တိုက်ပွဲဆက်လက်ဖြစ်ပွား
by MKA
- ဒီဇင်ဘာလ(၆)ရက်နေ့ မွန်းလွဲ(၁)နာရီမှ ညနေ(၆)နာရီခွဲအထိ ပန်ဝါဒေသ
နယ်ခြားအမှတ်(၅)နှင့် (၆)ကြား တွင် ခလရ(၂၆၀)၊ ခမရ(၁၃) အင်အား(၂၀၀)ခန့်
နှင့် KIA တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။မွန်းလွဲ(၃)နာရီ
(၄၀)မိနစ်ခန့်တွင် Mi-24 ရဟတ်ယာဉ်(၂)စီးဖြင့် ဝေဟင်မှ ဒုံးကျည်ဖြင့်
ဝင်ရောက်ပစ်ကူခဲ့ သည်။ လေကြောင်းမှ ပစ်ကူခဲ့ပြီးနောက်တွင် အစိုးရစစ်တပ်မှ
လက်နက်ကြီးများကို အရှိန်မြှင့် ပစ်ခတ်လာခဲ့ သည်။
- ၀ိုင်းမော်မြို့နယ် လန်န ရေတံခွန်(Lang Na Hka Rum)တွင် လှုပ်ရှားနေသော
တပ်မ(၈၈)လက်အောက်ခံ စလေမြို့အခြေစိုက် ခမရ(၄၁၆)တပ်ဖွဲ့နှင့် KIA
တပ်ရင်း(၃)တို့ ဒီဇင်ဘာလ(၆)ရက်နေ့ မနက်(၈)နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
- ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် ဆင်ဘိုအခြေစိုက်
ခလရ(၁၄၁)မှ တပ်ဖွဲ့ဝင်(၁၀)ဦး သည် ရွာသားများ၏ အိမ်မွေးတိရိစ္ဆာန်များကို
လိုက်ဖမ်းဆီးပစ်ခတ်နေစဉ် KIA တပ်ရင်း(၅)တပ်ဖွဲ့များနှင့် တွေ့ဆုံ၍
ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
No comments:
Post a Comment