ဒီဇင်ဘာလ(၁၈)ရက်နေ့
မနက်(၁၀)နာရီမှ မွန်းလွဲ(၂)နာရီကြား မြစ်ကြီးနား(၅၀၃)နန့်ပေါင်လေတပ်စခန်းမှ
စစ်ရဟတ်ယာဉ်ဖြင့် စကခ(၃)နည်းဗျူဟာ အခြေပြုသော လောရင်းရာဘာခြံသို့ လက်နက်၊
စားနပ်ရိက္ခာ တို့ကို (၈)ကြိမ် လာရောက်ပို့ဆောင်ပေးခဲ့သည်။ အပြန်တွင်
စကခ(၃)မှ ဒဏ်ရာရတပ်ဖွဲ့ဝင်များကို သယ်ဆောင်သွား ခဲ့ကြောင်း သိရှိရသည်။
မွန်းလွဲ(၃)နာရီမှ (၅)နာရီအတွင်းတွင် ယင်းရာဘာခြံသို့ ရဟတ်ယာဉ်(၃)စီးဖြင့် တပ်ဖွဲ့များကို ထပ်မံပို့ဆောင် ပေးခဲ့သည်။
လောရင်းရာဘာခြံတွင် အခြေချထားသော စကခ(၃)နည်းဗျူဟာသည် KIA ဗဟိုဌာနချုပ် ကို ထိုးစစ်ဆင်ရန် အဓိကတာဝန်ယူရသော စစ်စခန်းဖြစ်သည်။ ဒီ-၁၄ စစ်ဆင်ရေးစီမံချက်ကိုလည်း ယင်းဗျူဟာစခန်းမှ အနီးကပ် ညွှန်ကြားခဲ့သည်။ လဂျားယန်ဘက်သို့ စစ်ဆင်ရေး ထပ်မံဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

No comments:
Post a Comment