Social Icons

Tuesday, November 13, 2012

အပစ်ရပ်ရေး၊ ဒေသဖွံ.ဖြိုးရေးနဲ. ကချင်ပြည်နယ်။

by John Htingnan အခုတလော Facebook ပေါ်မှာ တချို.လူတွေဒီလိုရေးကြတယ်။ “လက်နက်ကိုင်တပ်ဖွဲ.တွေအားလုံး အပစ်ရပ်ကုန်ပြီ၊ ငြိမ်းချမ်းရေးယူကုန်ကြပြီ။ ကချင်တွေ၊ ကေအိုင်အေတွေငြိမ်းချမ်းရေးမလိုချင်ဘူးလား၊ ဘာလို. အပစ်မရပ်တာလဲ၊ တိုက်ပွဲဖြစ်နေရင် ပြည်သူတွေပဲ ဒုက္ခရောက်တာမသိဘူးလား” စသည်ဖြင့်ပေါ့လေ။ ရုတ်တရက်ဖတ်ကြည့်လိုက်ရင် မှန်တော့ မှန်နေသလိုလိုပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် ဟုတ်သလိုလိုနဲ. မဟုတ်ဘူးဗျာ။ မဟုတ်ဘူးဆိုတာက ဒီလို။
လက်ရှိဖြစ်နေတဲ့ ပဋိပက္ခမှာ အစိုးရကလဲ ငြိမ်းချမ်းရေးပြောသလို၊ KIO/KIA  ဘက်ကလဲ ငြိမ်းချမ်းရေးလိုချင်တယ်လို.ပြောပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို. တခြားလက်နက်ကိုင်အဖွဲ.အစည်းတွေ အပစ်ရပ် (သို.မဟုတ်) ငြိမ်းချမ်းရေးလက်မှတ်ထိုးကြပေမဲ့ ဘာဖြစ်လို. KIO/KIA က လက်မှတ်မထိုးတာလဲ။ ဒါဆိုရင်ဖြင့် အစိုးရကပြောတဲ့ ငြိမ်းချမ်းရေးနဲ. ကေအိုင်အေကပြောတဲ့ ငြိမ်းချမ်းရေးကို နည်းနည်းလောက်လေ့လာကြည့်ရအောင်။ အစိုးရအနေနဲ. ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဟိုး အစပိုင်းက ချမှတ်ထားတဲ့ အဆင့်တွေဟာ အပစ်ရပ်မယ်၊ ဖွံ.ဖြိုးရေးလုပ်မယ်၊ နိုင်ငံရေးဆွေးနွေးမယ်ဆိုတာဖြစ်တယ်။ ကေအိုင်အေဘက်က ပြောတာက နိုင်ငံရေးအဖြေရှာကြမယ်၊ စစ်ရေးအရှန်လျှော့မယ် ဆိုတဲ့ သဘောနဲ.သွားပါတယ်။  ဒါဟာ ကွဲလွဲနေတဲ့သဘောတရားတချို.ဖြစ်ပါတယ်။
တခြားလက်နက်ကိုင်အဖွဲ.တွေ ဒီမူနဲ.သွားနေကြတာ အဆင်ပြေပါတယ်လို. စောဒက တက်ချင်သူများ ရှိနိုင်ပါတယ်။ ဒါကြောင့် ကျနော် အတိတ်က အကြောင်းလေးတွေကို နည်းနည်းလောက် ချပြပါရစေ။
