Social Icons

Friday, July 12, 2013

MPC နည်းပညာ အထောက်အကူပြု အဖွဲ့ နှင့် ABSDF တို့တွေ့ဆုံ

သတင်း - ရွှေဟင်္သာ သတင်းဌာန
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့သည် ဦးလှမောင်ရွှေ ခေါင်းဆောင်သည့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team)နှင့်  ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု ဦးလှမောင်ရွှေက ဆိုပါသည်။
MPC ကိုယ်စားလှယ်အဖွဲ့ MPC ကိုယ်စားလှယ်အဖွဲ့ (ဓါတ်ပုံ - ဦးလှမောင်ရွှေ)
MPC ကိုယ်စားလှယ်အဖွဲ့ MPC ကိုယ်စားလှယ်အဖွဲ့ (ဓါတ်ပုံ - ဦးလှမောင်ရွှေ)
“ ABSDF နဲ့တော့ ဒီနေ့ (၁၀) နာရီလောက်မှာ ပြီးဆုံးသွားပါတယ်။ ကျနော်တို့ရဲ့ ဒီခရီးစဉ်မှာ (၆) ဖွဲ့တွေ့ဖို့ ရှိပါတယ်။ UNFC အပါဝင်ပေါ့။ RCSS နဲ့ကတော့ ဒီနေ့ တနာရီခွဲလောက်မှာ စဆွေးနွေးနေပါတယ်။ ကျန်တဲ့ အဖွဲ့တွေကတော့ သူတို့ထုတ်ပြောမှ ကျနော်တို့ ပြောလို့ရမယ်လို့ သဘော တူထားတော့ လောလောဆယ် မပြောပါရစေနဲ့ဦး” ဟု ဆိုပါသည်။
ABSDF အဖွဲ့အား အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက် ကျင်းပနိုင်ရေး အတွက် မည်သို့ ဆွေးနွေးကြမည်ကို အဓိကထား ဆွေးနွေးကြ ကြောင်း၊ ဆွေးနွေးပွဲကို ယမာန်နေ့ ညနေပိုင်း ကတည်းက ဆွေးနွေးခဲ့ကြပြီး ယနေ့ နေ့လည် (၁၀)ခန့်တွင် ပြီးဆုံးသွားခဲ့သည်ဟု ဆိုပါသည်။
ABSDF ကိုယ်စားလှယ်များကို အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီ ဦးဆောင်ပြီး ရဲဘော် ကျော်ကို၊ ရဲဘော်ကျော်လင်းနှင့် ရဲဘော်ဇင်နိုင်တို့ (၄)ဦး ကဆွေးနွေး ခဲ့ပါသည်။ ဆွေးနွေးပွဲ အသေးစိတ်ကိုမူ နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးကြောင်း ရဲဘော်ဆန်နီက ပြောပါသည်။
" ဒီဆွေးနွေးက အပစ်အခတ် ရပ်စဲရေးမှ တဆင့်၊ ငြိမ်းချမ်းရေးသို့ ပြီးတော့ ငြိမ်းချမ်းရေးမှ တဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ဖို့ ညှိနှိုင်းတာ ဖြစ်ပါတယ်" ဟုဆိုပါသည်။
ဤဆွေးနွေးပွဲသည် ABSDF ၏ ဒုတိယ အကြိမ် တရားဝင် ဆွေးနွေးပွဲဖြစ်ပြီး ပထမအကြိမ်ကိုမူ ပြီးခဲ့သည့် မေလက (၂၀) ရက်နေ့က ရန်ကုန်မြို့တွင် ဆွေးနွေးခဲ့ပါသည်။ အလွတ်သဘော ဆွေးနွေးမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန္နာဝါရီလတွင် လေ့လာရေး ခရီးအဖြစ် ပြည်တွင်းသို့ သွားရောက် လည်ပတ်ခဲ့ပါသည်။
မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ  ကိုယ်စားလှယ်များသည် ယနေ့ ညနေပိုင်း တစ်နာရီခွဲတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)နှင့် ဆွေးနွေးနေပြီး အသေးစိတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ဦးလှမောင်ရွှေက ဆိုပါသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .