ရွှေလီမှာနောက်ဆုံး
တွေ့ဆုံတဲ့အချိန်၊
ဗန်းမော်လမ်း - ဒေါ်ဖုန်းယန်
Bumsawnport မှာ၊
အမြှေက်ကြီးတပ်ပြီးပြီ။
ဗန်းမော်လမ်းမှာ -
အစိုးရတပ်မတော်သား
အသစ်စက်စက်များ၊
အပြည့်ထပ်ပို့ထားပြီးပြီ။
မြစ်ကြီးနားမှ ဧရာဝတီ
အရှေ့ဘက်ကမ်း ဝိုင်းမော်သို့
အစိုးရရဲဘော်များ
အပြည့်ကူးထားပြီးပြီ။
ပူတာအို - ဆွမ်ပရာဘွမ်သို့၊
တကူးတက
ရဲဘော်သစ်များအပြည့်
ပို့ထားနှင့်ပြီးပြီ။
ဖါးကန့်ထက်
ကျောက်စိမ်းမြေဘက်၊
သနားစရာရဲဘော်ကြီးငယ်၊
ပို့ထားရောပေါ့။
ထိုနည်းလည်းကောင်း၊
ပန်ဝါဘက်၊ ရှမ်းပြည်ဘက်
သိန်း နှစ်ဆယ်စီနဲ့
ရဲဘော်သစ်များ- ငှားထားရောပေါ့၊
တရက်ရက် - တချိန်ချိန်
ချိန်ကိုက်ပြီးတော့
အပြတ်ချေမုန်းတိုက်ခိုက်
စီမံကိန်းချနေတာပေါ့။
စိတ်ကူးမယဉ်စမ်းပါနဲ့မောင်!
အရင်တခါလဲ ဒီလိုဘဲ။
ဒီဘက်ကို စစ်ဆင်ရေးအကြီးစား
ပြင်ဆင်နေချိန်မှာ -
လုံးဝမမျော်မှန်းထားတဲ့၊
ရခိုင်မှာ - ဘာတွေဖြစ်လာလဲ?
အခုထိ ပြဿနာ ရှိနေဆဲ၊
ခေါင်းကိုက်ဆေးပဲနော်။
အခုလည်းမန္တလေးမှာဖြစ်ပြန်ပြီ။
မမျှော်လင့်တဲ့မြေငလျင်ကြီး၊
ကယ်ဆယ်ရေးအင်အား
အပြင်းအထန် လိုအပ်ပြီ။
သဘာဝဆိုတာဘာလဲ?
ထာဝရ ဘုရားသခင်
တန်ခိုးရှင်ပါဘဲ။
မတရားခြင်းကို မကြိုက်သူပေါ့။
ငါတို့ဆုတောင်းကြတယ်လေ။
မတရားစစ်ကို ခံနေကြရတယ်။
အလုံးအရင်း ပြင်ဆင်နေကြတယ်။
ကယ်တော်မူပါဘုရား!………လို့။
ဆောရီးနော်!
မနောမြေ - စိန်
¬ ကဗျာမဟုတ်သော စကားစု
တွေ့ဆုံတဲ့အချိန်၊
ဗန်းမော်လမ်း - ဒေါ်ဖုန်းယန်
Bumsawnport မှာ၊
အမြှေက်ကြီးတပ်ပြီးပြီ။
ဗန်းမော်လမ်းမှာ -
အစိုးရတပ်မတော်သား
အသစ်စက်စက်များ၊
အပြည့်ထပ်ပို့ထားပြီးပြီ။
မြစ်ကြီးနားမှ ဧရာဝတီ
အရှေ့ဘက်ကမ်း ဝိုင်းမော်သို့
အစိုးရရဲဘော်များ
အပြည့်ကူးထားပြီးပြီ။
ပူတာအို - ဆွမ်ပရာဘွမ်သို့၊
တကူးတက
ရဲဘော်သစ်များအပြည့်
ပို့ထားနှင့်ပြီးပြီ။
ဖါးကန့်ထက်
ကျောက်စိမ်းမြေဘက်၊
သနားစရာရဲဘော်ကြီးငယ်၊
ပို့ထားရောပေါ့။
ထိုနည်းလည်းကောင်း၊
ပန်ဝါဘက်၊ ရှမ်းပြည်ဘက်
သိန်း နှစ်ဆယ်စီနဲ့
ရဲဘော်သစ်များ- ငှားထားရောပေါ့၊
တရက်ရက် - တချိန်ချိန်
ချိန်ကိုက်ပြီးတော့
အပြတ်ချေမုန်းတိုက်ခိုက်
စီမံကိန်းချနေတာပေါ့။
စိတ်ကူးမယဉ်စမ်းပါနဲ့မောင်!
အရင်တခါလဲ ဒီလိုဘဲ။
ဒီဘက်ကို စစ်ဆင်ရေးအကြီးစား
ပြင်ဆင်နေချိန်မှာ -
လုံးဝမမျော်မှန်းထားတဲ့၊
ရခိုင်မှာ - ဘာတွေဖြစ်လာလဲ?
အခုထိ ပြဿနာ ရှိနေဆဲ၊
ခေါင်းကိုက်ဆေးပဲနော်။
အခုလည်းမန္တလေးမှာဖြစ်ပြန်ပြီ။
မမျှော်လင့်တဲ့မြေငလျင်ကြီး၊
ကယ်ဆယ်ရေးအင်အား
အပြင်းအထန် လိုအပ်ပြီ။
သဘာဝဆိုတာဘာလဲ?
ထာဝရ ဘုရားသခင်
တန်ခိုးရှင်ပါဘဲ။
မတရားခြင်းကို မကြိုက်သူပေါ့။
ငါတို့ဆုတောင်းကြတယ်လေ။
မတရားစစ်ကို ခံနေကြရတယ်။
အလုံးအရင်း ပြင်ဆင်နေကြတယ်။
ကယ်တော်မူပါဘုရား!………လို့။
ဆောရီးနော်!
မနောမြေ - စိန်
¬ ကဗျာမဟုတ်သော စကားစု
No comments:
Post a Comment