 ၁၉၉၄-၂၀၁၁ အတွင်း ၁၇ နှစ်တာ အပစ်ရပ်ခဲ့ချိန်မှာ ဒေသဖွံ.ဖြိုးရေးခေါင်းစဉ်နဲ. ဒေသသယံဇာတတွေ အကုန်ထုတ်ရောင်းကြတယ်။ သစ်ထုတ်တော့ တောတွေပျောက်ကုန်တယ်၊ တောင်တွေ ကတုံးဖြစ်ကုန်တယ်။ ရွှေတူးတော့ တောတွေတောင်တွေပျက်ကုန်တယ်။ မြေဆီလွှာတွေ ပျက်စီးကုန်တယ်။ မြစ်ချောင်းတွေ ညစ်ညမ်းကုန်တယ်။ ကျောက်စိမ်းက တော့ အဆိုးဆုံးပေါ့။ ဖားကန်.ရဲ. အပစ်မရပ်ခင်ကာလနဲ. အပစ်ရပ်ပြီးကာလမြေပုံဟာလုံးဝကွာသွားပါပြီ။ တောင်တွေအကုန်ပျောက်သွားပြီး တောင်မှာရှိတဲ့မြေကြီးတွေကို ဥရုချောင်းထဲပစ်တော့နောက်ဆက်တွဲအနေနဲ. အခုတစ်နှစ်တစ်ခါ ဥရုချောင်းရေကြီးတာပေါ့။ လယ်ယာမြေတွေသိမ်းခံရတယ်။ စစ်တပ်က သိမ်းတာတစ်မျိုး၊ အစိုးရဘက်တော်သား စီးပွားရေးသမားတွေသိမ်းတာက တစ်မျိုးနဲ. ဧက သိန်းချီပြီး သိမ်းခံရတယ်။ အနီးဆုံး ဥပမာက ယုဇဏ ကုမ္ပဏီ နာမည်နဲ. ဟူးခေါင်းချိုင့်ဝှမ်းဒေသမှာ ဧက ၂ သိန်းကျော်သိမ်းယူထားတာပါပဲ။ နောက်ဆုံးကတော့ ချောင်းတွေမြစ်တွေကို ရောင်းစားတာပါ။ ရေအားလျှပ်စစ်ခေါင်းစဉ်နဲ. ဒေသခံတွေကန်.ကွက်တာကို လျစ်လျူရှူပြီး တရုတ်ကို လုပ်ကိုင်ခွင့်ပေးလိုက်တာတွေပေါ့။ နောက်ပြီး လုံခြုံရေးခေါင်းစဉ်နဲ. စစ်တပ်တွေတိုးလာတယ်။ စစ်တပ်တိုးလာတော့ စစ်တပ်နဲ. အတူ လူ.အခွင့်ရေးချိုးဖောက်မှုတွေ ရှိလာတယ်။ဒါဟာ အစိုးရရဲ. ဖွံ.ဖြိုးမှုခေါင်းစဉ်အောက်က နောက်ဆက်တွဲတွေပါ။ 
ဒါဆိုရင် အစိုးရက ဖွံ.ဖြိုးရေးဘာမှမလုပ်ဘူးလား။ ကျောင်းတွေမဆောက်ဘူးလား။ လမ်းတွေမဖောက်ဘူးလားလို.မေးလို.ရတယ်။ ဟုတ်ပါတယ်၊ အစိုးရအနေနဲ. ပညာရေး ကဏ္ဍမှာ ကျောင်းတွေဆောက်ပေးတယ်လို.ပြောလို.ရတယ်။  ဒါပေမဲ့ ဒီလိုတော့ရှိတယ်။ ကျောင်းတွေဆောက်ပေးတယ်။ ဒါပေမဲ့ ဆရာမရှိဘူး၊ သင်ထောက်ကူပစ္စည်းမရှိဘူး။ ကျောင်းသားတွေရဲ. လိုအပ်တဲ့ပစ္စည်းတွေ မထောက်ပံ့နိုင်ဘူး။ ထိုင်းနိုင်ငံလို ကျောင်းသားတစ်ယောက် tablet တစ်လုံးမပြောနဲ. ကျောင်းသားတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ ဘာသာစုံ ဖတ်စာ၊ ရေးစာအုပ်တောင်မရှိရှာဘူး။ ကချင်ပြည်နယ်မှာ အစိုးရကြောင့် တက္ကသိုလ်တွေ၊ ကောလိပ်တွေတိုးလာတယ်လို. ပြောချင်လဲ ပြောနိုင်တယ်။ ဒါပေမဲ့ တက္ကသိုလ်နဲ. ကောလိပ်ဆိုတာ နှစ်ထပ်၊ သုံးထပ်အဆောက်အဦးတွေဆောက်၊ တီဗွီမှာ ပြပြီး တက္ကသိုလ်ကြီးရှိလာပါပြီလုပ်နေတာ။ တက္ကသိုလ်တစ်ခုမှာရှိသင့်တဲ့ စာအုပ်၊ အထောက်အပံ့၊ ဘာမှမရှိဘူး။ တိုးလာတာ ဆိုလို. ဘိန်းစားပဲ။ ကချင်ပြည်နယ်မှာရှိတဲ့ တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာဘိန်းစားပဲတိုးလာပါတယ်။ ပညာတတ်တွေမတိုးလာပါဘူး။ တက္ကသိုလ်ကျောင်းသား၊ျကာင်းသူ အများစု ဘိန်းစားဖြစ်ကုန်တာပါ။ ဘိန်းဖြူရောင်းတဲ့ လက်ကားသမားကို မဖမ်းဘူး၊ လက်လီသမားကိုဖမ်းတယ်။ သုံးတဲ့သူတွေကို မသိချင်ယောင်ဆောင်ပြီး လွတ်ထားတယ်။ မူးယစ်ရဲတွေ စားပေါက်ရှာချင်မှ ဖမ်းတယ်။ ပိုက်ဆံနဲ. လိုက်ခိုင်းတယ်။ ပိုက်ဆံမရတဲ့သူတွေကိုထောင်တဲပို.တယ်။ ဒါဟာ အစိုးရအနေနဲ. ကချင်လူမျိုးတွေကိုတိုက်တဲ့ စစ်အေးတစ်မျိုးပါ။
ဘိန်းစားတွေတိုးလာလို. အစိုးရက NGO တွေကို ဖွံ.ဖြိုးရေးအတွက်လုပ်ခွင့်ပေးတယ်လို. ပြောချင်သူများရှိနိုင်ပါသေးတယ်။ မြစ်ကြီးနားမှ မူးယစ်တိုက်ဖျက်ရေးလုပ်တဲ့ NGO တွေရဲ.အလုပ်ကိုတစ်ခုလောက်ချပြပါရစေ။ အေအိုင်ဒီအက်စ်ပြန်.ပွားမှာ စိုးလို.ဆိုပြီး မူးယစ်ဆေးသုံးတဲ့သူတွေ အတွက် ဆေးထိုးအပ်တွေကို တက္ကသိုလ် နယ်မြေမှာ အခမဲ့ မြောက်မြားစွာ ထားပေးတယ်။ ဆေးထိုးအပ် ပစ်မဲ့နေရာတွေ ထားပေးတယ်။ ဒါဟာမကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင် ဆေးထိုးအပ်အလကားရနေမှတော့ ဘိန်းဖြူကို ထိုးသွင်းတဲ့ သူတွေ ဘာလိုသေးလို.လဲ။ ဆေးထိုးအပ်ကို ဆိုင်တွေမှာ ကြောက်ကြောက်လန်.လန်.နဲ. ဝယ်စရာမလိုတော့ဘူး။ မူးယစ်ဆေးသုံးတာကို လူသိမှာမပူရတော့ဘူး။ ဘိန်းဖြူလေး ဝယ်ထားလိုက်။ အလကားရတဲ့ ဆေးထိုးအပ်နဲ. ထိုးသွင်းလိုက်။ သုံးပြီးပစ်လိုက်။ နဲ. သိပ်ကိုလွယ်လွန်းသွားတယ်။ ဒါဟာ ဘိန်းဖြူသုံးတဲ့သူတွေကို ပိုမိုများပြားလာစေတယ်လို.ပဲ မြင်ပါတယ်။ (ကျနော့်ကို အစွန်းရောက်တယ်လို. မြင်လဲ မတတ်နိုင်ပါ။)
ဖွံ.ဖြိုးရေးခေါင်းစဉ်နဲ. ရွှေ၊ ကျောက်စိမ်း၊ သစ်တွေထုတ်ရောင်းနေပေမဲ့ ဒီနေ.ထိကချင်ပြည်နယ်လမ်းတွေကောင်းလာတယ်ကို မရှိပါဘူး။ လမ်းပန်းဆက်သွယ်ရေး ကိုပြောရမယ်ဆိုရင် ဖားကန်. ကျောက်စိမ်းတွေကို ကျောက်ပြပွဲကြီးလုပ်ပြီး ထုတ်ရောင်းနေပေမဲ့ မြစ်ကြီးနား-ဖားကန်.လမ်းတွေ ကောင်းလာတယ်ကို မရှိပါဘူး။ အရင်လဲ မကောင်းဘူး၊ အခုလဲ မကောင်းဘူး။ အပေါ်မှာ ကျနော်ရေးထားသလို ဖားကန်.ဒေသက တောင်တွေကုန်သွားတယ်ပဲရှိတယ်။ လမ်းက ဒုံရင်းပဲ။ တစ်ဖက်မှာ KIO/KIA က မြို.ပေါ် ဖွံ.ဖြိုးရေးလုပ်မယ်ဆိုကျပြန်တော့ လုပ်ခွင့်မပေးဘူး။ မြစ်ကြီးနား-လိုင်ဇာလမ်းကို KIO/KIA ပိုက်ဆံနဲ. ဂျိတ်လန်း ကုမ္ပဏီနာမည်ခံပြီးဖောက်ခဲ့တာပါ။ အခုလက်ရှိ မြစ်ကြီးနားမှာ ၂၄ နာရီမီးရတာဟာ KIO/KIA ရဲ. ဘူးဂါးလျှပ်စစ်ကုမ္ပဏီက ပေးနေတဲ့မီးဖြစ်ပါတယ်။ မြစ်ကြီးနား-ဗန်းမော်လမ်းဖောက်ခွင့်ပေးပါလို. KIO/KIA တောင်းဆိုတော့ မြို.ပေါ်ဖွံ.ဖြိုးရေးက အစိုးရတာဝန်ပါ။ အစိုးရတာဝန်ယူပါ့မယ်ပြောပေမဲ့ အခုထိလမ်းက ကောင်းလာတယ်ဆိုတာကိုမရှိဘူး။ မြစ်ကြီးနား-ပူတာအိုကားလမ်း ကောင်းလာတယ်မရှိဘူး။ ရွှေတွေ ဒလဟောထုတ်ခွင့်ပေး၊ ထုတ်ယူနေတဲ့ မြစ်ကြီးနား-တနိုင်းလမ်း လုံးဝ မကောင်းလာဘူး။ အရင်ကလဲ ဖုန်တထောင်းထောင်း၊ အခုလဲ ဖုန်တထောင်းထောင်းပါပဲ။
စီးပွားရေးနဲ. လူမှုရေးတော့ ပြောမနေနဲ.တော့ ဘာမှတိုးတက်လာတယ်ကိုမရှိဘူး။ ဟုတ်ပါတယ်၊ မြစ်ကြီးနားမှာ အရင်ထက် ကောင်းတဲ့တိုက်တွေများလာတယ်။ လှပတဲ့ ဆိုင်တွေ၊ ဆွဲဆောင်မှုရှိတဲ့ စားသောက်ဆိုင်တွေတိုးလာတာမှန်တယ်။ ဒါပေမဲ့ ဒါတွေကိုကြည့်ပြီး ကချင်ပြည်နယ်ကြီးတိုးတက်လာတယ်ပြောမရဘူး။ ဘာဖြစ်လို.လဲဆိုတော့ အဲ့လိုတိုက်တွေ၊ အိမ်တွေ၊ ဆိုင်တွေတိုးလာပေမဲ့ ဒေသခံကချင်လူမျိုးတွေနဲ. ကချင်ပြည်နယ်မှ ဗမာတိုင်းရင်းသားများအပါအဝင် အခြားတိုင်းရင်းသားတွေ ဘာမှမတိုးတက်လာပါဘူး။ တရုတ်တွေပိုချမ်းသာလာတာပဲရှိပါတယ်။ ဒါဟာ ၁၇ နှစ်တာ အပစ်ရပ်ကာလမှာ ဖြစ်ခဲ့တဲ့ အစိုးရရဲ. ဒေသဖွံ.ဖြိုးရေးလုပ်ငန်းစဉ်ကို နည်းနည်းလောက်သုံးသပ်ပြတာပါ။
၁၉၉၄ အပစ်ရပ်ကာလက်မှတ်ထိုးကြတုန်းက မူဝါဒဟာ အပစ်ရပ်မယ်၊ ဒေသဖွံ.ဖြိုးရေးလုပ်မယ်၊ နောက်တက်လာတဲ့ လူထုအစိုးရနဲ. နိုင်ငံရေးဆွေးနွေးမယ်ဆိုတာ ဖြစ်ပါတယ်။ အပစ်လဲ တကယ်ရပ်ခဲ့ပါတယ်။ ဒေသဖွံ.ဖြိုးရေးလဲ တကယ်လုပ်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးမယ်ဆိုပြီး KIO/KIA ဟာ ကချင်ပြည်သူတွေ တားတဲ့ကြားကနေ အမျိုးသားညီလာခံတက်ခဲ့ပါတယ်။ လိုချင်တဲ့ အချက်တွေတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ မှတ်တမ်းတင်ထားပါ့မယ်ဆိုတာနဲ.ပဲပြီးသွားပါတယ်။ နောက်ပြီး နိုင်ငံရေးဆွေးနွေးနိုင်ဖို. ရည်သန်ပြီး ၂၀၀၈ ဖွဲ.စည်းပုံအခြေခံ ဥပဒေကို လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ နောက်တက်လာတဲ့ အစိုးရနဲ.နိုင်ငံရေးဆွေးနွေးဖို. ဆိုတာကိုမရောက်ခင် Border Guard Force ဆိုတာကို လက်ခံဖို. ဖြစ်လာတယ်။ ဒါဟာ ၁၉၉၄ ခုနှစ်အပစ်ရပ်ကာလတုန်းက မပါတဲ့ အချက်ပါ။ KIO/KIA အနေနဲ. BGF ကို လက်မခံတော့ နောက်ဆုံးမှာ တိုက်ပွဲတွေပြန်ဖြစ်လာပါတယ်။
ဒါကတော့ ၁၉၉၄-၂၀၁၁ အတွင်း ၁၇ နှစ်တာ အပစ်ရပ်ကာလမှာ KIO/KIA နဲ. ကချင်လူမျိုးတွေကြုံတွေခဲ့တာဖြစ်ပါတယ်။ အစိုးရရဲ. မူသုံးချက်ကို ခါးသီးတဲ့ အတွေ.အကြုံနဲ. သင်ခန်းစာ ရလိုက်တာပါပဲ။ အခုလဲ အစိုးရအနေနဲ. နှစ်ဖက်ဆွေးနွေးပွဲ အစပိုင်းတုန်းက တင်သွင်းခဲ့တာ ဒီလိုမျိုးပါပဲ။ ဒီလိုမူဝါဒအတိုင်းသာဆိုရင်တော့ ကျနော်များ ကချင်တွေအနေနဲ. အပစ်ရပ်ဆိုတာကြီးကို ငြင်းဆန်ပြီး နိုင်ငံရေး အဖြေရှာဖို. ကြိုးစားနေတာဟာ မမှားဘူးလို. သုံးသပ်ပါတယ်။ နိုင်ငံရေး အဖြေရလာမှသာ အပစ်ရပ်တာဟာ အဓိပ္ပာယ်ရှိမှာဖြစ်ပြီး၊ နိုင်ငံရေး ပြသနာကို နိုင်ငံရေး အရ မဖြေရှင်းပဲ စစ်ရေး အရသာ ဖြေရှင်းဖို. ကြိုးစားနေရင်တော့ ငြိမ်းချမ်းရေး ဆိုတာ ကချင်ပြည်နယ် မှာ အခုလဲရမှာ မဟုတ်ပါဘူး၊ နောင်လဲရမှာ မဟုတ်ဘူးလို. သုံးသပ်လိုက်ရပါတယ်ခင်ဗျာ။

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .