Social Icons

Friday, November 16, 2012

တိုက်ပွဲသတင်းတို

  • (myitkyina)
  • နိုဝင်ဘာလ(၁၅)ရက်နေ့ မနက်(၇)နာရီအချိန်တွင် ခမရ(၃၀၁)စစ်ကြောင်း နှင့် KIA တပ်မဟာ(၁) တပ်ဖွဲ့ တို့ ပန်ဝါဒေသ ဖရဲကျေးရွာအနီး တွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။
  • ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ နောင်ဖာကျေးရွာအနီး ဗန်းမော်မြို့အခြေစိုက် စကခ(၂၁) လက်အောက်ခံ မြန်မာအစိုးရစစ်တပ်နှင့် KIA တပ်မဟာ(၅)တပ်ဖွဲ့များ နိုဝင်ဘာလ(၁၄)ရက် ၇း၃၀ အချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
  • နိုဝင်ဘာလ(၁၄)ရက်နေ့ မွန်းလွဲ ၂း၀၀ အချိန်တွင် ဒေါ့ဖုန်းယန်မြို့နယ်၊ လုံဂျာကောင်ကျေးရွာ အနီးတွင် စကခ(၂၁) လက်အောက်ခံ စစ်ကြောင်းနှင့် KIA တပ်မဟာ(၅)တပ်ဖွဲ့များ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားရာ မြန်မာအစိုးရစစ်ကြောင်းမှ တပ်သား(၂၀)ခန့် ထိခိုက်သွားကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၄)ရက် ညနေ ၆ နာရီခွဲအချိန်တွင် ၀ိုင်းမော်မြို့နယ်၊ ဂန်ဒေါ်ယန်ကျေးရွာ အခြေစိုက် အမြောက်တပ်ရင်း(၃၆၇)တပ် မှ ၆၀ မမ၊ ၈၁ မမ စိန်ပြောင်းတို့ဖြင့် ဂျာထကျေးရွာသို့ (၁၀)ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၄)ရက်နေ့ မနက်ပိုင်းတွင် ကားမိုင်းမြို့နယ်၊ ဂေါ်ရီဒေသတွင် မြန်မာအစိုးရစစ်ကြောင်း နှင့် KIA တပ်ရင်း(၆)တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရစစ်တပ်ဖွဲ့ဝင်(၈)ဦး ကျဆုံးကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၄)ရက်နေ့ မနက်(၉)နာရီခန့်တွင် ခလရ(၇၄)၊ ခမရ(၃၄၇)တပ်ဖွဲ့နှင့် KIA တပ်ရင်း(၆) တပ်ဖွဲ့ တို့သည် ကားမိုင်းမြို့နယ်၊ နမ်ရှန်ကျေးရွာ နှင့် ဆောင်းခါကျေးရွာ ကြားတွင် တိုက်ပွဲဖြစ်ပွား ကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၃)ရက်နေ့ မနက်ပိုင်းတွင် စကခ(၂၁)လက်အောက်ခံ စစ်ကြောင်းအင်အား(၁၂၀)ခန့်နှင့် KIA တပ်မဟာ(၅)တပ်ဖွဲ့ဝင် တို့သည် ဒေါ့ဖုန်းယန်မြို့နယ်၊ နောင်ဖာဒေသတွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၃)ရက်နေ့ မွန်းလွဲ(၁)နာရီခန့်အချိန်တွင် ခလရ(၅၂)၊ (၈၉) တပ်ဖွဲ့နှင့် KIA တပ်ရင်း(၆) တပ်ဖွဲ့ တို့ ဖားကန့်မြို့အထွက် (၇)မိုင်စခန်းတွင် တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရတပ်ဖွဲ့ဝင်(၅)ဦး ထိခိုက်ကျဆုံးကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ကားမိုင်းမြို့နယ်၊ ဂေါ်လုယန်ကျေးရွာအနီး ခမရ(၃၁၈)တပ်ဖွဲ့ နှင့် KIA တပ်ရင်း(၆)တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။
  • နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ဆွမ်ပရာဘွမ် လမ်းကြောင်း မိုင်တိုင်(၆၅)တွင် တပ်မ(၃၃) လက်အောက်ခံတပ်ဖွဲ့ နှင့် KIA တပ်မဟာ(၁)တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားရာ အစိုးရစစ်တပ်ဖွဲ့ဝင်(၄)ဦး ကျဆုံးကြောင်း သိရှိရသည်။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .