှ ပညာရှင်တွေနဲ့ ပြန်လုပ်ရမယ့်ကိစ္စပါ”ဟု ပြောသည်။
ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၆ မှ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင် ၂၀ ကျော် ပါဝင် ဆွေးနွေးသွားမည် ဖြစ်သည်။ NCCT အဖွဲ့တွင် ခေါင်းဆောင်အဖြစ် နိုင်ဟံသာ၊ ခေါင်းဆောင်(၁) အဖြစ် ကရင်အမျိုးသားအစည်းအရုံးမှ ပဒိုကွယ်ထူးဝင်း၊ ခေါင်းဆောင်(၂)အဖြစ် ကချင်လွတ်လပ်ရေး အဖွဲ့ KIO မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် အဖွဲ့ဝင် ၁၀ ဦး အပါအ၀င် ၁၃ ဦးအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
NCCT အဖွဲ့ဝင်များ ဆွေးနွေးမည့် အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းတွင် အခန်း ၁၄ ခန်းပါဝင်ပြီး နှစ်ဖက်တပ်များ နေရာချထားရေး၊ နှစ်ဖက် နယ်မြေသတ်မှတ်ခြင်း၊ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးတို့ ပါဝင်သည်။
သို့သော် အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းသည် တိုင်းရင်းသား လက်နက်ကိုင်တို့ အတွက် လက်နက်ချရေးကို ရည်ညွှန်းနေပြီး လက်ခံနိုင်ဖွယ်မရှိဟု မွန်ပြည်သစ်ပါတီက ထုတ်ဖော် ပြောဆိုထားသည်။

Friday, November 22, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အီးယူမှ ပညာရှင်များက လူစုလူဝေး စနစ်တကျ စီမံထိန်းသိမ်းနည်း သင်တန်းပေး

လုံခြုံရေးဆောင်ရွက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

လူစုလူဝေးကို စနစ်တကျစီမံထိန်းသိမ်းနိုင်ရန် ဥရောပသမဂ္ဂ ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ၁၂ ရက်ကြာ သင်တန်းပေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

နိုဝင်ဘာ ၁၉ ရက် နံနက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၈) ရဲတပ်ရင်းတွင် အီးယူနည်းပြ အရာရှိခုနစ်ဦးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၀၀ အား လူစုလူဝေး စနစ်တကျစီမံထိန်းသိမ်းမှုလုပ်ငန်း (Crowed Management)သင်တန်းကို နိုဝင်ဘာ ၃၀ ရက်အထိ သင်ကြားပို့ချနေခြင်းဖြစ်သည်။

အလားတူ အရေးပေါ်အခြေအနေ တုံ့ပြန်မှုသင်တန်းကို ဥရောပသမဂ္ဂမှ ကျွမ်းကျင်ပညာရှင်သုံးဦးက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၁ ဦးအား နှစ်ရက်ကြာ သင်တန်းပေးခဲ့သည်။

မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေတုံ့ပြန်မှု ဗဟိုဌာန ထူထောင်နိုင်ရေးအတွက် သင်တန်းကို အင်ဒိုနီးရှားနိုင်ငံတွင် အခြေစိုက်သည့် အရေးပေါ်အခြေအနေတုံ့ပြန်မှုဗဟိုဌာန ကျွမ်းကျင်ပညာရှင် မစ္စတာ Bruno Maestracci ဦးဆောင်၍ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC)ခန်းမ၌ ဖွင့်ပွဲကျင်းပကာ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသင်တန်းကို ဥရောပသမဂ္ဂအဖွဲ့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အရေးပေါ်အခြေအနေတုံ့ပြန်မှု ဗဟိုဌာနမှ ကျွမ်းကျင်ပညာရှင် မစ္စတာ Bruno Maestracci မှ ဦးဆောင်သင်ကြားပေးကာ အရေးပေါ်အခြေအနေတုံ့ပြန်မှု သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC)ခန်းမ၌ ကျင်းပခဲ့သည်။

7day Daily

သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တတိယမူကြမ်း ၂၀၁၄ အတွင်း အပြီးရေးဆွဲမည်

SSCDC Nov 2013
သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တတိယမူကြမ်းကို ပြန်လည်ဖွဲ့စည်းလိုက်သည့် သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်သစ်က ၂၀၁၄ ခုနှစ်အတွင်း အပြီးရေးဆွဲသွားမည် ဟု သိရှိရပါသည်။
သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်၏ တတိယအကြိမ်မြောက် ညီလာခံကို နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ကိုယ်စားလှယ် ၄၀ ခန့် တက်ရောက်ခဲ့သည်။

“အရင်ကတော့ သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလို့ သုံးလာခဲ့တယ်။ ဒီတတိယအကြိမ် ညီလာခံ မှာ သျှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလို့ ပြောင်းလဲရေးဆွဲသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်” ဟု ညီလာခံ တက်ရောက်သူတစ်ဉီးက ပြောပါသည်။
ညီလာခံ၌ ဒုတိယမူကြမ်းကို အခြေခံပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ တတိယမူကြမ်းကို ရေးဆွဲ သွားမည်ဖြစ်ကြောင်း၊ ရေးဆွဲပြီးပါက ညီလာခံခေါ်ယူ၍ အတည်ပြုမည်ဖြစ်ကြောင်း၊ တတိယ မူကြမ်းကို သျှမ်းပြည်ရှိ တိုင်းရင်းသားဘာသာများဖြင့်လည်း ဖြန့်ချိသွားမည်ဖြစ်ကြောင်း သဘောတူ ညီမှု ရရှိခဲ့ကြသည်။
“ကျနော်တို့နိုင်ငံ အခုလောလောဆယ် အာဏာရှိတဲ့သူတွေကလည်း သူတို့ရဲ့အာဏာ တည်မြဲရေး အတွက် ကြိုးတွေဖြေလျော့နေတယ်။ ပြေလျော့နေတဲ့ကြိုးတွေ အားလုံးပြတ်သွားအောင် ကြိုးပမ်း ရမယ်။ ကြိုးပမ်းတဲ့နေရာမှာ လူကြီးသူမတွေဘဲ မဖြစ်နိုင်ဘူး။ အင်မတန်မှ အားအင်သန်စွမ်းတဲ့ လူငယ်တွေ အားလုံးပါဝင်ရမယ်။ သူတို့ပါဝင်မှ လူထုတရပ်လုံး ပါဝင်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သာမက ကျနော်တို့ရဲ့ ရည်မှန်းတဲ့ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံကြီး ပေါ်ပေါက်လာနိုင်မယ်။ ပေါ်ပေါက် လာဖို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ ဒီတာဝန်ကို တာဝန်သိသိ လုပ်ဆောင်သွားကြဖို့ တိုက်တွန်း ပါတယ်” ဟု သျှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်သစ်၏ ဥက္ကဋ္ဌ စဝ်ခွန်းဆိုင် က ပြောပါသည်။
ညီလာခံ၌ သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်သစ်ကို ပြန်လည် ဖွဲ့စည်းပြီး ကော်မရှင်၏ သက်တမ်းကို ၂ နှစ် သတ်မှတ်ထားသည်။ ကော်မရှင်၏ လမ်းညွှန်မှု ၁၀ ချက်ကို ပါချမှတ်ခဲ့ကြသည်။
၁− စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားရန်။
၂− ပြည်ထောင်စုအဖွဲ့ဝင် သျှမ်းပြည်နယ်အတွင်း ဖက်ဒရယ် အခြေခံမူနှင့်အညီ ဖွဲ့စည်းတည် ဆောက်သွားရန်။
၃− သျှမ်းပြည်နယ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝ ရရှိကျင့်သုံးရန်။
၎− ဗဟိုချုပ်ကိုင်မှု လျှော့နည်းသော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသွားရန်။
၅− အချုပ်အခြာအဏာသည် သျှမ်းပြည်နယ် ပြည်သူများထံမှ ဆင်းသက်သည်။
၆− သျှမ်းပြည်နယ်ရှိ လူမျိုးတိုင်း တန်းတူအခွင့်အရေး ရရှိရန်။
၇− တိုင်းရင်းသား လူမျိုးစု အခွင့်အရေးကို အာမခံရန်။
၈− အခြေခံ လူ့အခွင့်အရေးနှင့် ကျားမ တန်းတူရှိစေရန်။
၉− ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ကျင့်သုံးရန်။
၁၀ − ဘာသာရေးကို အခြေမခံသော စနစ်ကို ကျင့်သုံးရန်− တို့ဖြစ်သည်။
သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကော်မရှင်ကို ၂၀၀၀ ပြည့်နှစ်၌ ဖွဲ့စည်းထူထောင် ခဲ့သည်။  သျှမ်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပထမမူကြမ်းကို ၂၀၀၄ ခုနှစ်၌လည်းကောင်း၊ ဒုတိယမူကြမ်းကို ၂၀၀၈ ခုနှစ်၌လည်းကောင်း ရေးဆွဲခဲ့သည်။

တိုင်းရင်းသား အခွင့်အရေးတွေအတွက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည့် ကေအိုင်အေ အမျိုးသမီးစစ်မှုထမ်းတွေ


ဒုဗိုလ်ခေါန်နန်ကို လိုင်ဇာမြို့တွင် နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

"တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံ"ဟု ရေးထိုးထားသော ခန်းမ၏ အပြင်
ဘက်တွင် ဒုဗိုလ် ခေါန်နန်သည် ဆွေးနွေးပွဲအတွက် လိုအပ်သည်များကိုကူညီရန် စောင့်ဆိုင်း
လျက်ရှိသည်။

ဖြူဖွေးသည့် အသားအရေနှင့် သွယ်လျသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း စစ်ဝတ်စုံ
အပြည့် ၀တ်ဆင်ထားသော သူ၏ အမူအရာသည် အနည်းငယ် မာကျော ခက်ထန်လျက်ရှိသည်။

"လိုတာတွေ ကူပေးဖို့လာတာ။ ငြိမ်းချမ်းရေးလား... သိပ်တော့ မမျှော်လင့်ဘူး"ဟု အစည်းအဝေး
ကျင်းပရာ ခန်းမဘက်ကို တစ်ချက်ကြည့်လိုက်ရင်း သူက ပြောသည်။

ခန်းမအတွင်းတွင်မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီး မှ ခေါင်းဆောင်များသည်
၎င်းတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး မူဘောင် ဘုံသဘောထား ရပ်တည်ချက်များ ချမှတ်
နိုင်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးလျက်ရှိသည်။

"လွယ်လွယ်နဲ့ ငြိမ်းချမ်းရေးရမယ် လို့ မထင်ဘူး။ ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် ကျွန်မတို့ကတော့
ကိုယ့် တိုင်းရင်းသားတွေအခွင့်အရေးအတွက် ဆက်ပြီး ကြိုးစားနေရဦးမှာပဲ"ဟု ခေါန်နန်က
ပြောသည်။

အသက် ၁၈ နှစ်အရွယ် ဆယ်တန်းအောင်ပြီးတဲ့ အချိန်မှာ တက္ကသိုလ် ဆက်မတက်ဘဲ ကချင်
လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တပ်ထဲ ကိုဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သမီးအကြီးဆုံး ဖြစ်သူ
ခေါနန်ကို မိဘတွေက စိုးရိမ်စိတ်နဲ့ ကန့်ကွက်ခဲ့ပေမယ့် သူ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်ကြောင့်
နောက်ဆုံးတွင် ကေအိုင်အေဌာနချုပ် သို့သွားရန် သဘောတူခဲ့ရသည်။

၁၀ တန်းအောင်မြင်သည့် သူ့ကို ကေအိုင်အေက စစ်သင်တန်းသုံးနှစ်တက်ရန် ရွေးချယ်ခံလိုက်ရပြီး
နောက် ၀မ်ချောင်ဘွန်ရှိ စစ်သင်တန်းတွင် တိုက်ခိုက်ရေး၊ စစ်ရေးနည်းဗျူဟာစသည့်တို့အပြင်
အစိုးရတက္ကသိုလ်များတွင် ပြဋ္ဌာန်းထားသည့် ဘာသာရပ်များကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက်
သင်ယူခဲ့ရသည်။

"မျိုးချစ်စိတ်တစ်ခုတည်းနဲ့ တပ်ထဲကို ရောက်လာတာ။ ကိုယ်ကတော့ အေးအေးဆေးဆေးနေရပြီး
တစ်ဖက်မှာ ကျွန်မတို့ တိုင်းရင်းသားတွေ တိုက်ပွဲဝင် နေတာလေ။ အဲဒီအချိန်မှာ ဘာမှမလုပ်ဘဲ
ဒီအတိုင်းကြည့်နေရတာ တစ်ကိုယ်ကောင်းဆန်သလို ခံစားရတယ်။ ဒါကြောင့် ကျွန်မတို့
တိုင်းရင်းသားတွေကို ကူညီဖို့ တပ်ထဲကို ၀င်ခဲ့တာ။ သင်တန်းမှာ ခက်ခဲပင်ပန်းပေမယ့် ကိုယ်ဖြစ်ချင်
တာကို လုပ်ရတော့ ပျော်တယ်"ဟု ခေါန်နန် ကဆိုသည်။

သင်တန်းဆင်းတဲ့အချိန်မှာ ဒုဗိုလ်ရာထူးကို အပ်နှင်းခံရပြီး လူဝင်မှုကြီးကြပ်ရေးဌာနမှာ တာဝန်ထမ်း
ဆောင်ရတဲ့ ခေါန်နန်ရဲ့ တာဝန်ကတော့ လိုင်ဇာမှာ နေထိုင်သူတွေအတွက် အိမ်ထောင်စုစာရင်း
လုပ်ပေးခြင်း၊ မှတ်ပုံတင်ထုတ်ပေးခြင်းအပြင် စစ်ပြေးဒုက္ခသည်စခန်းရှိ ဒုက္ခသည် စာရင်းများ
ကောက်ယူခြင်းပင် ဖြစ်သည်။

"လိုင်ဇာ ခရိုင်မှာဆိုရင်တော့ အခုလက်ရှိ မှတ်ပုံတင်ထုတ်ပေးထားတာ ၃,၀၀၀ ကျော်လောက်ရှိပြီ။
နံပါတ်တွေကတော့ လဇခ ။...ဆိုပြီး သတ်မှတ် ပေးတယ်။ နောက် တရုတ်ပြည်သွားဖို့ အတွက်
ဆိုရင်လည်း ဒီဘက်ကနေလိုအပ်တာတွေ လုပ်ပေးရတာမျိုး ရှိတယ်"ဟု ခေါန်နန်က သူ၏ တာဝန်
များကို ရှင်းပြသည်။

ကေအိုင်အေတွင် မိန်းကလေး စစ်မှုထမ်းများအား ဆေးကုသရေး၊ လူဝင်မှုကြီးကြပ်ရေး၊
ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စသည့်ဌာနများတွင်သာ တာဝန်ပေးလေ့ ရှိသော်လည်း တိုက်ပွဲများ
ဖြစ်ပွားသည့်အခါ စစ်မြေ ပြင်သို့သွားရောက်ကာ ရိက္ခာပို့ခြင်း၊ ဆေးကုသရေးတာဝန်များအပြင်
လိုအပ်သည်များကို ဘေးမှ ပံ့ပိုးပေးရသည်။

"အခု တာဝန်ထမ်းဆောင်တဲ့ ခြောက်နှစ်အတွင်းမှာ ရှေ့တန်းစခန်းကို ငါးခါလောက်တော့ရောက်ဖူး
တယ်။ မိန်းကလေး တစ်ယောက်အတွက် ရှေ့တန်းစခန်းက လုံခြုံမှုမပေးနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့
လုပ်ဖော်ကိုင်ဖက်လို့ ပြောရမလား၊ သူတို့တွေ တိုက်နေတာ ကိုမြင်တော့ မခံချင်စိတ်တော့
ဖြစ်တယ်"လို့ သူ၏ တိုက်ပွဲအတွေ့အကြုံများကို ပြန်လည်ပြောကြားသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ အကြား တိုက်ပွဲအရှိန်
အမြင့်ဆုံးကာလတွင် ခါယာဘွန်ရှေ့တန်းစခန်း ရိက္ခာပို့ အဖွဲ့တွင် လိုက်ပါခဲ့သူ ခေါန်နန်သည်
ခရီးလမ်းတစ်လျှောက်တွင် သေနတ်သံများကြောင့် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ခဲ့သည်ဟု
ပြောသည်။

သို့သော် ရှေ့တန်းစခန်းအရောက် ဒဏ်ရာရနေသော သူ၏ ရဲဘော်ရဲဘက်များကို တွေ့လိုက်စဉ်
ခဏမှာပင် ကြောက်ရွံ့မှုများ လွင့်စဉ်ပျောက်ကွယ်သွားခဲ့သည်။

"ကိုယ်ကိုယ်တိုင် မြင်လိုက်ရတဲ့အခါ ကြောက်စိတ်မရှိတော့ဘူး။ ကြားနေရတဲ့ သေနတ်သံတွေ
ကလည်း ကိုယ့်အတွက် ဘာမှ မထူးဆန်းသလိုဘဲ"ဟု သူက ဆိုသည်။

ခေါန်နန်လိုပင် မျိုးချစ်စိတ်တစ်ခုတည်းဖြင့် ကေအိုင်အေထဲ ၀င်လာသူ အမျိုးသမီးငယ်တစ်ဦး
ကတော့ အသက် ၂၅ အရွယ် ဘောက်နူးစင်ဖြစ်သည်။

မောင်နှမခုနစ်ယောက်တွင် တတိယ မြောက်ဖြစ်သူ ဘောက်နူးစင်သည် ငယ်စဉ်ကပင် တပ်ထဲ
ဝင်ရန် စိတ်အားထက်သန်ခဲ့ရာ အသက် ၂၂ တွင် လိုင်ဇာ သို့ ရောက်ရှိခဲ့သည်။

"မိဘတွေကတော့ ရှမ်းပြည်မှာနေတာ။ ညီမက အမျိုးတွေနဲ့ မြစ်ကြီးနား မှာနေတာ။ တပ်ထဲဝင်ဖို့
ရည်မှန်းချက်က ရှိနေတာ့ မရောက်ရောက်အောင် သွားမယ်ဆိုပြီး ကိုယ့်စရိတ်နဲ့ကိုယ် ၂၀၁၀
လောက်မှာ လိုင်ဇာကို လာခဲ့တာ"ဟု ဘောက်နူးစင်က ဆိုသည်။

၁၀ တန်းမအောင်တာကြောင့် သုံးနှစ်စစ်သင်တန်းကို တက်ခွင့်မရပေမယ့် မုမ်လိုန်ခက်တွင် သုံးလ
စစ်သင်တန်းကို သင်ယူခွင့်ရခဲ့သည်။

ရဲဘော်ဘ၀မှ ဒုတပ်ကြပ်အဆင့် ဖြစ်လာသော ဘောက်နူးစင် လက်ရှိတာဝန်ကျသည့် ဌာနမှာ
ကေအိုင်အေ အုပ်ချုပ်ရေး ရုံးပင်ဖြစ်သည်။

"အဓိကတာဝန်က စာဝင်၊ စာထွက် တာတွေလုပ်ပေးရတာပေါ့။ နောက် စာရင်းဇယားတွေ လုပ်ပေး
ရတာပါ။ စစ်တော့ မတိုက်ရဘူး။ မိန်းကလေး ဆိုတော့။ သင်တန်းမှာတော့ စစ်သင်တန်း ပေးတယ်
လေ"ဟု ဘောက်နူးစင်က ပြောနေကျမဟုတ်သည့် မြန်မာစကားကို ဖြည်းဖြည်းချင်း အားယူကာ
ပြောသည်။

သို့ပေမဲ့ တခြား အမျိုးသမီးတွေ လိုပင် သူလည်း တိုက်ပွဲဖြစ်ပွားသည့်အခါ ရှေ့တန်းစခန်းများသို့
သွားရောက်ကာ ရဲဘော်ရဲဘက်များအား ကူညီပံ့ပိုးပေးရသူ ဖြစ်သည်။

စစ်မှုထမ်းဆောင်သည့် ကာလအတွင်း အတွေ့အကြုံ အမှတ်တရများစွာ ရှိခဲ့သော်လည်း
သူ့မှတ်ဉာဏ်တွင် ယနေ့တိုင်စွဲထင်နေသော အတွေ့အကြုံတစ်ခုနှင့် ပတ်သက်၍ "အစိုးရတပ်က
လေယာဉ်နဲ့ ဗုံးကြဲတုန်းကပေါ့။ အဲဒီအချိန်မှာ တပ်သားတွေအတွက် ထမင်းချက်နေတာ။ ၀ုန်းဆိုတဲ့
အသံကို ကြားလိုက်တဲ့အချိန်မှာ နှလုံးတောင်မရှိသလို ခံစားရတယ်။ စစ်ပွဲကြောင့် ဆေးရုံမှာ
ဒဏ်ရာရတဲ့ သူတွေ၊ သေတဲ့သူအများကြီး။ အဲဒီအချိန်မှာ သူတို့အစား သေနတ်ထမ်းပြီး ကိုယ်တိုင်
သွားတိုက်လိုက်ချင်တဲ့ စိတ်ဖြစ်မိတယ်"ဟု ဘောက်နူးစင်က ပွင့်လင်းစွာ ပြောသည်။

ကေအိုင်အေတွင် အမျိုးသမီး စစ်မှုထမ်းတစ်ထောင်ဝန်းကျင်ခန့်ရှိပြီး အများအားဖြင့် အသက်
၁၈ နှစ်မှ ၃၀ ၀န်းကျင်အရွယ်များဖြစ်သည်။

စစ်မှုထမ်းရန် အသက် ၁၈ ပြည့်ရန်သာ လိုအပ်ပြီး ကန့်သတ်ချက် အများအပြား မရှိပေ။ ခံစားခွင့်
အနေဖြင့် အမျိုးသား စစ်မှုထမ်းများနှင့် တန်းတူဖြစ်ပြီး ရဲဘော်မှ စစ်ဦးစီးချုပ်အထိ ရိက္ခာအနေဖြင့်
တစ်နေ့လျှင် ဆန်သုံးဘူးနှင့် ဆားတစ်ထုပ်စီရရှိပြီး တစ်လလျှင် လစာကျပ် တစ်သောင်း ရရှိသည်။

"အုပ်ချုပ်တာကအစ အားလုံး အတူတူပဲ။ ခွဲခြားတာတော့ မရှိဘူး။ စစ်သင်တန်းတက်ပြီးရင်တော့
ငါးနှစ် အနည်းဆုံး တာဝန်ထမ်းဆောင်ရတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုမယ်ဆိုရင်
တော့ တပ်က ထွက်ချင်ရင် ထွက်ခွင့်ပေးတယ်။ အိမ်ထောင်ပြုပြီးရင် တာဝန်ထမ်းဆောင်ဖို့ဆိုတာ
အမျိုးသမီးတွေကျတော့ အဆင်မပြေတော့ဘူးလေ"ဟု ဗိုလ်ကြီး ဇော်မိုင်ကပြောသည်။

"အခုထိတော့ တပ်ကထွက်ဖို့ စဉ်းစားမထားဘူး။ အိမ်ထောင်ကတော့ တစ်ချိန်ချိန်ပြုမှာပေါ့။
အပျိုကြီး မလုပ်ဘူး"ဟု ဘောက်နူးစင်က ရယ်ရင်းပြောသည်။

ရည်မှန်းချက်ကြီးသူ ဒုဗိုလ် ခေါန်နန် ကမူ "ကေအိုင်အေမှာ ထူးချွန်တဲ့သူတွေဆိုရင် တရုတ်ပြည်မှာ
ထပ်ပြီး သင်တန်းတွေ တက်ခွင့်ရတယ်။ စစ်ပညာတွေကို အခုထပ်ပိုပြီး သင်ချင်တယ်။ ညီမတို့
တိုင်းရင်းသားတွေအတွက် ဆက်ပြီးတိုက်ပွဲဝင်မယ်။ ကိုယ်တတ်နိုင်သလောက် ကြိုးစားမယ်"ဟု
ယုံကြည်ချက်အပြည့်ဖြင့် ဆိုသည်။

ကေအိုင်အေတွင် ကချင်တိုင်းရင်းသားများ အပါအ၀င် ရှမ်းနှင့် ရခိုင် တိုင်းရင်းသား အမျိုးသမီး
စစ်မှုထမ်းများလည်း တာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့ရရှိသော လစာငွေဖြင့် မိသားစုအား
ပြန်လည် မထောက်ပံ့နိုင်သော်လည်း တိုင်းရင်းသား အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့်
သူတို့အပေါ် မိသားစုဝင်များက ဂုဏ်ယူလျက်ရှိကြောင်း ပြောကြသည်။

ယခုကဲ့သို့ စစ်မှုထမ်းအမျိုးသမီးများကြားတွင် မတူညီသော ခံယူချက်များ ရှိနေလင့်ကစား
သူတို့တွင် တူညီသော ခံစားချက်တစ်ခုတော့ ရှိသည်။

ထိုအရာမှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ရရန် အလှမ်းဝေးဆဲဖြစ်သည် ဆိုသည့် အချက်ပင်ဖြစ်သည်။

"ငြိမ်းချမ်းရေးကတော့ ဆွေးနွေး နေတာပဲ။ စစ်ပွဲတွေလည်း ဖြစ်နေတုန်းပဲ။ စကားတွေသာ
ပြောနေတာ လက်တွေ့ဖြစ်နေတာနဲ့တော့ တခြားစီပဲလေ။ အစိုးရဘက်က လက်တွေ့မှာ
ငြိမ်းချမ်းရေးကို လွယ်လွယ်မပေးချင်ပါဘူး။ သူတို့ပဲ အစစ အုပ်စိုးချင်တာ။ ဆွေးနွေးပွဲကနေ
သိပ်ပြီး မမျှော်လင့်ဘူး"ဟု ခေါန်နန်က ပြောသည်။

အိအိတိုးလွင်   - မြန်မာတိုင်း(မ်)

အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း အပေါ် KNPP

ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့ဝင် များအား တွေ့ရစဉ်

အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အပေါ် အချက်အလက် အများစုသည် လက်ခံ နိုင်ဖွယ်ရာ မရှိဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ နိုဝင်ဘာ (၂၀) ရက်နေ့က ပြီးဆုံး သွားသော (၃) ရက်တာ ကျင်း ပသည့် ဗဟို ကော်မီတီ အစည်း အဝေးမှ သုံးသပ် ခဲ့သည်ဟု ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။
“ဘာတွေလဲ ဆိုတော့ အကျဉ်းချုပ် ပြောရရင် လက်နက်ကိုင် လမ်းစဉ် စွန့်လွတ် ရမယ့် ကိစ္စ၊ ဒို့တာဝန် အရေး သုံးပါး ကိစ္စ၊ ပြင်ဆင်ရေး ဥပဒေ ကိစ္စ၊ အခြေခံ ဥပဒေ ကိစ္စ၊ စောင့်စည်း လိုက်နာ ရမယ့် ကိစ္စ၊ မြန်မာ ရဲတပ်ဖွဲ့ တွေက အပစ်ရပ် နယ်မြေ တွေမှာတရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်မယ့် ကိစ္စ၊ ပြည်သူ့ လွှတ်တော်မှာ တင်မယ့် ကိစ္စ၊ တပ်ဖွဲ့ဝင် တချို့ ကိစ္စ တွေပေါ့ အဲဒါ တွေမှာ လက်ခံရ ခက်ခဲ နေပါတယ်” ဟု၎င်းမှ ဆိုပါသည်။
ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့ဝင် များအား တွေ့ရစဉ်
KNPP သည် အာမခံချက် ရှိသည့် အပြင် အပြုသဘော ဆောင်ပြီး နှစ်ဦး နှစ်ဖက် လက်ခံ နိုင်သော အခြေအနေ ဖြစ်လာရန် ဆွေးနွေး သင့်ကြောင်း၊ဤအခြေ အနေမျိုး ရရှိရန် နှစ်ဖက် စလုံးမှ အလျော့အတင်း ပြုလုပ် ရမည် ဖြစ်သည်ဟု KNPP က ခံယူကြောင်း ဆိုပါသည်။
KNPP ၏ ထိုသုံးသပ် ချက်ကို နိုဝင်ဘာ (၂၀) ရက်နေ့ နောက်ဆုံး ထားပြီး လိုင်ဇာ ညီလာခံ၌ ဖွဲ့စည်း ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များစုပေါင်း ဖွဲ့ထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (NCCT) သို့ တင်ပြ ပေးပို့ ရမည် ဖြစ်သည်။
သို့သော်လည်း KNPP သည် သုံးသပ်ချက် များကို အချောသပ် နေသဖြင့် ၂၁ ရက် နေ့မှပင် ပေးပို့နိုင်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အပေါ် အဖွဲ့ဝင် များမှ ပေးပို့သော သုံးသပ်ချက် များကို စုပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC သည် ပြည်တွင်း နိုင်ငံရေး ပါတီများ အပါဝင် (UNFC) အဖွဲ့ဝင် မဟုတ်သော အဖွဲ့ များ၏ သဘောထား ရယူရန် လာမည့် ဒီဇင်ဘာ လဆန်း ၌ ကရင်အမျိုးသား အစည်း အရုံး (KNU) နယ်မြေတွင် ကျင်းပရန် လျာထားသည့် ဒုတိယ အကြိမ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ညီလာ ခံသို့ တင်ပြပြီး အဆုံးအဖြတ် ယူမည်ဖြစ် သည်ဟု ဆိုပါသည်။
KNPP သည်မြန်မာ နိုင်ငံ၏အနာဂတ် အရေးကိုဆွေးနွေး နိုင်ရန်အတွက်အစိုးရ အစီစဉ်ဖြင့် ရောက်လာ သောပြည်တွင်း နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ များအား ကြိုဆိုကြောင်း၊ ယင်းအဖွဲ့ များနှင့် ယနေ့ နိုဝင်ဘာလ(၂၂) ရက်နေ့တွင် ဆွေးနွေးရန် ရှိပြီး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လိုအပ်သည့် ပြင်ဆင်မှု မျိုးအတွက် လာရောက် တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက် ကြမည်ဟု ယူဆကြောင်းဆိုပါသည်။
အကယ်၍ ပြည်တွင်း နိုင်ငံရေး ပါတီ များမှ အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး သင့်သည်ဟု အကြံပြု လာသည့် အခါ ၄င်း အကြံပြု ချက်၏ အတိမ် အနက်ကို လက်ခံ စဉ်းစားမည် ဖြစ်သည်။
တဖက်၌ လည်း ပြည်တွင်း ပါတီ များအား အခြေအနေ မှန်များကို တင်ပြခွင့် ရသည့် အတွက် လက်မှတ် ထိုးသင့်၊ မထိုးသင့် ဆိုသည့် အကောင်းဆုံး အဖြေမှန်ကို  မှန်မှန် ကန်ကန် သုံးသပ် နိုင်မည် ဖြစ်သည် သုံးသပ် ထားပါသည်။
KNPP သည် အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် စာချုပ် မူကြမ်းအား သုံးသပ် ရာတွင်အခြား UNFC အဖွဲ့ များ၏ သုံးသပ်ချက် အမြင် များနှင့် တူညီမှု ရှိကြောင်း ဆိုပါသည်။

ဗိုလ်ချုပ်ဂွမ်မော်၊ ဦးတေဇနဲ့ ပူတာအို၊ မချမ်းဘော၊ ရေခဲတောင်ဒေသတွေ

   (တစ်ကြိမ်က ထိုင်းဘက်ကို တန်ဖိုးကြီး ကျောက်တစ်လုံး အဲလို အခွန်မဆောင်ဘဲ ခိုးထွက်သွားဖူးတယ်။ အဲဒါ ကေအိုင်အိုက သိတော့ လုပ်ငန်းရှင်ကို ပြန်ယူလာ ခိုင်းတယ်၊ ဘယ်သူ့လက်ထဲ ရောက်နေနေ၊ ဘယ်တိုင်းပြည် ရောက်နေနေ ကချင်ပြည် နယ်ကို အဲ ကျောက် ပြန်ယူလာခဲ့။ ပြီးရင် အခွန်ဆောင်၊ အဲဒါ မရရအောင် ငွေတွေ အများကြီး အကုန်ခံပြီး ပြန်သွင်း ယူပေးရတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးတယ်။)

လာကပေါ် – ကိုအောင်ကျော် ခုတလော ကေအိုင်အေ ဗိုလ်ချုပ်ဂွန်မော် သတင်း အတော် ပေါ်ပြူလာ ဖြစ်တယ်နော်။

အောင်ကျော် – ဒါပေါ့ဗျ။ စိတ်ဝင်စားဖို့လည်း ကောင်းတယ်လေ။ ဘာလဲ ခင်ဗျားက လက်ရှိ ထိုင်းနိုင်ငံ ဗန်ကောက်မှာ အလှမယ် ပြိုင်ပွဲဝင်နေတဲ့ ထားထက်ထက်တို့  သိပ်မကြာ သေးခင်ကမှ မော်စကိုက ပြန်လာတဲ့ မိုးစက်ဝိုင် တို့ကမှ ပေါ်ပြူလာ ဖြစ်မယ် ထင်နေလို့လား။ အခုခေတ်က သတင်းခေတ်ဆိုတော့ ပြည်သူတွေ စိတ် ၀င်စားတာ တွေဆို ပေါ်ပြူလာဖြစ်တာ ပေါ့ဗျာ။ တကယ်လည်း ဗိုလ်ချုပ်ဂွမ်မော် သတင်းက စိတ်ဝင်စားဖို့ ကောင်းနေတာ ကိုးဗျ။

လာကပေါ် – ဘာလဲ ခင်ဗျား၊ အဆိုတော် အယ်လ်ဆိုင်းဇီက ဗိုလ်ချုပ် ဂွမ်မော်နဲ့ တွဲပြီး ဓာတ်ပုံရိုက်တာ တွေ့မိလို့ အဲလို ထောက်ခံတာလား။ …

အောင်ကျော် – အဲ အဲ အဲဒါတော့ မနောက်နဲ့ဗျ။ ဒါက နောက်စရာ မဟုတ်ဘူး။ သူလေးစားတဲ့ ကချင်စစ်ခေါင်း ဆောင်နဲ့ သူဓာတ်ပုံ တွဲရိုက်တာပေါ့ဗျ။ မဆန်းပါဘူး။ စိတ်ဝင်စားဖို့ ကောင်းတယ် ဆိုတာက ဒီလိုပါ။ လက်ရှိ ကေအိုင်အိုနဲ့ အစိုးရ အပစ်ရပ် လက်မှတ် မထိုးရသေးဘူး။ စစ်ဖြစ်နေဆဲလို့ ပြောနိုင်တယ်။ တ ကယ်လည်း ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီဘက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဆိုတော့ ဗိုလ်ချုပ် ဂွမ်မော်ဆိုတာ သူပုန် စစ်ခေါင်းဆောင် ပေါ့ဗျာ။ အဲသူပုန် စစ်ခေါင်းဆောင် တစ်ယောက် မြစ်ကြီးနားကနေ ရန်ကုန်ကို လေယာဉ်နဲ့ လာတယ်၊ ရန်ကုန်မှာ နိုင်ငံသား တစ်ယောက်လို နိုင်ငံကူး လက်မှတ် လုပ်မယ်၊ ထိုင်းဗီဇာယူပြီး ချင်းမိုင် အစည်းအဝေး သွားတက်မယ်၊ ဒီရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်၊ နောက်ရန်ကုန်က ကချင်တိုင်းရင်းသားတွေနဲ့ လွတ်လွတ် လပ်လပ်တွေ့ဆုံ ဆွေးနွေးခွင့် ရတယ်။ မထူးဘူးလားဗျ။

လာကပေါ် – အင်း ဟုတ်တယ်။ အဲဒါတော့ အတော်လေး ထူးတယ်။

အောင်ကျော် – ဒီနေရာမှာ အစိုးရဘက်က လိုက်လျောမှုတွေ တွေ့ရတာ ပေါ့ဗျာ။

လာကပေါ် – အင်း ဒါနဲ့ နေပါဦး။ ရန်ကုန် ရောက်တုန်း နာမည်ကြီး သူဌေးကြီး ဦးတေဇ နဲ့လည်း တွေ့သေးဆို။ အဲဒါ က ဘယ်လိုမျိုးလဲ။ ကျွန်တော်က အဲဒီ ကိစ္စ ပိုစိတ်ဝင်စားတယ်။

အောင်ကျော် – သတင်းစာ ရှင်းလင်း ပွဲမှာ တရားဝင် ပြောတာကတော့ ဘာမှ အထွေအထူး ကိစ္စ မရှိဘူး။ တွေ့မယ် ဆိုတော့ တွေ့လိုက်တာပဲ လို့တော့ ဗိုလ်ချုပ် ဂွမ်မော်ဘက်က ပြောတယ်။

လာကပေါ် – ခင်ဗျား အဲဒါ ယုံကြည်သလား။

အောင်ကျော် – သြော်- သူလည်း ပြောသင့် သလောက်ပဲ ပြောမှာပေါ့။ ခင်ဗျားတို့ကို အကုန်ပြောလို့ ဖြစ်မလားဗျ။

လာကပေါ် – အဲလိုဆို ထားလိုက် တော့ ခင်ဗျား အမြင်ပြော၊ ဦးတေဇက ဗိုလ်ချုပ် ဂွမ်မော်ကို ဘာကြောင့် လာတွေ့ ရတယ်လို့ ထင်သလဲ။

အောင်ကျော် – ကျွန်တော့် မှန်းဆချက်ကို ပြောရရင် အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက် နေတယ်ဗျ။ သာမန်ပြည်သူတွေ မသိကြသေးတာက သူဌေးကြီး ဦးတေဇရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွား အတော်များများ ကချင်ပြည်နယ်မှာ ရှိနေတယ် ဆိုတာပဲ။

လာကပေါ် – ဟုတ်လို့လားဗျာ။ ဖားကန့် ကျောက်တူးတဲ့ ကိစ္စမှာ သူဌေးကြီးတွေ အတော်များများ၊ လက်နက်ကိုင် တပ်ဖွဲ့တွေ အတော်များများ ၀င်ပြီးလုပ်နေ ကြတယ် မဟုတ်လား။ဘာကြောင့် ဦးတေဇ ကိုမှ အများကြီးလို့ ပြောရတာလဲ။

အောင်ကျော် – ဒီမယ် ကျွန်တော် ပြောပြမယ်၊ ခင်ဗျား မြန်မာပြည်မြေပုံကို ကြည့်လိုက်၊ အဲဒီ ကချင်ပြည်နယ် အနေအထားမှာ ကေအိုင်အိုဟာ အရှေ့ဘက် တရုတ်နယ်စပ်မှာ ဌာနချုပ် လုပ်ထား တယ်။ ကေအိုင်အေ တပ်ဖွဲ့တွေကတော့ မြစ်ကြီးနား အရှေ့၊ အနောက်၊ တောင်ပိုင်းမှာရှိတယ်။ အရှေ့မြောက်ပိုင်း တရုတ် နယ်စပ်မှာ အရင် အန်ဒီအေ ခေါင်းဆောင် ဦးဆခုန်တိန့်ယိမ်းရဲ့ နယ်ခြားစောင့်တပ် ဖွဲ့ရှိတယ်။ အဲ မြောက်ဘက် ပူတာအို၊ မချမ်းဘော ဘက်ကတော့ သွားရေး လာရေးခက်တယ်။ ပြည်မကြီးနဲ့ အဆက်အစပ် ဆိုရင် လေယာဉ်ကိုပဲ အဓိက အားထားရတယ်။ အဲဒီ ဧရိယာတွေဟာ အစဉ်အဆက် အစိုးရတပ်တွေ စိုးမိုးထားတဲ့နေရာ၊ နောက်ရေခဲတောင်တွေလည်း ရှိတဲ့ဒေသ။ အဲဒီ အစိုးရတပ် စိုးမိုးထားတဲ့ ဧရိယာတွေကို ဦးတေဇက နယ်စားပယ်စား တစ်ယောက်လို လုပ်ပိုင်ခွင့်တွေ အားလုံးနီးပါး ရထားတာဗျ။ အရင် စစ်အစိုးရ ခေတ်အာဏာ ပိုင်တွေက ပေးထားတာ။

လာကပေါ် – အဲဒါ ဘယ်က သတင်းလဲ။ အတွင်းသတင်းတွေလား။

အောင်ကျော် – အတွင်း သတင်းတွေထက် အပြင်ကို ပေါ်ထွက်လာတဲ့ တရားဝင် သတင်းတွေပါဗျ။ ဦးတေဇဟာ အဲဒီ ဒေသမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခွင့်တွေ ရထားတယ်။ အခြား စီးပွားရေး အခွင့်အလမ်း လုပ်ကိုင်ခွင့်တွေ တစ်ဦးတည်း အနေနဲ့ ရထားသလို အပြန်အလှန်အားဖြင့် ဒေသဖွံ့ဖြိုးရေးလည်း ဆောင်ရွက် ရမယ်လို့ ကတိပြုထားသူ ဖြစ်တယ်။ ဒီဒေသကြီးဟာ နောင်ပွင့်လန်း လာမယ့် တကယ့် စီးပွားရေး လုပ်ငန်းမျိုးစုံ လုပ်လို့ ကောင်းတဲ့ ဒေသကြီးပဲဗျ။

လာကပေါ် – အင်းလေ။ အဲဒါနဲ့ ဦးတေဇက ဗိုလ်ချုပ်ဂွမ်မော်ကို သွားတွေ့တာ ဘယ်လို ပတ်သက်သလဲ။

အောင်ကျော် – ခင်ဗျား မသိလိုက်ဘူးလား။ သိပ်မကြာ သေးခင်တုန်းက အဲဒီဒေသဘက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ ထိတွေ့မှု ဖြစ်ခဲ့တယ်။ အစိုးရတပ် အရာရှိတစ်ယောက် အသတ်ခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောကြ၊ ဆိုကြ စုံစမ်းကြ ဖြစ်ခဲ့တယ် ဆိုတာလေ။

လာကပေါ် – သြော်မှတ်မိပြီ။ သတင်းကို သေသေချာချာ ရေးသင့်တယ်၊ ငြိမ်းချမ်းရေး မထိခိုက်အောင် သတိထား သင့်တယ်လို့ ခင်ဗျားပြောတဲ့ ကိစ္စမဟုတ်လား။

အောင်ကျော် – ဟုတ်တာပေါ့။ အဲဒီ ဒေသမှာ ဖြစ်ခဲ့တာ။ ပြောရရင် အဲဒီ ဒေသမှာ ကေအိုင်အေ တပ်တွေ ၀င်ထိုးဖေါက်လို့ အစိုးရတပ် စိုးမိုးမှု ကျိုးပေါက်စ ပြုပြီဆိုတဲ့ သဘောပဲ။ အရင်က အဲလို ဖြစ်ရပ် သိပ်မရှိခဲ့ဘူး။

လာကပေါ် – သြော် အဲဒါကြောင့် လား။

အောင်ကျော် – ဆိုတော့ ကျွန်တော့် အမြင်ပြောရရင် အဲဒီဒေသမှာ လုပ်မယ့် စီးပွားရေးဆိုင်ရာ ကိစ္စတွေ မှန်သမျှ အရင်က အစိုးရနဲ့ လုပ်ရင် ကိုင်ရင် သဘောတူရင် ပြီးတယ်၊ ဒါပေမဲ့အခုဆို ကေအိုင်အေ ကသာ မလိုလားဘူးဆို အခက်တွေ့နိုင်တယ်။ အဲဒီတော့ ဦးတေဇအတွက် ကေ အိုင်အို အဖွဲ့နဲ့ ဆက်ဆံရေးဟာ ပိုပိုပြီး အရေးပါလာတယ်လို့ သုံးသပ်တယ်။

လာကပေါ် – သြော် အဲလိုလား။ ဒါက ဒီ ၂ နှစ်တာ စစ်ပွဲအတွင်း ပြောင်းလဲသွားတဲ့ သဘောပဲနော်။

အောင်ကျော် – တိုက်ပွဲတွေကြောင့် ပြောင်းလဲသွားတာတွေ ရှိတယ်။ ဦးဆခုန်တိန့်ယိမ်းတို့ နယ်ခြားစောင့် တပ်ဖွဲ့ ဒေသဘက်မှာလည်း မြောက်ဘက်က အရေးပါတဲ့ တရုတ်နယ်စပ် စခန်းတစ်ခု ကေအိုင်အေ လက်ထဲ ကျသွားခဲ့ပြီ။ အဲဒါကို ဦးတိန့်ယိမ်းတို့ ဘက်က ကြေညာချက်တွေထုတ်၊ ပြန်ဆုတ်ပေးဖို့ ပြောတာတွေ ရှိသလို၊ ပြည်သူ့စစ်ဖွဲ့တာ ဘာညာလည်း ရှိလာတယ်။ ပြန်တိုက်ယူဖို့ ကတော့ မလွယ်ဘူး။

လာကပေါ် – သြော် တလောက ပြဿနာတွေက အဲဒီလိုကိုး။

အောင်ကျော် – ကချင်ပြည်နယ်မှာ စီးပွားရေး လုပ်ဖို့ဆိုရင် ကေအိုင်အို အဖွဲ့ကို ဘယ်သူမှ ရှောင်ကွင်းပြီး လုပ်လို့ မရဘူး။ ဖားကန့်မှာ ကျောက်စိမ်း တူးတာဆိုရင် ထွက်တဲ့ ကျောက်တွေ ကေအိုင်အိုကို အခွန် မဆောင်ဘဲ ဘယ်သူမှ အပြင်ယူ ထုတ်မသွား ရဲဘူး။

လာကပေါ် – ခိုးသယ်ရင် ကောဗျာ။

အောင်ကျော် – သိသွားရင် မလွယ်ဘူး။ ကြာတော့ ကြာပြီ။ တစ်ကြိမ်က ထိုင်းဘက်ကို တန်ဖိုးကြီး ကျောက်တစ်လုံး အဲလို အခွန်မဆောင်ဘဲ ခိုးထွက်သွားဖူးတယ်။ အဲဒါ ကေအိုင်အိုက သိတော့ လုပ်ငန်းရှင်ကို ပြန်ယူလာ ခိုင်းတယ်၊ ဘယ်သူ့လက်ထဲ ရောက်နေနေ၊ ဘယ်တိုင်းပြည် ရောက်နေနေ ကချင်ပြည်နယ်ကို အဲ ကျောက် ပြန်ယူလာခဲ့။ ပြီးရင် အခွန်ဆောင်၊ အဲဒါ မရရအောင် ငွေတွေ အများကြီး အကုန်ခံပြီး ပြန်သွင်း ယူပေး ရတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးတယ်။

လာကပေါ် – သြော် အဲလောက် တောင် သြဇာကြီးတာကိုး။

အောင်ကျော် – ဒါပေါ့။ အခုနောက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက် အစိုးရက ဖားကန့် ကျောက်တွင်းတွေ ပိတ်ဖို့ လုပ်တယ်။ အစိုးရ ရည်ရွယ်ချက်က ကေအိုင်အိုရဲ့ အခွန်ဘဏ္ဍာရလမ်း လျော့နည်းအောင် လုပ်ချင်တယ်နဲ့ တူပါတယ်။ အဲဒီကာလ အစမှာပဲ ကေအိုင်အိုက အခွန်တွေ အတော် ကောက်ပြီးနေပြီ။ ကျွန်တော့် မိတ်ဆွေ ကုမ္ပဏီ လုပ်ငန်း တစ်ခုဆို ဟိုခေါင်းစဉ် ဒီခေါင်းစဉ်နဲ့ ကျပ်ငွေ သိန်း တစ်ထောင်ကျော်လောက် အခွန်ဆောင် လိုက်ရတယ်။ အဲဒါ တစ်ဖွဲ့တည်းပဲ ရှိသေးတာ။

လာကပေါ် – အားပါး များလိုက်တာ။

အောင်ကျော် – အေး ခင်ဗျား အခွန် တိမ်းရှောင်ရင် နောင်ခင်ဗျားအဲမှာ အခြေမချတော့ဘူးလား၊ ဘာဖြစ်သွား နိုင်မလဲ၊ စဉ်းစားရမယ်။ နောက်တစ်ခု အဲဒီမှာ ကျောက်တူးတဲ့ လုပ်ငန်းမှာ သုံးတဲ့ ဘက်ဖိုးကြီးတွေ၊ အဲဒီယာဉ်တွေ ဖောက်ခွဲခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။

လာကပေါ် – အင်း၊ လက်နက်ကိုင် အင်အားစု၊ စီးပွားရေး အဆက် အစပ်တွေ ပေါ့ဗျာနော်။

အောင်ကျော် – ဒါပေါ့ဗျ။ အခုဆို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့ မြစ်ကြီးနားက မဂျွယ်ခန်းမ ဆိုပါတော့ဗျာ။ အဲဒါ ဦးတေဇက ကျပ်သိန်း တစ်ထောင်လောက် အကုန်အကျခံ ပြုပြင် မွမ်းမံပေးခဲ့တာဗျ။ နောက်အခု ကချင်ငြိမ်းချမ်းရေး အဖွဲ့ထဲမှာပါနေတဲ့ ဦးယွတ်ဇော်ခေါင် ဆိုပါတော့- အောက်ပြည်အောက်ရွာက လူတွေ သူ့ကို သိပ်မသိကြဘူး။ သူ ကချင်ပြည်နယ်မှာ အလွန့်အလွန် ကြွယ်ဝ ချမ်းသာတဲ့ သူဌေးကြီး။ အခု ငြိမ်းချမ်းရေး ကိစ္စတွေကို ငွေကုန်ကြေးကျ ခံပြီး လုပ်နေတယ်။ ဒီတလော ဂျပန်ကိုတောင် သွား လိုက်ကြ သေးတယ်။

လာကပေါ် – အင်းလေ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကတော့ စစ်ပွဲတွေ ပြီးစေချင်တယ်။ တိုင်းရင်းသား အခွင့်အရေး ဒီမိုကရေစီ အခွင့်အရေး ရချင်တယ်။ စီးပွားရေးလုပ်ငန်း ဆိုရင်လည်း ပွင့်ပွင့် လင်းလင်း တစ်ဦးနဲ့ တစ်ဦး အခွင့်အရေး တူမျှစွာ လုပ်နိုင်တဲ့ အခြေအနေမျိုးကို လိုချင်တယ်။ ဒါပေမဲ့—

အောင်ကျော် – မဒါပေမဲ့နဲ့ တိုင်းပြည်ငြိမ်းချမ်းလာရင် အဲဒီ ကချင်ပြည်နယ် ရေခဲတောင်တွေပေါ်မှာ အပန်းဖြေ စခန်းတွေ၊ နှင်းခဲလျှောစီး နေရာတွေ၊ တောင်ပေါ်တက်တဲ့ ကေဘယ်လ်ကားတွေ စီးရမှာ မြင်ယောင်သေး – ဟေးဟေး-။ ပိုက်ဆံတော့ စုထားဗျိုး။

Myanmartandawsint Newspaper

Thursday, November 21, 2013

Greek Gold Styles For Photoshop

 
















 By; Nyinaymin
Gold Styles စတိုင်းလေ မိုက်လောက်လို့တင်လိုက်တယ် Photoshop သုံးတဲ့သူများတွက် သုံးဝင်တယ် အောက်မှာ downlord ဆွဲနိုင်ပါတယ်။  
Google Drive | Sharebeast | Zippyshare | Filecloud

PGWARE GameBoost

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
By : Nyinaymin
 
ဒီဆော့ဝဲလေးကတော့ Computer သမားတွေအတွက်အလွန်သုံးဝင်စေမှာပါ။ အရမ်းစက်အားနည်းတဲ့ ကွန်ပြူတာတွေမှာ ဂိမ်းကြီးတွေတင်ကစားရင် ကစားတော့ရပေမယ့် ထစ်နေတဲ့သူများအတွက်ပါ...ဒီ PGWARE GameBoost
လေးထည့်ထားမယ်ဆိုရင်အရင်က ကစားရင် ထစ်နေတဲ့ ဂိမ်တွေကိုအထစ်အငေါ့
 မရှိကစားနိုင်မှာဖြစ်ပါတယ်ခင်ဗျား....ပြီးတော့ အင်တာနက်အမြန်နှုန်းလည်း
မြှင့်ပေးနိုင်ပါတယ်။စက် Model နိမ့်နေလို့ဂိမ်းကစားလို့အဆင်မပြေဖြစ်ပြီးစိတ်
ဓါတ်ကျနေတဲ့ ကိုကို၊မမ တွေအတွက်အသုံးလိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်မှာ download ယူသွားပါခင်ဗျား.....   
                                                    



English-Myanmar Dictionary



Posted by သူရဗိုလ် နည်းပညာ Nyinaymin
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 အင်္ဂလိပ်-မြန်မာအဘိဓါန် လေးပါ.
..ကိုယ်သိချင်တဲ့စာလုံးကိုရှာရိုက်လိုက်..အသံထွက်မသိရင်လဲနားထောင်
လို့ရ တယ်..ကွန်ပြူတာသမားတိုင်းဆောင်ထားသင့်တဲ့စာအုပ်လေးပါ။သုံးရတာလည်းတော်တော်လေးလွယ်ကူပါတယ်.. ဖိုင်ဆိုဒ်ကလည်း သေးသေးလေးနဲ့သုံးရတာလွယ်ကူမှာပါ ..မရှိသေးရင်လည်းမြန်မြန် လေးဒေါင်းထားကြနော် ကဲပြောနေ ကြာပါတယ်...စမ်းပြီးအသုံးပြုခြင်
သူများ အောက်က download လင့်လေးမှာဒေါင်းယူနိုင်ပါတယ်ခင်ဗျား။
 ဖိုင်ဆိုဒ်ကတော့ (3 MB) ထဲပါ..အားလုံးဘဲ့အဆင်ပြေကြပါစေ။





ShuameSetup root tool 1.1.6

 













by; nyinaymin

ShuameSetup ဆိုတဲ့ software လေးကတော့ ဖုန်းတွေကို Root လုပ်ပေးတဲ့ software လေးပဲတစ်ခုပဲဖြစ်ပါတယ် စမ်းပြီးသုံးကြည့်တာ တော်တော်လေးကောင်းပါတယ် သူငယ်ချင်းတွေလည်း လိုအပ်မယ်ထင်လို့ တင်ပေးလိုက်တာပါ လိုချင်တဲ့သူများ အောက်က link တွင် download ယူနိုင်ပါတယ် အသုံးပြုပုံ နည်းနည်းကိုတော့ download လုပ်လို့ ရလာတဲ့ zip file ထဲမှာ pdf file လေးနဲ့ ရှင်းပြထားပါတယ်...
FileCloud
ZippyShare



ShareBeast
RapidShare

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .