စစ်အစိုးရဟာ -
စကတည်းက ကချင်ကို၊
အညွှန့်သုဉ်းစေလိုသည့်သဘောထား
အပြည့်အဝနဲ့ပြုစားခဲ့ပါတယ်။
ဒါကိုဒို့ ကချင်ကလည်း၊
စိတ်ထား ရိုးသားဖြူစင်လွန်းတော့၊
သူတပါးကို အပြစ်မမြင်၊
အပြစ်မတင်တတ်ခဲ့ကြဘူး။
အခုမှဘဲ စပြီး မြင်တတ် ခံစားတတ်
အမှန်ကို ထင်ထင်ရှားရှား
သိသိသာသာ တွေးခေါ်လေ့လာပြီး၊
ရေရှည် စီမံကိန်းကို သဘောပေါက်ခဲ့တော့တယ်။
ဒို့ကချင်ကို ဘယ်နည်းနဲ့မှ
စစ်လက်နက် အပြည့်အစုံနဲ့ တိုက်ခိုက်လို့
နိုင်မှာမဟုတ်မှန်းသူတို့
အလိုလို သိနေခဲ့ကြပါတယ်။
ဒါကြောင့် - မသိမသာ ဘိန်းလက်နက်နဲ့
တရွက်ပြီး တရွတ်ချွေချသလိုမျိုး၊
ကချင်ကို တယောက်ပြီးတယောက်
ချွေပစ်နေခဲ့ကြပါတယ်။
မြန်မာပြည်မှာ - ဘိန်းကို တိုက်ဖျက်သလိုနဲ့
စစ်ဦးစီးပိုင်းက
အကြီးအကျယ်လဒ် စားလဒ်ယူ
တချက်ခုတ်နှစ်ချက်ပြတ် အလုပ်ဖြစ်နေခဲ့ကြတယ်။
ဒါကြောင့်- စစ်ဦးစီးတို့ဟာ -
တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း၊
မီလီယံနာ တွေ ဖြစ်ခဲ့ကြတယ်။
ရဲဘော်စစ်သားတွေဟာ ငမွဲတွေပေါ့။
ထိုနည်းတူ - ကချင်လူငယ်တွေဟာ
တဖြည်းဖြည်း လူညွှန့်သုဉ်းခဲ့ကြတယ်။
ဘိန်းလက်နက်နဲ့ တိုက်ခိုက်ခြင်းကို
အလူးအလဲ ခံခဲ့ကြရတယ်။
ဘိန်းစိုက်ပျိုး သူတို့ဟာ -
အခွင့်အရေးကို ရလိုက်မရလိုက်
အဖမ်းခံရလိုက် - ဖျက်ဆီးခံရလိုက်နဲ့
သံသရာ လည် နေကြရတယ်။
ကြားက ဘိန်းကုန်သည်တွေနဲ့
စစ်ဦးစီး အကြီးအကဲတို့က
ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပြီး၊
ဘိန်းကြောင့် သူဌေးဖြစ်ကောင်းစားနေကြတော့တယ်။
မနောမြေ - စိန်(jp kasa)
စကတည်းက ကချင်ကို၊
အညွှန့်သုဉ်းစေလိုသည့်သဘောထား
အပြည့်အဝနဲ့ပြုစားခဲ့ပါတယ်။
ဒါကိုဒို့ ကချင်ကလည်း၊
စိတ်ထား ရိုးသားဖြူစင်လွန်းတော့၊
သူတပါးကို အပြစ်မမြင်၊
အပြစ်မတင်တတ်ခဲ့ကြဘူး။
အခုမှဘဲ စပြီး မြင်တတ် ခံစားတတ်
အမှန်ကို ထင်ထင်ရှားရှား
သိသိသာသာ တွေးခေါ်လေ့လာပြီး၊
ရေရှည် စီမံကိန်းကို သဘောပေါက်ခဲ့တော့တယ်။
ဒို့ကချင်ကို ဘယ်နည်းနဲ့မှ
စစ်လက်နက် အပြည့်အစုံနဲ့ တိုက်ခိုက်လို့
နိုင်မှာမဟုတ်မှန်းသူတို့
အလိုလို သိနေခဲ့ကြပါတယ်။
ဒါကြောင့် - မသိမသာ ဘိန်းလက်နက်နဲ့
တရွက်ပြီး တရွတ်ချွေချသလိုမျိုး၊
ကချင်ကို တယောက်ပြီးတယောက်
ချွေပစ်နေခဲ့ကြပါတယ်။
မြန်မာပြည်မှာ - ဘိန်းကို တိုက်ဖျက်သလိုနဲ့
စစ်ဦးစီးပိုင်းက
အကြီးအကျယ်လဒ် စားလဒ်ယူ
တချက်ခုတ်နှစ်ချက်ပြတ် အလုပ်ဖြစ်နေခဲ့ကြတယ်။
ဒါကြောင့်- စစ်ဦးစီးတို့ဟာ -
တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း၊
မီလီယံနာ တွေ ဖြစ်ခဲ့ကြတယ်။
ရဲဘော်စစ်သားတွေဟာ ငမွဲတွေပေါ့။
ထိုနည်းတူ - ကချင်လူငယ်တွေဟာ
တဖြည်းဖြည်း လူညွှန့်သုဉ်းခဲ့ကြတယ်။
ဘိန်းလက်နက်နဲ့ တိုက်ခိုက်ခြင်းကို
အလူးအလဲ ခံခဲ့ကြရတယ်။
ဘိန်းစိုက်ပျိုး သူတို့ဟာ -
အခွင့်အရေးကို ရလိုက်မရလိုက်
အဖမ်းခံရလိုက် - ဖျက်ဆီးခံရလိုက်နဲ့
သံသရာ လည် နေကြရတယ်။
ကြားက ဘိန်းကုန်သည်တွေနဲ့
စစ်ဦးစီး အကြီးအကဲတို့က
ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပြီး၊
ဘိန်းကြောင့် သူဌေးဖြစ်ကောင်းစားနေကြတော့တယ်။
မနောမြေ - စိန်(jp kasa)
No comments:
Post a Comment