ဒီဇင်ဘာလ(၂၅)ရက် ခရစ္စမတ်ညသန်းခေါင်အချိန်မှ ဒီဇင်ဘာလ(၂၆)ရက်
မွန်းလွဲ(၁)နာရီကြား ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်ရှိ အမြောက်တပ်ဖွဲ့က ၁၂၀
မမ (၃၀)ကြိမ် ၁၀၅ မမ (၂၀)ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ(၂၅)ရက် ညသန်းခေါင်အချိန်တွင် ဂန်ဒေါ်ယန်ရှိ အမြောက်တပ်ရင်း(၃၇၀) မှ နမ်ဆန်ယန်ဘက်သို့ ၁၀၅ မမ (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ(၂၆)ရက်နေ့ မနက်(၉)နာရီမှ (၁၂)နာရီကြား မန်တဲ(Man Sai)တွင် ရောက်ရှိနေသော တပ်ဖွဲ့က ၁၂၀ မမ ဖြင့် ခယါတောင်(Hka Ya Bum)ဘက်သို့ (၁၀)ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

No comments:
Post a Comment