Social Icons

Friday, November 9, 2012

ပြည်ထောင်စု / တစ်ပြည်ထောင်စနစ်များ (ဖတ်ဖြစ်အောင်ဖတ်ပါ) [ ဒုတိယပိုင်း ]

             (ဒုတိယပိုင်း) လွပ်လပ်ရေးရလာပြီးဖြစ်သဖြင့် မြန်မာနိုင်ငံ၏အလံသည် အောက်ပါအတိုင်း ကြယ် (၅) လုံးသာရှိခဲ့ပါသည်။ မြန်မာပြည်သည်ယခင်က အလံမရှိခဲ့ပါ။ ၁၉၄၁ ခုနှစ်တွင် B.L.A (Bumer Independence Army) မြန်မာပြည်သို့ ၀င်လာချိန် ဒေဟါင်းအလံသာကိုင်စွဲခဲ့သည်။ ဆိုလိုသည်မှာ ယခင်ကမြန်မာပြည်ဟူသည်မရှိခဲ့သလို ပြည်ထောင်စုဆိုသည်လည်းမရှိခဲ့သဖြင့် အလံလဲမရှခဲ့ပါ။ ကြယ်ကြီး (၅) လုံး၏အဓိပပါယ်မှာ -
             (၁) ကချင်ပြည်ထောင်ကို ကိုယ်စားပြုသောကြယ်တစ်လုံး
             (၂) ရှမ်းပြည်ကို ကိုယ်စားပြုသောကြယ်တစ်လုံး
             (၃) ချင်းပြည်ကို ကိုယ်စားပြုသောကြယ်တစ်လုံး
             (၄) ကရင်နီ(ကယား)ကို ကိုယ်စားပြုသောကြယ်တစ်လုံး
             (၅) ဗမာပြည်ထောင်ကို ကိုယ်စားပြုသောကြယ်တစ်လုံးတို့ ဖြစ်ပါသည်။
             ၁၉၄၈ ခုနှစ်မှစ၍ မြန်မာပြည်ကို ပါလီမန်ဒီမိုကရေစီစနျစ်ဖြင့်အုပ်ချုပ်ခဲ့သည်။ သို့သော် ၁၉၄၇ ခုနှစ်ဖွဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပြဌန်းချက်များအတိုင်း ပြည်ထောင်စုစနစ်ကို အကောင်အထည်မဖော်နိုင်ခဲ့သဖြင့် ၁၉၅၈ ခုနှစ်တွင် ရှမ်းစော်ဘွားများဦးဆောင်ကာ ပြည်ထောင်စုမှခွဲထွက်ခွင့်တောင်းခဲ့ပါသည်။ ဤသို့တောင်းဆိုခြင်းမှာလည်း ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၀) တွင်ပြဌန်းထားချက်အရသာဖြစ်ပါသည်။
             သို့သော် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သောစစ်တပ်သည် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရဟုဆိုကာ ၀န်ကြီးချုပ်ဦးနုထံမှ အာဏာရယူကာ၊ ရွှေးကောက်ပွဲကျင်းပပေးမည်ဟုဆိုလာသည်။ (အမှန်မှာ အိမ်စောင့်အစိုးရ တာဝန်ရယူခြင်းသည်လည်း အာဏာသိမ်းခြင်းသာဖြစ်သည်။) ၁၉၆၀တွင် ရွှေးကောက်ပွဲပြုလုပ်ပေးရာ ဦးနု၏သန့်ရှင်းပါတီအနိုင်ရသည်။ ထိုမှစ၍ ရှမ်းစော်ဘွားများသည် ကိုယ်ပိုင်ပြဌာန်းခွင့် (ဖက်ဒရယ်) တောင်းခံရာ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သောစစ်တပ်မှ ဖက်ဒရယ်တောင်းခံခြင်းသည် မြန်မာပြည်မှခွဲထွက်ခြင်းဖြစ်သည်ဟု လိုရာဆွဲတွေးပြီး ၁၉၆၂ ခုနှစ်မတ်လ (၂)ရက်နေ့တွင်၊ အများမှဒီမိုကရေစီစနစ်အရရွှေးချယ်ထားသော အစိုးရ၏အာဏာကို လက်နက်ဖြင့်အကြမ်းဖက် အာဏာသိမ်းလိုက်သဖြင့် မြန်မာနိုင်ငံ၏သမိုင်းသည် ကြီးမားစွာသောဆုံးရှုံးမှုသို့ ကျရောက်ပြန်သည်။
            ဗိုလ်ချုပ်နေ၀င်းဦးဆောင်သောအာဏာသိမ်းစစ်တပ်သည် ၁၉၆၂ ခုနှစ် မှ ၁၉၇၄ ခုနှစ်အထိ ဥပဒေမဲအုပ်ချုပ်ခဲ့သည်။ အများသူငှာ၏ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကိုအတင်းအဓမ္မသိမ်းယူသည်။ မြန်မာပြည်သူပြည်သားများကိုမျက်စိဖွင့်ပေးသော သာသနာကျောင်းများကိုပြည်သူပိုင်ဟုဆိုကာသိမ်းယူသည်။ တိုင်းပြည်ကို (၁၂) နှစ်ကြာ ဥပဒေမဲ့အုပ်ချုပ်လာခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် မြန်မာပြည်ကို ဆိုရှယ်လစ်စနစ်ဖြင့်သွားမည်ဟုဆိုကာ၊ မဆလတစ်ပါတီထောင်ပြီး ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတဟ်ခုပြုလုပ်ကာ အုပ်ချုပ်ခဲ့သည်။ ၁၉၇၄ ဖွဲ့ စည်းပုံအရ မြန်မာပြည်၏အလံသည်တစ်မျိုးပြောင်းပြန်သည်ကို အောက်ပါအတိုင်းတွေ့ရသည်-
            ပုံတွေတွေ့ရသည့်အတိုင်းကြယ်ကြီး (၁၄) လုံးဖြစ်လာပြန်သည်။ ပြည်နယ် (၇)ခု တိုင်း(၇)ခုကို ကိယ်စားပြုသည်ဟုဆိုကာ အလယ်တွင်မူအလုပ်သမား၊ လယ်သမားကိုကိုယ်စားပြုသောစပါးနှံပုံနှင့် ပင်နယံတို့ထည့်သွင်းထားသည်။ ဗိုလိချုပ်နေ၀င်းသည်၎င်းကို၎င်း စစ်အ၀တ်အစားချွတ်ကာ အရပ်ဝတ်ဖြင့် သမ္မတဖြစ်လာပြန်သည်။ ဗိုလ်နေ၀င်း၏ (၂၆)နှစ်ကြာ မြန်မာပြည်ကိုအုပ်ချုပ်လာရာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ချွတ်ခြုံကျသွားပါသည်။ မြန်မာပြည်သည် ကမ္ဘာအဆင်းရဆြုံးတိုင်းပြည် (LCD-Least Developed Country) စာရင်းသို့ဝင်သွားခဲ့ပါသည်။
             ၁၉၈၈ ခုနှစ်တွင် ပြည်သူများ၏အထွေထွေမကျေနပ်မှုကြောင့် တိုက်ရိုက်ဒီမိုကရေစီ၏ပြယုဒ်တစ်ခုဖြစ်သော ပြည်သူတစ်ရပ်လုံး၏ဆန္ဒပြမှုကြောင့် ဦးနေ၀င်း၏ မဆလအစိုးရပြုတ်ကျသွားပါသည်။ ၎င်းနောက် န၀တတက်လာပြီး ၁၉၉၀ ခုနှစ်တွင်ရွှေးကောက်ပွဲပြုလုပ်ပေးရာ အမျိုးသားဒီမိုကရေစီ (NLD) မှမဲအပြတ်အသတ်ဖြင့်နိုင်ခဲ့သည်။ သို့သော်အာဏာလွဲပြောင်းပေးခြင်းမရှိဘဲ၊ ၁၉၉၃ ခုနှစ်မှ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲကာ ၂၀၀၈-ခုနှစ်အထိ (၁၅)နှစ်အချိန်ဆွဲခဲ့သည်။ ၂၀၀၈ ဖွဲ့ စည်းပုံဖြင့် ၂၀၁၀တွင်ရွှေးကောက်ပွဲလုပ်ခဲ့ပြီး ယခုထက်ထိလွှတ်တောများကျင်းပနေဆဲဖြစ်သည်။ ၂၀၀၈-ခုနှစ်ဖွဲ့ စည်းပုံအရ မြန်မာပြည်၏အလံမှာ အောက်ပါအတိုင်း တဖြစ်လဲပြန်သည်။
 ကြယ်အများကြီးမှကြယ်ကြီးတစ်လုံးထဲဖြစ်လာသော အဓိပပါယ်ကိုမူ စာဖတ်သူသာတွေးယူပါဟု။

(ရှေ့ နေ လဖိုင်ဇော်ဆမ် ၏ဆောင်းပါးမှကောက်နုတ်)
(KBC LABAU MAZING KOIMITI A  (8) lang na HKAW TSUN HPAWNG hta na Tara Kasa Lahpai Zau Sam [YGN] a gangau hpe bai kahtap garan dat ai re .)


            

No comments:

Post a Comment

shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .